LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIFE

လူသားတွေဟာ အရောင်အသွေးစုံလင်စွာ ဖြစ်တည်နေတာပါ။

written by Lush Editor June 30, 2023
လူသားတွေဟာ အရောင်အသွေးစုံလင်စွာ ဖြစ်တည်နေတာပါ။

အခု ဇွန်လ တစ်လလုံးဟာ လူသားတွေရဲ့ ဖြစ်တည်မှုတိုင်းကို တန်ဖိုးထားတတ်ဖို့ ဂုဏ်ပြုကြတဲ့ Pride Month ဖြစ်ပါတယ်။

ကျွန်တော်တို့ လူသားတွေဟာ ပညတ်ချက်၊ ကန့်သတ်ချက်၊ ရှေးထုံးတွေနှင့် အတူ ကြီးပြင်းလာရလေ့ရှိပါတယ်။ မတူညီတဲ့ အယူအဆတွေနှင့် ထိန်းချုပ်ကန့်သတ်မှုတွေကို အဓိက ခါးစည်းခံရလေ့ရှိတာကတော့ LGBTQ+ Community ပဲ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ လူကို လူလို့ပဲ မြင်တတ်တဲ့ လူ့ဘောင် အဖွဲ့အစည်းတစ်ခု အဖြစ် ပုံဖော်လာကြပေမယ့် ရှင်းပြရခက်တဲ့ အကြောင်းအရာ၊ နားလည်ရခက်တဲ့ ဖြေရှင်းချက်တွေ ရှိနေပါသေးတယ်။

ကျွန်တော်တို့ဟာ LGBTQ+ Community ကို သေချာနားလည်တတ်စေဖို့ “SOGIESC” ဆိုတဲ့ စကားရပ်ကို နားလည်ကြဖို့ လိုအပ်ပါတယ်။

ကျွန်တော်ပြောတဲ့ “SOGIESC” ဆိုတာကတော့

Sexual Orientation (လိင်စိတ်တိမ်းညွှတ်မှု)၊

Gender Identity (လိင်ခံယူမှု)၊

Gender Expression (လိင်ဖော်ပြမှု) နှင့်

Sexual Characteristics (မွေးရာပါ လိင်လက္ခဏာ) တွေပါ။

Sexual Characteristics ( မွေးရာပါ လိင်လက္ခဏာ)

ကျွန်တော် ပထမဆုံး ပြောပြချင်တာကတော့ “SOGIESC” ဆိုတဲ့ စကားရပ်က SC ဆိုတာ Sexual Characteristics (မွေးရာပါ လိင်လက္ခဏာ) ကို ကိုယ်စားပြုတာပါ။ ကျွန်တော်တို့ လူသားတွေရဲ့ မွေးကတည်းက ပါလာတဲ့ လိင်အင်္ဂါအစိတ်အပိုင်းပေါ် မူတည်ပြီး ယောင်္ကျား၊ မိန်းမ စသည်ဖြင့် သတ်မှတ်ကြတဲ့ လိင်ပိုင်းဆိုင်ရာ ဖြစ်တည်မှုတစ်ခုပါ။

 

Sexual Orientation (လိင်စိတ်တိမ်းညွှတ်မှု)

Sexual Orientation (လိင်စိတ်တိမ်းညွှတ်မှု) ဆိုတာကတော့ လူတစ်ဦးချင်းစီရဲ့ အတွင်းစိတ်မှာရှိတဲ့ လိင်ပိုင်းဆိုင်ရာ နှိုးဆော်မှုလို့ ပြောရမှာပေါ့။ လူတွေကို လိင်တူဖြစ်စေ၊ လိင်ကွဲဖြစ်စေ၊ လိင်တူလိင်ကွဲ နှစ်မျိုးစလုံးကို ဖြစ်စေ တိမ်းညွှတ်မှု၊ ဆွဲဆောင်မှု ရှိနေနိုင်ပါတယ်။

လိင်စိတ်တိမ်းညွှတ်မှုနှင့် ပတ်သက်လာလို့ရှိရင် လူတစ်ချို့က ငယ်ရွယ်စဉ်ကတည်းက မိမိဘာသာ သိပြီး ခံယူကြပေမယ့် တစ်ချို့တွေကျ မကွဲမပြားရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ အတွင်းစိတ် လိင်တိမ်းညွှတ်မှုဆိုတာ သူသာ သိနိုင်ပြီး ခံယူရတဲ့ အရာတစ်ခု ဖြစ်တာမို့ ဒီအချက်နှင့် ပတ်သက်လို့ အတင်းအဓမ္မ မခိုင်းစေသင့်ပါဘူး။

Gender Identity (လိင်ခံယူမှု)

လူတစ်ယောက်ရဲ့ လိင်ပိုင်းဆိုင်ရာ ခံယူချက်ဆိုတာ ထိုသူ တစ်ဦးတစ်ယောက်တည်းနှင့်သာ သက်ဆိုင်တဲ့အရာဖြစ်ပြီး အဲဒီနေရာမှာ မတူကွဲပြားတာတွေ အများကြီး တွေ့နိုင်ပါတယ်။ လိင်တူသဘောကျသော်ငြားလည်း မိမိကိုယ်ကိုယ် ဆန့်ကျင်ဘက်လိင်အဖြစ် ပြောင်းလဲခံယူနေထိုင်ကြသူရှိသလို နဂိုမူလလိင်ကိုသာ ခံယူနေထိုင်ကြသူလည်းရှိပါတယ်။

ဒါ့အပြင် မိမိကိုယ်ကိုယ် မည်သသည့်လိင်အဖြစ်မှ ခံယူထားခြင်း မရှိသူတွေပါ ဒီကဏ္ဍအောက်မှာ တွေ့ရနိုင်တာမို့လိင်ခံယူမှုကို ပြောပြရမယ်ဆို ကျယ်ပြန့်လှပါတယ်။

 

Gender Expression (လိင်ဖော်ပြမှု)

လူတစ်ယောက်ရဲ့ လိင်ဖော်ပြမှုဆိုတာကတော့ Sexual Characteristics ပြီးရင် မြင်သာထင်သာရှိတဲ့ အရာတစ်ခုလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ လူအများရဲ့ အမြင်မှာ ထင်သာမြင်သာရှိသလို ဝတ်ဆင်ဖော်ပြနေထိုင်ခြင်းကို ဆိုလိုပါတယ်။

လိင်စိတ်တိမ်းညွှတ်မှုနှင့် လိင်ဖော်ပြမှုက မတူညီတဲ့ အချက်တွေဆိုတာ သိမြင်ရမှာပါ။ ဒါကြောင့် လိင်တူသဘောကျတဲ့သူတိုင်း ဆန့်ကျင်ဘက်လိင်အဖြစ် ပြောင်းလဲနေထိုင်ကြမှာ မဟုတ်ပါဘူး ဆိုတာ သတိပြုရမှာပါ။

တကယ်တော့ ကျွန်တော် ရေးပြထားတဲ့ “SOGIESC” ဆိုတာ ဒီထက်မက အများကြီး ကျယ်ပြန့်လှပါတယ်။ ဒါ့အတွက်ကြောင့် ကျွန်တော်ကအမြဲ လူကို လူလို့သာ မြင်တဲ့ လူ့ဘောင်အဖွဲ့အစည်းသာ ဖြစ်စေချင်တယ်လို့ အမြဲပြောလေ့ရှိတာပါ။

ကျွန်တော်တို့ လူသားတွေအကုန်လုံးဟာ လူပီသစွာ ကိုယ့်ရဲ့ ဝါသနာ၊ လုပ်ရည်ကိုင်ရည်နှင့် ပါရမီအတိုင်းသာရှင်သန်နေထိုင်ခွင့် ရသင့်ပါတယ်။ ကျွန်တော်တို့ လောကကြီးမှာ လူသားတိုင်းဟာ ခွဲခြားဆက်ဆံခြင်းမခံရပဲအရောင်အသွေးစုံလင်စွာ တောက်ပနေဖို့သာ လိုအပ်တယ် မဟုတ်ပါသလား ခင်ဗျာ့ …။

ဒေါက်တာ ထူးကိုကို

LGBTQIA+LifeStyleLUSHPride MonthPride Month 2023
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Pride Month ကို ကျင်းပလို့ရမယ့် Fashion အပြင်အဆင်တွေ
next post
ခွဲစိတ်စရာမလိုပဲ အရွယ်တင်နုပျိုဖို့ဆိုရင်

Recommended

အမေဇုံကို ကယ်တင်ပါ။

August 26, 2019

Virtual Tour of National Parks and Attractions

May 29, 2020

BACHELOR’S BEDROOM

June 12, 2018

စိတ်ဓါတ်ခိုင်မာသူတွေမှာ တွေ့ရတဲ့ စိတ်နေစိတ်ထား (၈) ချက်

March 22, 2023

Life and Nutrition

April 10, 2020

စိတ်အပန်းပြေစေခြင်း အနုပညာ

June 4, 2020

အံ့ဩဖွယ်ဖြစ်ရပ်လေးတစ်ခု (ဘာသာပြန်ရသ)

July 14, 2023

Ladies’ Luxe Ride

May 21, 2018

Idol Of K-Pop 

July 16, 2018

Do’s and Don’ts for Wedding Guest in MYANMAR

November 29, 2018

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem