ပြင်သစ်ရဲ့ နာမည်ကြီး Fashion brand တစ်ခုဖြစ်တဲ့ “Longchamp” ဟာ “Pokémon” နဲ့ ပူးပေါင်းတင်ဆက်ထားတဲ့ collection ကို အောက်တိုဘာလ ၁၃ရက်နေ့မှာ စတင် မိတ်ဆက်ခဲ့ပါတယ်။ ဒီ Longchamp x Pokémon special capsule collection လေးမှာတော့ “Le Pilage” လို့ခေါ်တဲ့ Longchamp ရဲ့ အထင်ကရ အိတ်လေးကို “Pokémon” ရဲ့ “Pikachu” ဇာတ်ကောင်လေးနဲ့ ပေါင်းစပ်ထားတဲ့ ဒီဇိုင်းသစ်လေးကတော့ အတော်လေးကို လိုချင်စရာ ကောင်းလှပါတယ်။ ပြင်သစ်ရဲ့ ကျော့မော့လှပမှုကို ဂျပန်က ချစ်စရာ ကာတွန်းလေးနဲ့ ဖြည့်စွက်လိုက်တဲ့အခါမှာတော့ ထူးခြားတဲ့ ရသသစ်လေးကို ပေးနိုင်ခဲ့ပါတယ်။
Pikachu နဲ့အတူ ယူဆောင်လာတဲ့ ဒီ နှစ်သက်ဖွယ် အိတ်ဒီဇိုင်းလေးတွေကိုတော့ black and white LGP canvas ဒီဇိုင်း၊ လည်သာ ဖောင်းကြွ ဒိဇိုင်း( embossed leathered), numbered limited edition နဲ Longchamp ဂုဏ်ပြု အထိမ်းအမှတ်အဖြစ် အမည်းရောင် canvas ပေါ်မှာ ဂျော်ကီ ဆိုင်ကယ် ဦးထုတ် ဆောင်းထားတဲ့ Pikachu ဒီဇိုင်း စသဖြင့် version (4) ခု ပါဝင်ခဲ့ပါတယ်။
ကျော်ပိုးအိတ်($680)ကနေ ခရီးဆောင်အိတ်($1050)အထိ အိတ်အမျိုးအစားအမျိုးမျိုး ပါဝင်ပြီး ကီးချိန်း ၊ ပဝါ နဲ့ IPhone ကာဗာ အစရှိသော နေ့စဉ်ဘဝမှာ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့ အသုံးအဆောင်ပစ္စည်းလေးတွေပါ ရှိတာမို့ pikachu ပရိသတ်လေးတွေ အတွက် တကယ့်ကို ဝယ်သူသင့်တဲ့ collection လေးမို့ သတင်းကောင်း ပါးလိုက်ရပါတယ်။
LUSH X Thi’s Fashion Alliances Collaboration
References
- https://www.lifestyleasia.com/kl/sponsored/pikachu-fronts-the-longchamp-x-pokemon-collection-on-the-iconic-le-pliage-bags/?itm_source=parsely-api
- https://www.longchamp.com/us/en/longchamp-pokemon/