LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
BALANCEBody & SoulLIFE

ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ လိုအပ်နေတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ

written by Orchid June 16, 2023
ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ လိုအပ်နေတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ

ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့ လိုအပ်နေတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ

ဘဝက တိုတိုလေးပါ။ အချိန်တိုင်းမှာ အသက်ဝင်နေမှသာ ဒီဘဝမှာ နေထိုင်ရတာ တန်ဖိုးရှိတာပါ။ ကိုယ်တိုင် ဘဝမှာ ဘယ်လိုရှင်သန်နေထိုင်နေလဲ။ ကိုယ့်ကိုယ်ကိုယ်နှင့် ကိုယ့်ဘဝကို ဘယ်လောက်တန်ဖိုးထားလဲ။ ဒီမေးခွန်းတွေကို လေးလေးနက်နက် စဉ်းစားပြီး ဖြေကြည့်ရမယ်။

  1. ကိုယ်တိုင် ချောင်ပိတ်မိနေတယ်လို့ ခံစားနေရတဲ့အခါ

ဒီလိုခံစားနေရပြီဆိုရင် အကူအညီလိုအပ်နေတယ်ဆိုတဲ့ သဘောပါ။ ကိုယ့်ရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ကိုယ့်မှာပဲ တာဝန်ရှိတယ်။ ကိုယ်တိုင် ကိုယ့်ရဲ့ဘဝမှာ ပိတ်မိနေတာတွေက လွတ်မြောက်ဖို့ဆိုရင် တခုခုစမ်းလုပ်ကြည့်ရမယ်။ ပိတ်မိနေတာရဲ့ အဓိက ပြဿနာက ရပ်တန့်နေခြင်း၊ မတိုးတက်ခြင်းပဲ။ ဒီအတိုင်းကြီး သတိလက်လွတ် ပေါ့ပေါ့ဆဆ မနေသင့်တော့ဘူး။ အပြောင်းအလဲ တခုခုလုပ်ပြီး နည်းလမ်းရှာကြည့်ရမယ်။

  1. ကိုယ် ရူးသွပ်တဲ့အရာတွေကို လုပ်ဖို့ အချိန်မရှိဘူးလို့ ထင်လာတဲ့အခါ

ဘဝမှာ ဘာမှ ရူးသွပ်တာ မရှိတဲ့သူဟာ နေရောင်ခြည်မရတဲ့ နေ့တနေ့လိုပါပဲ။ ရူးသွပ်တဲ့ အရာတွေကမှ ကိုယ်ဘယ်သူလဲဆိုတာကို ထင်ဟပ်စေတာပါ။ ရူးသွပ်တဲ့အရာတွေကမှ “ငါဘယ်သူ”ပါ ဆိုတာကို ပုံဖော်ပေးနေတာဖြစ်တယ်။ ကိုယ့်မှာ ရူးသွပ်မှု ရှိမနေဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် ဘဝမှာ ဘာဖြစ်လို့ ဖြစ်နေမှန်းမသိ၊ ဦးတည်ရာမရှိဖြစ်ပြီး အဓိပ္ပါယ်မဲ့နေတတ်ပါတယ်။ ကိုယ်တကယ် ရူးသွပ်တဲ့အရာတွေရှိပေမယ့်လည်း တနေ့တနေ့ စားဝတ်နေရေးအတွက် ရှာဖွေနေရတဲ့ ဘဝတွေမှာ အချိန်ပို မရှိကြပါဘူး။ ကိုယ့်အတွက် အဓိပ္ပါယ်ရှိတဲ့အရာတွေ မလုပ်ရတဲ့အခါ ဘဝကြီးက အဓိပ္ပါယ်မဲ့နေတတ်ပါတယ်။ ကိုယ်တိုင် ဒါကို နားလည်ပြီး ရူးသွပ်တာတွေအတွက် အချိန်နည်းနည်းစီ စပေးနိုင်ရမယ်။ တနေ့ နာရီဝက်လောက်ကနေ စတင်ပြီး အချိန်ပေးနိုင်အောင် ကြိုးစားကြည့်ရပါမယ်။

  1. မကောင်းတဲ့ အကျင့်တွေ ဆက်တိုက်လုပ်မိနေတဲ့အခါ

ကိုယ်တိုင်မကြိုက်တဲ့ အရာတွေ ကိုယ်လုပ်မိနေတယ်ဆိုရင် သတိထားပါ။ မကောင်းတဲ့ အကျင့်ဆိုတာ ဆေးစွဲသလိုပဲ စွဲလမ်းတတ်တဲ့ သဘောရှိပါတယ်။ စရတာ လွယ်သလောက် ဆုံးရအရမ်းခက်တာ။ ချက်ချင်းသိတာနဲ့ ပြောင်းလဲနိုင်အောင် ကြိုးစားရမယ်။ ကြာရင် အကျင့်ဆိုးကကိုယ့်ကို နိုင်သွားလိမ့်မယ်။ ဆန္ဒရှိရင် နည်းလမ်းက ရှိပြီးသားပါ။ ကိုယ်တိုင် ပြောင်းလဲချင်စိတ်ရှိဖို့ပဲ လိုအပ်တာ။

  1. ဘဝမှာ ရှေ့ဆက်ဖို့အင်အားတွေ ပျောက်ဆုံးနေတဲ့အခါ

လောကဓံနဲ့ ကြုံရတဲ့အခါ ဘဝမှာ ပြိုလဲကျတတ်ပါတယ်။ ဒါက အရမ်းအရေးကြီးတဲ့ အခြေအနေကို ရောက်နေတယ်လို့ ပြောလို့တယ်။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ကူညီကယ်ဆယ်ဖို့ လိုအပ်နေပြီဆိုတာ သိရမယ်။ ရှိသမျှအလုပ်တွေ မလုပ်တော့ပဲ လူရော၊ စိတ်ရော ခဏအနားပေးရမယ်။ စိတ်အင်အား၊ လူအင်အားရဖို့အတွက် သဘာဝတရားကြီးနဲ့ ထိတွေ့ရမယ်၊ စာဖတ်ရမယ်၊ခရီးထွက်ရမယ်၊ ဘာသာရေး လုပ်ရမယ်၊ တရားထိုင်ရမယ်၊ သူငယ်ချင်းတွေကို အချိန်ပေးရမယ်၊ မိသားစုနဲ့ နွေးနွေးထွေးထွေး နေရမယ်။ ဒီလိုမှမဟုတ်ရင် ကိုယ်တိုင် ကိုယ့်ဘဝကို ရှေ့မဆက်ချင်တော့ဘဲ ရပ်တန့်ပစ်ချင်တဲ့ အဆင့်ထိ ဖြစ်လာပါလိမ့်မယ်။

  1. ကိုယ်မကြိုက်တဲ့ပုံစံ ကိုယ်တိုင်ဖြစ်နေတဲ့အခါ

ကိုယ်တိုင် ချမှတ်ထားတဲ့ အဆင့်သတ်မှတ်ချက်တွေအောက်မှာ ကိုယ်ရောက်နေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ကယ်တင်ဖို့လိုအပ်နေပြီဆိုတဲ့ သတိပေးချက်တခုပါပဲ။ အရင်က ကိုယ်နဲ့ အခုကိုယ် လုံးဝမတူတော့လို ရှက်နေမိမယ်။ ဒါဆို အရမ်းကောင်းသွားပြီ။ လမ်းမှန်ပေါ် ပြန်ရောက်နေပြီလို့ ပြောလို့ရသွားပြီ။ အရင်ကကိုယ်ဖြစ်ဖို့ အရင်ကလုပ်ခဲ့တာတွေ ပြန်ကြိုးစားလုပ်ကိုင်ကြည့်ပါ။ အရင်တန်ဖိုးထားတဲ့အရာတွေကို ဂရုတစိုက်ပြန်ပြီး ပျိုးထောင်ပေးပါ။ကိုယ်ပျောက်ဆုံးသွားတဲ့အရာတွေကို ကိုယ့်ဆီမှာပဲ ပြန်ရှာဖွေပါ။ကိုယ်မကြိုက်တာတွေ တခုချင်းဆီ ရှင်းထုတ်ပါ။ ကိုယ်ကြိုက်တဲ့ ကိုယ်ဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် ကူညီပေးရမယ်။

  1. အချိန်တော်တော်များများမှာ အတွေးတွေ နယ်ကျွံနေမိတဲ့အခါ

စိတ်နဲ့ ကိုယ်နဲ့ မကပ်နေတာဟာ အတွေးတွေ များနေတာပါ။ တွေးရင်း ငေးရင်း အတွေးတွေ ကြားထဲမှာ ပိတ်မိနေတတ်ပါတယ်။

ဒီလို ဖြစ်နေပြီဆို အပြင်ထွက်ပြီး စိတ်အပြောင်းအလဲဖြစ်အောင် လုပ်ယူပါ။ အတိတ်က အကြောင်းအရာတွေကို ခဏတာ မေ့ထားလိုက်ပြီး အခုလက်ရှိအချိန်မှာ သတိလေးနဲ့ နေကြည့်၊ အနာဂတ်ကို မျှော်တွေးကြည့် ၊ ဖြစ်ချင်တာတွေ ပုံဖော်ကြည့်ရပါမယ်။ ကိုယ် မပြောင်းလဲနိုင်တဲ့ အတိတ်မှာ မနေထိုင်ပါနဲ့။ ဘဝမှာ တခါပဲနေရတာ။ ဘာလို့ အတွေးတွေကြားထဲမှာ နစ်မြုပ်နေမှာလဲ။ ကိုယ်ရထားတဲ့အရာတွေကို ကျေးဇူးတင်တတ်ရမယ်။ ဒီလို ကျေးဇူးတင်တတ်လေ ဘဝကြီးက နေလို့ပိုကောင်းလေပဲ။ ဒါကြောင့် အချိန်မဖြုန်းပါနဲ့ ။ ကိုယ့်ကိုယ်ကိုယ် အချိန်မီ ကယ်တင်နိုင်ဖို့ လိုအပ်ပါတယ်။

Body & SoulLifeLife Balance
1
Facebook Twitter Google + Pinterest
Orchid

previous post
Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။
next post
Pride Month ကျင်းပဖို့အတွက် Creative ဖြစ်တဲ့ Makeup Look များ

Recommended

ဆောင်းရာသီမှာ အသားရေဘယ်လိုထိန်းသိမ်းကြမလဲ။

November 21, 2018

Coolest Places For New Year Eve

December 23, 2019

TESLA, Driving the Future

April 10, 2020

Great Gatsby Styling

August 11, 2020

အရကျနာကတြာ သကျသာစဖေို့ ဘာလုပျကွမလဲ .. ?

August 31, 2023

Acting Legend Tom Hanks

January 1, 2020

ဂျပန်မှာဆူရှီဘယ်လိုစားကြမလဲ

September 6, 2019

Friendly Decos for Home and Environment

April 18, 2018

Selpink Collaboration

August 27, 2020

Famous Windows

July 13, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem