LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Cover StoryHEALTH & BEAUTY

L’Oréal Paris ရဲ့ Skin Care Products တွေအကြောင်း တစေ့တစောင်း

written by Lush Editor January 9, 2019
L’Oréal Paris ရဲ့ Skin Care Products တွေအကြောင်း တစေ့တစောင်း

အခုနောက်ပိုင်း Makeup တွေအပြင် Skin care ကိုလည်း ဂရုတစိုက်လုပ်လာကြပါပြီ။ တစ်ယောက်နဲ့တစ်ယောက်အသားအရေ အမျိုးအစားမတူတဲ့အတွက် Skin care ကို ကိုယ့်အသားအရေနဲ့လိုက်မယ့်ဟာမျိုး သေချာရွေးချယ်ပြီးမှ သုံးပေးဖို့တော့လိုပါတယ်။ Skin care products တွေ အများကြီးရှိတဲ့အထဲကနေမှ ဈေးလည်းအရမ်းမများဘဲ သုံးလို့အဆင်ပြေတဲ့ brand ကို LUSHer တို့အတွက် မျှဝေပေးချင်ပါတယ်။ ဒါကတော့တခြားမဟုတ်ပါဘူး အားလုံးလည်း သိပြီးသားဖြစ်မယ့် L’Oréal Paris ပါ။ သူက အခုနောက်ပိုင်း ယောကျာ်းလေးသုံးအတွက်ပါ ထုတ်လုပ်ထားတာကိုတွေ့ရပါတယ်။

အသားအရေအမျိုးအစားတွေမှာဆိုရင် ယေဘူယျအနေနဲ့ အဆီပြန်တဲ့သူ၊ အသားခြောက်တဲ့သူ၊ ပုံမှန်အသားအရေ၊ ပေါင်းစပ်အသားအရေ၊ ထိခိုက်လွယ်တဲ့အသားအရေဆိုပြီး ရှိပါတယ်။ ဒါဆိုရင် L’Oréal Paris ရဲ့ skin care products တွေထဲမှာရော ဘယ်လို skin type မျိုးတွေအတွက် ထုတ်လုပ်ပေးထားလည်း ဆိုတာ တစ်ချက်လောက် ကြည့်ကြည့်ရအောင်။

L’Oréal Paris မှာ Skin care products တော်တော်များများရှိတာကိုတွေ့ရပါတယ်။ ပထမဆုံးအနေနဲ့ အဆီပြန်တဲ့အသားရေပိုင်ရှင်တွေအတွက် အခုဆောင်းတွင်းနဲ့လည်း ကိုက်ညီမယ့်ဟာဆို L’Oréal Paris မှာ Hydrafresh အစိမ်းရောင် series ရှိပါတယ်။ သူက ရေဓာတ်ကိုလည်း ထိန်းပေးပြီး အဆီပြန်တာကိုလည်း ထိန်းပေးတဲ့အပြင် ဝက်ခြံတွေကိုပါ သက်သာစေနိုင်ပါတယ်။

နောက် အသားခြောက်တဲ့သူတွေအတွက်ဆိုရင်တော့ အခုရာသီဥတုက စိတ်ညစ်စရာအကောင်းဆုံးအချိန်တစ်ခုပါပဲ။ စာရေးသူကိုယ်တိုင်လည်း အသားအရမ်းခြောက်တဲ့ထဲမှာပါတော့ ဆောင်းရာသီရောက်မှာကို ကြောက်မိပါတယ်။ အသားခြောက်တဲ့သူတွေအနေနဲ့ သာမာန်အချိန်မှာ Skin care မသုံးဖြစ်ရင်တောင် ဒီအချိန်မှာတော့ skin care ကို အနည်းအကျဉ်းတော့သုံးပေးသင့်ပါတယ်။ L’Oréal Paris မှာ အသားခြောက်တဲ့သူတွေအတွက်ဆိုရင်တော့ Hydrafresh ပန်းရောင် series ရှိပါတယ်။ သူကလည်း ရေဓာတ်ကို ဖြည့်ပေးပြီး အသားအရေကိုကြည်လင်စေနိုင်ပါတယ်။ ဒါကြောင့် ရေဓာတ်ထိန်းသိမ်းချင်တဲ့ ပုံမှန်အသားအရေ ပိုင်ဆိုင်သူတွေလည်း သုံးလို့ရလောက်မှာပါ။

နောက်တစ်ခုကတော့ အသက် ၂၅ နှစ် နောက်ပိုင်း သုံးရမယ့် skin care လည်း L’Oréal Paris မှာ ရှိပါသေးတယ်။ သူကတော့ Revitalift Dermalift Skincare Series ပါ။ ဆေးမြင်းခွာရွက်နဲ့ ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။ သူက အသက် ၂၅ နှစ်နောက်ပိုင်း အသားအရေတင်းရင်းမှုလျော့နည်းလာပြီး အရေးအကြောင်းဖြစ်တာကို သက်သာစေနိုင်ပါတယ်။

ကဲဒါဆိုရင် ဈေးအရမ်းမများဘဲ အရည်အသွေးကောင်းတဲ့ skin care products မျိုးရှာနေတယ်ဆိုရင်တော့ L’Oréal Paris က မဆိုးဘူးလို့ထင်မိပါတယ်။ အခုပြောပြခဲ့တဲ့ အကြောင်းအရာလေးတွေက LUSHer တို့အတွက် အသုံးဝင်မယ်လို့လည်း မျှော်လင့်မိပါတယ်။

#may
#LUSHmagazineMyanmar #LUSHdaily #LUSHitRight

LUSH beautyLUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Lush Editor

previous post
A SWEET EXCESS
next post
LUSH Beauty Program – Less is more with Thiri Soe and Dee

Recommended

TEENY BOPPER

January 16, 2019

BE BOLD! DARE MORE

March 20, 2020

Body shaming လုပ်တဲ့သူတွေကို short film တခုနဲ့ တုံ့ပြန်ခဲ့တဲ့ Billie...

May 28, 2020

LUSH February 2019 Issue Cover Story BTS

February 12, 2019

University Student တွေအတွက် အချိန်ကုန်သက်သာပြီး ပြင်ဆင်ရလွယ်ကူတဲ့ French-Girl Makeup Look

June 10, 2019

LUSH January 2019 Issue Cover Story BTS

January 12, 2019

LUSH PICK August 2019| Beauty Curate

August 10, 2019

The High Flower

October 17, 2017

နောက်လဆန်းမှာ ထွက်ရှိလာတော့မယ့် Selena Gomez ရဲ့ Rare beauty

August 24, 2020

Find yourself in the social environment!

January 25, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem