LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILYSOCIAL ETIQUETTE

Etiquette rules to follow when you’re dining at a restaurant

written by Eain Chu May 22, 2019
Etiquette rules to follow when you’re dining at a restaurant

စားသောက်ဆိုင်တစ်ဆိုင်မှာ Dinner သွားစားတော့မယ်ဆိုရင် ဒီလိုအချက်လေးတွေ သိထားဖို့လိုအပ်ပါတယ်။ ဒါကြောင့် LUSHers လေးတွေအတွက် ဘယ်လိုအချက်လေးတွေ လိုက်နာသင့်လည်းဆိုတာ မျှဝေပေးလိုက်ရပါတယ်။

၁။ ကိုယ်သွားမယ့် စားသောက်ဆိုင်ပေါ် မူတည်ပြီး ဝတ်ဆင်ရမယ့်အဝတ်အစားကို ရွေးချယ်ပါ။

ကိုယ်က ဘယ်လိုမျိုး စားသောက်ဆိုင်မှာ သွားပြီး စားမှာလည်း ဆိုတာ မူတည်ပြီး ကိုယ်ဝတ်ရမယ့်အဝတ်အစားကို ရွေးချယ်ဖို့လိုအပ်ပါတယ်။ Fancy စားသောက်ဆိုင်ကို သွားမယ်ဆိုရင် ပုံမှန်ဝတ်စားနေကျ Jeans နှင့် Shoes ကို ဝတ်စားတာထက် ပိုပြီး စမတ်ကျတဲ့အဝတ်အစားကို ရွေးချယ်ဝတ်ဆင်ပေးပါ။ Street Food အစားအသောက်ဆိုင်မှာ Formal အဝတ်အစားကြီးနဲ့သွားစားလိုက်မယ်ဆိုရင်ဖြင့် လူတိုင်းက ကြည့်နေမှာနော်။ ဘာလို့ ဒီလိုမျိုးဝတ်ရတာလဲဆိုပြီး အဲဒါကြောင့် ဆိုင်အခြေအနေပေါ်မူတည်ပြီး ဝတ်စားဆင်ယင်မှ လူကြားထဲမှာ မိမိုက်ပြီး ဂေါ်နေမှာပါ။


၂။ ကိုယ်တွေတူတူစားမယ့်သူငယ်ချင်းတွေ မရောက်လာသေးရင် စောင့်ပေးပါ။

ကိုယ်က Dinner ပွဲတစ်ခုခုတက်တယ်ဆိုပါတော့ ကိုယ့်ကိုဖိတ်ထားတဲ့သူ ရောက်မလာသေးရင် Reservation နေရာမှာ စောင့်စားပေးဖို့လိုပါတယ်။ ဒီဟာကလည်း လူကျင့်ဝတ်ထဲက တစ်ခုဖြစ်တဲ့အတွက် လူစုံမှ အဖွဲ့လိုက်စားမယ့်စားပွဲမှာ အားလုံး လူစုံတက်စုံ စားသောက်ကြတာ အကောင်းဆုံးကျင့်ဝတ်ပါပဲ။

၃။ စားသောက်စားပွဲမှာ ဖုန်းကို စားပွဲပေါ် မတင်ထားသင့်ပါဘူး။

စားသောက်နေချိန် စားပွဲပေါ်မှာ ကိုယ်ရဲ့ဘယ်ပစ္စည်းမှ မတင်ထားသင့်ပါဘူး။ တစ်ဖက်လူကို လေးစားရာ မရောက်သလို ကိုယ်က သူတို့ရဲ့ဖိတ်ကြားမှုကို အလေးမထားရာ ကျပါတယ်။ စားသောက်နေစဉ် Message ဖြစ်ဖြစ် Mail ဖြစ်ဖြစ် ဝင်လာခဲ့လျှင် စားသောက်ပြီးမှသာ Reply ပြန်ပေးပါ။ အကယ်၍ အရေးကြီးဖုန်းလာခဲ့လျှင် ဖုန်းပြောဖို့ခွင့်တောင်းပြီး အပြင်မှာ ထွက်ပြောပေးပါ။

၎။ ကိုယ်ရဲ့ လက်သုတ်ပဝါကို ပေါင်ပေါ်မှာ ထားပါ။

စားပွဲခုံမှာ ထိုင်ပြီးတာနဲ့ ကိုယ်ရှေ့မှာချထားတဲ့ လက်သုတ်ပဝါကို ပေါင်ပေါ်မှာ ခင်းပါ။ တကယ်လို့ ကိုယ်က တစ်စုံတစ်ယောက်နဲ့တူတူ business meal စားတယ်ဆိုရင် ကိုယ့်ကို စားဖို့ဖိတ်ခေါ်တဲ့သူ အရင်လက်သုတ်ပဝါ ပေါင်ပေါ်တင်ပြီးကို စောင့်ပြီးမှ ကိုယ့်ပေါင်ပေါ်ကို လက်သုတ်ပဝါတင်ပါ။ ကိုယ်က restroom အသုံးပြုဖို့လိုအပ်လာပြီဆိုရင် လက်သုတ်ပဝါကို ထိုင်ခုံပေါ်မှာတင်ပြီး ထသွားပါ။ အစားအသောက်တွေ စားလို့ပြီးသွားပြီဆိုရင်တော့ လက်သုတ်ပဝါကို စားပွဲပေါ်မှာ ပြန်တင်ပေးဖို့ မမေ့ပါနဲ့နော်။

၅။ လူစုံမှ စားသောက်မယ့်အစားအစာတွေကို စတင်စားပါ။

ကိုယ်နဲ့တူတူစားမယ့်သူငယ်ချင်းတွေ မလာသေးရင် စောင့်ပေးပြီး လူစုံမှ အစားအသောက်ကို စတင်စားသောက်နိုင်ပါတယ်။ တကယ်လို့ ကိုယ်မှာထားတဲ့အစားအစာက ရောက်လာပြီးကာမှ အရသာ အဟပ်အစပ်လိုလို့ ပြင်ရမယ်ဆိုရင်တော့ သူငယ်ချင်းတွေကို မစောင့်စေဘဲ စတင်စားသောက်ခိုင်းလိုက်ပါ။

၆။ Waiter ကို ထိုင်နေရာကနေ အော်ပြီးမခေါ်ပါနဲ့။

ကိုယ်က စားသောက်နေရင်း တစ်ခုခုလိုအပ်ပြီဆိုရင် Waiter လို့အော်ခေါ်မယ့်အစား Waiter ရှိတဲ့နေရာကို လှမ်းကြည့်ပြီး မျက်လုံးချင်းဆုံအောင် ကြည့်ပြီး ကိုယ့်စားပွဲဆီကို ခေါ်နိုင်ပါတယ်။ အကယ်၍ waiter က ကိုယ်ခေါ်နေတာကို မသိဘုးဆိုရင် သူတို့ရှိတဲ့ဘက်ကို မျက်နှာမူပြီး လက်ထောင် အချက်ပြကာ ခေါ်နိုင်ပါတယ်။

၇။ စားသောက်ဆိုင်မှာရှိတဲ့ ဝန်ထမ်းတွေကို အလေးထားဆက်ဆံပေးပါ။

ဘယ်နေရာမှာဖြစ်ဖြစ် စားသုံးသူတွေအတွက် လိုလေသေးမရှိ မေးလာတဲ့ အကူအညီတွေကို ကူပေးနိုင်တာ ဆိုင်ရှိ ဝန်ထမ်းတွေပဲဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို မချေမငံဆက်ဆံတာ မလုပ်သင့်ပါဘူး။ ကိုယ်မှာလိုက်တဲ့ အစားအသောက်မှာ အမှားအယွင်းပါလာခဲ့ရင်တောင် ဒီဟာက အစားအသောက်ကို သယ်လာပေးတဲ့ ဝန်ထမ်းမှာ အပြစ်မရှိပါဘူး။ ကိုယ်ဘက်ကနေဖြစ်စေချင်တာကို သူတို့ကနေတဆင့်ပြောပြပြီး အကူအညီတောင်းနိုင်ပါတယ်။

၈။ ဝိုင်ခွက်ကို ကိုင်တဲ့အချိန် Stem ကနေ ကိုင်ပေးပါ။

တကယ်လို့ ကိုယ်ကဝိုင်မသောက်တတ်တဲ့သူဆိုရင်တော့ ခွက်ကို ဆိုင်ကမှောက်ထားတဲ့အတိုင်း ထားထားပေးပါ။  ကိုယ်နဲ့ဝေးဝေးမှာ ခွက်ကို ညင်ညင်သာသာလေး ဆွဲပြီးထားလိုက်ပါ။ ဝိုင်သောက်တတ်တဲ့သူ ဆိုရင်တော့ ဝိုင်ခွက် Stem ကနေ ကိုင်ပြီး အသာလေး ခွက်ကိုလှုပ်ပြီး သောက်နိုင်ပါတယ်။ တစ်ခါတည်း တစ်ကျိုက်တည်း ခွက်ထဲထည့်ထားတဲ့ဝိုင်ကို အကုန်မသောက်မိစေဖို့တော့ သတိထားရပါမယ်။

၉။ စားသောက်ပြီး ၁၅ မိနစ်လောက်ကြာရင် ဆိုင်ကနေ ထွက်ခွာဖို့ပြင်ပါ။

ကိုယ်က ဒီစားသောက်ဆိုင်မှာ စားပြီး နောက်တစ်နေရာ ထပ်သွားချင်သေးတယ်ဆိုရင် ဒီနေရာမှာ ကျသင့်ငွေကို ရှင်းလင်းပြီး ၁၅ မိနစ် အကြာမှာ ဆိုင်ကနေ ထွက်ခွာမယ်ဆို ကိုယ့်စားပွဲမှာ စားဖို့စောင့်နေတဲ့သူတွေလည်း အကြာကြီးမစောင့်ဆိုင်းရတော့ဘူးပေါ့။

၁၀။ ကိုယ်က ကျသင့်ငွေရှင်းတော့မယ်ဆိုရင် Waiter ကို ကြိုပြောထားပေးပါ။

ကျသင့်ငွေရှင်းတဲ့နေရာမှာ ကိုယ်ကပဲ အကုန်လုံးအတွက် စုရှင်းမှာလား၊ ဒါမှမဟုတ် ကိုယ်စားထားတဲ့အစားအစာကိုပဲ ရှင်းမှာလားဆိုတာ ကြိုတင်ဆုံးဖြတ်ထားဖို့ လိုအပ်ပါတယ်နော်။ Bill ရောက်လာမှ သူပေးမယ် ငါပေးမယ် ငါစားတာ ဒီဟာ ဘယ်လောက်ကျလဲဆိုပြီး Waiter ကိုမေးမယ်ဆိုရင်တော့ အချိန်လည်း နှောင့်နှေးနိုင်စေသလို Waiter အတွက်လည်း Bill တွက်ပေးရာမှာ အခက်အခဲတွေ့စေနိုင်ပါတယ်။

နောက်ဆုံးတစ်ခုအနေနဲ့ကတော့ waiter ကို tip money အနည်းငယ်ပေးဖို့ပါ။ ပုံမှန်ဆိုရင်တော့ Service Charges ကောက်တဲ့ စားသောက်ဆိုင်တွေရှိပေမယ့် tip money ပေး မပေး ကတော့ ကိုယ့်အပေါ်မူတည်ပါတယ်။

အခုလို အခြေခံသိထားသင့်တဲ့ အချက်အလက်တွေကိုလည်း ပြောပြပြီးသွားပြီဆိုတော့ မသိသေးတဲ့သူတွေကိုလည်း ဝေမျှပေးလိုက်ကြရအောင်။

Editor: Eain Chu

LUSH DAILYLUSH Magazine MyanmarLUSH May 2019LUSH social etiquette
0
Facebook Twitter Google + Pinterest
Eain Chu

previous post
WHAT SHE NEEDS
next post
Rihanna ရဲ့ Brand အသစ် “FENTY” ရဲ့ First Collection ပွဲဦးထွက် ပုံရိပ်များ

Recommended

Burberry Christmas Campaign Video

November 16, 2018

လူအများစိတ်ဝင်စားမှုကို ခံနေရတဲ့ တကယ့်လူမဟုတ်တဲ့ CG မော်ဒယ်လေး Imma

January 23, 2019

Best Fashion Looks of MTV Video Music Awards...

August 27, 2019

Tips and Tricks to Make Your Room Look...

June 4, 2020

Marvel Phase 4: The Eternals မှာ သရုပ်ဆောင်မယ့် တောင်ကိုးရီးယားမင်းသား...

July 26, 2019

The More That Meets The Eye 

July 8, 2020

Tiffany & Co ကို USD $16.2 Billion နဲ့...

November 27, 2019

မင်္ဂလာဆောင်ဖို့စီစဉ်ထားတဲ့သူတွေ သွားသင့်တဲ့ပွဲတစ်ခု (သို့) Say “Yes” at Chatrium

March 7, 2020

Preserving your Memories through Scrapbooking

June 11, 2020

Chanel ရဲ့ Creative Director နေရာကို ဆက်ခံမယ့် Virginie Viard

February 21, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem