words by a el ti:
english translated by Oakkar Thin
ႏွစ္သစ်ကူးအကြိုညကို ကမ္ဘာတစ်ဝှမ်းလုံးရဲ့ မြို့ရော ကျေးလက်မကျန် ပါတီတွေလုပ်၊ ပျော်ပွဲရွှင်ပွဲတွေပြုလုပ်ပြီး နှစ်သစ်ကိုကြိုဆိုကြလေ့ရှိပါတယ်။ အခုလထုတ် ကျွန်တော်တို့ရဲ့ LUSH Travel Section ကနေ New Year’s eve အတွက် ဘယ်ကိုသွားရမယ်မသိဘဲ ဘာမှ Plan မရှိသေးတဲ့ LUSHer တို့အတွက် ကမ္ဘာပေါ်က New Year’s eve night ကို ခမ်းနားကြီးကျယ်စွာနဲ့လုပ်ကြမယ့် Luxury နေရာလေးတွေတချို့ကိုမျှဝေချင်ပါတယ်။ အရင်တုန်းကထက် ဒီခုနှစ်ပိုင်းတွေမှာ New Year’s eve countdown night တွေဟာ ပိုပြီးတွင်ကျယ်လာပါ တယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း မျိုးစုံသော countdown Party တွေကို ရွေးချယ်ခွင့်ရလာပါတယ်။ ကမ္ဘာပေါ်မှာလည်း နိုင်ငံတိုင်း မြို့တိုင်းမှာ ဒီလို New Year’s eve countdown Party တွေရှိပေမယ့်လည်း အဲဒီအားလုံးထဲကမှာ အခုဖော်ပြပေးလိုက်တဲ့ အမိုက်ဆုံးဆိုတဲ့နေရာတွေကို အတွေ့အကြုံသွားယူဖို့တိုက်တွန်း ပါရစေ။ ခရီးသွားဟန်လွဲ မဟုတ်ဘဲတကယ်ကို New Year’s eve ရဲ့ အနှစ်သာရအပြည့်နဲ့ ပျော်ရွှင်မှုအပြည့်ကို ခံစားရစေမှာပါ။ ဆိုတော့ စလိုက်ရအောင်
New Year’s Eve is normally celebrated by throwing parties at every corner of the world. We would like to share the LUSHers without any ideas of where to go and how to enjoy the New Year’s Eve with the Luxurious places around the world to celebrate in our LUSH Travel Section. The New Year’s Eve countdown nights become more popular lately. In Myanmar, we can also choose from various countdown parties. There are many places for New Year’s Eve countdown party in every city, every country in the world. However, let us share some coolest places for you to experience. Not by chance, but by intention, you can enjoy the New Year’s Eve with much fun. So, let’s get started.
Reykjavik, Iceland
အရမ်းလှပြီး အံ့သြစရာကောင်းတဲ့နိုင်ငံပေါ့။ Iceland ကိုအဓိပ္ပာယ်ဖွင့်ဆိုကြတဲ့နေရာမှာ ကျွန်တော်အကြိုက်ဆုံး တစ်ခုကတော့ the land of fire and ice တဲ့။ တကယ်ပြီးပြည့်စုံတဲ့ဖွင့်ဆိုချက်ပါပဲ။ အရမ်းကိုအဆင့်အတန်း မြင့်တဲ့နိုင်ငံဖြစ်ပြီးတော့ ကမ္ဘာ့လုံခြုံမှုအရှိဆုံးနိုင်ငံမှာ ထိပ်ဆုံးကရပ်တည်နေတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်လို့ လုံးဝကိုပဲစိတ်ချလက်ချသွားနိုင်ငံနိုင်ငံလေးပေါ့ဗျာ။ နောက်တစ်ချက်က Iceland ဆိုတာ over-tourism နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ Iceland နိုင်ငံသားလူဦးရေထက် ခရီးသွားဧည့်သည်တွေပိုများတဲ့နိုင်ငံတစ်ခု လည်းဖြစ်ပါတယ်။ Iceland နိုင်ငံရဲ့ နှစ်သစ်ကူးညဟာ ကမ္ဘာကျော်ပြီး စည်ကားသိုက်မြိုက်လွန်းလှတဲ့ညတစ်ည လည်းဖြစ်ပါတယ်။ ဒီနှစ်သစ်ကူးညမှာ ပစ်ဖောက်မယ့် fireworks တွေကိုတော့ ICE STAR ဆိုတဲ့ the national search-and-rescue ကနေ ရောင်းချပေးတာဖြစ်ပါတယ်။ ကောင်းကင်ထက်မှာ ရာနဲ့ထောင်နဲ့ချီတဲ့ The Icelandic capital’s midnight fireworks တွေများစွာပေါက်ကွဲနေတာကိုကြည့်မြင်ရတဲ့မြင်ကွင်းဟာ တကယ် ကိုအံ့မခန်းမြင်ကွင်းပါပဲ။ ပြီးတော့ ဆိပ်ကမ်းမှာကပ်နေတဲ့သဘောၤတွေကလည်း bell တွေတီး၊ ဥသြတွေဆွဲပြီး နှစ်သစ်ကိုကြိုဆိုကြပါတယ်။ ကမ္ဘာ့ပျော်စရာအကောင်းဆုံးနဲ့အံ့သြမင်သက်ဖွယ်ရာ နှစ်ကူးညမြင်ကွင်းမှာ Iceland မြို့တော် Reykjavik လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပြီးတော့ ဆောင်းရာသီလည်းဖြစ်နေတော့ Aurora လည်းတွေ့မြင်ရနိုင်ပါတယ်။
It is a tremendous country. My favorite part in defining the meaning of Iceland is that it is the land of fire and ice, a complete definition. You can visit Iceland without worry, as it is a very high standard and stands top of the world’s safest countries. Another thing is that Iceland is an over-tourism country since it has more tourists than its citizens. New Year’s Eve in Iceland is very famous and prosperous. ICE STAR, the national search-and-rescue, sells the fireworks, which will be ignited at night. Enjoying the thousands of Icelandic capital’s midnight firework explosion is so amazing. And the boats from harbor toll the bells and sound the siren. Reykjavik is one of the most exciting and amazing cities in the world. You can also see the Aurora as it is wintertime.
New York, USA
ဒီနေရာမှာ လုံးဝချန်လှပ်ထားခဲ့လို့မရတဲ့ မြို့တစ်မြို့ပေါ့။ New York ရဲ့ နှစ်သစ်ကူးအကြိုညဟာ ဘယ်လောက် ရင်ခုန်စရာကောင်းလဲဆိုတာကို ခံစားစေဖို့အတွက် ကမ္ဘာ့ခရီးသွားတွေရဲ့ recommendation တွေများစွာ ပေးထားကြတဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။ ဒါ့အပြင် New York ရဲ့နှစ်သစ်ကူးအကြိုခံစားမှုမှာ ထူးခြားတဲ့သီးခြားနေရာအညွှန်းလေးတစ်ခုရှိပါတယ်။ ဇိမ်ခံခြင်းနဲ့ကမ္ဘာလှည့်ခရီးသွားသူတို့ရဲ့ ညွှန်းဆိုချက်အရ New York မြို့ပေါ်က Renaissance New York Times Square Hotel ရဲ့ R Lounge ကနေ ကြည့်ရှု ခံစားဖို့ပါပဲ။ Panoramic Views ရှိတဲ့ ဒီ R Lounge ကနေ New York ရဲ့နှစ်သစ်ကူးအကြိုညကိုခံစားဖို့အတွက် ပြိုင်ဘက်ကင်း တကယ့်နေရာကောင်းတစ်ခုအဖြစ်ကျော်ကြားတဲ့နေရာလည်းဖြစ်ပါတယ်။ ဒါကြောင့် New York ကနေ နှစ်သစ်ကူးကိုကြိုဆိုရင်း ရင်ခုန်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။
New York is the place that can’t be left behind. It has got many tourists’ recommendations of how thrilling and astonishing in New Year’s Eve. Moreover, there is a private place to enjoy New York’s New Year’s Eve. According to luxury tourists, it is best to witness New Year’s Eve at the R Lounge of Renaissance New York Times Square Hotel in New York. It is also an astounding place to experience New York’s New Year’s Eve from the Panoramic R Lounge. So, we urge you to have the experience to enjoy your New Year’s Eve in New York.
Sydney, Australia
Sydney ရဲ့နွေရာသီဖြစ်ပေမယ့် သိပ်ပူပြင်းတာတော့မဟုတ်ပါဘူး။ အပူချိန်ဆိုလည်း ပုံမှန်အမြင့်ဆုံး 25°C လောက်သာရှိပြီးတော့ အနိမ့်ဆုံးအနေနဲ့ 18°C လောက်ရှိပါတယ်။ ပြောရမယ်ဆိုရင် ဒီပမာဏဟာ ကျွန်တော်တို့ဆီက ပျမ်းမျှအနေနဲ့ ဆောင်းရာသီပြင်ဦးလွင်အပူချိန်လောက်ပဲရှိတာဆိုတော့ သူတို့ဆီမှာ နွေရာသီဆိုပေမယ့် ကျွန်တော်တို့သွားတဲ့အခါ ဆောင်းရာသီရဲ့အရသာလောက်ပါပဲ။ သိပ်နေလို့ထိုင်လို့ ကောင်းတာပေါ့။ ဆိုတော့ Sydney ရဲ့ဆိပ်ကမ်းတံတားပေါ်က နှစ်စဉ်ပြုလုပ်တဲ့ နှစ်သစ်သစ်ကူး မီးရှူးမီးပန်းပွဲတော်ဟာ အရမ်းစည်ကားတဲ့ကမ္ဘာကျော်ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ နှစ်စဉ်လူပေါင်း သန်းချီလာရောက်လာကြပြီးတော့ Countdown လုပ်ရင်း မီးရှူးမီးပန်းတွေကိုကြည့်ကြပါတယ်။ ဆိပ်ကမ်း တံတားဟာ Sydney ရဲ့ပြယုဂ်ဖြစ်တဲ့ Sydney Opera House နဲ့လည်း မျက်နှာချင်းဆိုင်ဖြစ် တဲ့အတွက် မီးရှူးမီးပန်းတွေနဲ့လင်းထိန်သွားတဲ့မြင်ကွင်းက တကယ်ကိုမှင်သက်စရာကောင်းလွန်းအားကြီးပါတယ်။ မီးရှူး မီးပန်းတွေနဲ့ Countdown လုပ်ဖို့အတွက် နေရာရွေးချယ်မှုကို နှစ်ခုပြုလုပ်နိုင်ပါတယ်။ တစ်ခုကတော့ လှေငှားပြီးတော့ မြစ်ထဲကနေပြီး နှစ်သစ်ကူးကိုကြိုဆိုခံစားနိုင်ပြီးတော့ နောက်တစ်ခုက ပတ်ပတ်လည် ဆိပ်ကမ်းစားသောက်ဆိုင်တွေမှာ front-row seat တွေကို Reservation ပြုလုပ်ထားတာမျိုးဖြစ်ပါတယ်။
Sydney’s summer is not too hot with the highest 25°C and the lowest at 18°C. This temperature is said to be as same as the winter temperature of Pyin Oo Lwin of Myanmar. Thus, when we visit Sydney in summer, it will be cold as the winter of Pyin Oo Lwin. It will be so cozy. The fireworks festival, which is celebrated every year on the Sydney Harbour Bridge, is a very famous festival. Millions of people enjoy fireworks and perform the countdown. The harbor is opposite to one of Sydney’s prominent features, Sydney Opera House. The scene with firework lights is astonishing. You can have two options for fireworks and countdown. The first one is that you can hire a boat and countdown from the river. And the second one is reserving the front-row seats from the restaurants around the Harbour.
Barcelona, Spain
စပိန်နိုင်ငံမှာ မက်ဒရစ်မြို့ပြီးရင် ဘာစီလိုနာဟာ အကြီးဆုံးမြို့တော်တစ်ခုဖြစ်ပါတယ်။ 2018 ခုနှစ်က ခရစ်စမတ်ကာလနဲ့နှစ်သစ်ကူးကာလအတွင်း ဘာစီလိုနာမြို့မှာ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်ခြေရှိတဲ့ အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌါနက သတိပေးထားတာကြောင့် လူတွေလည်းအထိတ်တလန့်ဖြစ် ခဲ့ကြရပါတယ်။ ဒါပေမယ့် အခု ၂၀၁၉ ခုနှစ်မှာတော့ The Best New Year’s Eve Holiday Destinations Around The World 2020 List ထဲကိုပြန်လည်ပါဝင်လာခဲ့တာဖြစ်ပါတယ်။ a city of night owls လို့တင်စားနာမည်ကြီးတဲ့ မြို့တော်ဖြစ်တာနဲ့အညီ ည ၁၁ နာရီနောက်ပိုင်းမှာတော့ လူအစုအဝေးတွေနဲ့ ပိုစည်ကားလာတတ်ပါတယ်။ နှစ်သစ်ကူးအကြိုညမှာဆိုရင် Plaça d’Espanya လမ်းဆုံမှာလူတွေစုဝေးကြပြီး Montjuïc တောင်ကုန်းပေါ်ကနေ ပစ်ဖောက်တဲ့ မီးရှူးမီးပန်းတွေနဲ့အတူ Countdown လုပ်ရင်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြပါတယ်။ ပြီးတဲ့အခါ နှစ်စဉ် Poble Espanyol ပြတိုက်ကနေပြီးတော့ Hosts လုပ်ပေးတဲ့ မနက် ၆ နာရီအထိ ကျင်းပတဲ့ အရမ်းကြီးမားတဲ့ huge dance party ကိုဆက်ပြီး Join ကြပါတယ်။ တကယ့် အံ့မခန်းနှစ်သစ်ကူးအရသာဖြစ်စေမှာပါပဲ။
Barcelona is the second biggest city in Spain after Madrid. People were shocked since the Minister of Foreign Affairs of the United States warned the possible terrorism in Barcelona in the 2018 Christmas and New Year period. However, it has come into the best New Year’s Eve Holiday Destinations around the world 2020 list in 2019. As it is known as a city of night owls, people go out and crowded after 11:00 pm. People gather around in the Plaça d’Espanya junction and enjoy the fireworks shot from Montjuïc hill and countdown happily. After that, people join a huge party hosted by Poble Espanyol Museum til 6:00 in the morning every year. It will be a remarkable New Year’s experience.
BERLIN, GERMANY
နောက်ဆုံးတစ်ခုရွေးချယ်ပေးချင်တဲ့ နေရာကတော့ ဂျာမနီနိုင်ငံရဲ့ ဘာလင်မြို့ပဲဖြစ်ပါတယ်။ ဘာလင်ဟာ ဂျာမနီနိုင်ငံရဲ့မြို့တော်ဖြစ်သလိုပဲ နှစ်သစ်ကူးညတွေဟာလည်း အထူးကိုပဲ စည်ကားပါတယ်။ အထူးသဖြင့် နာမည်ကျော် Brandenburg Gate မုခ်ဦးနဲ့ Victory Column ကြားမှာဆိုရင် လူတွေဟာ ကျိတ်ကျိတ်တိုးပြီး Countdown Party ကိုဆင်နွှဲဖို့ အစုအဝေးနဲ့ဆူဆူညံညံဖြစ်နေပါတယ်။ ပြီးတော့ Brandenburg Gate မှာဆိုရင်လည်း စင်မြင့်ဖျော်ဖြေပွဲတွေရှိတတ်ပါတယ်။ ဘာလင်မြို့က ဒီနှစ်သစ်ကူး Countdown Party ဟာဆိုရင် နှစ်စဉ်လူဦးရေ သန်းချီတက်ရောက်ကြပြီးတော့ ဥရောပရဲ့ အကြီးဆုံး outdoor celebrations တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ မနက် ၃ နာရီအထိ DJ တွေ၊ Laser Show နဲ့ အစားအသောက်တွေ၊ မီးရှူးမီးပန်းတွေနဲ့ အဆုံးအစွန်ထိ ပျော်ရွှင်ကြပါတယ်။ အခုတင်ဆက်ခဲ့တဲ့ နေရာ ၅ ခုဟာ LUXURY ဆန်တဲ့ ခရီးသွားလာမှုနဲ့အတူ Countdown ဆင်နွှဲမယ့် LUSHer တို့အတွက် ရွေးချယ်စရာတစ်ခုဖြစ်မယ် မျှော်လင့်ပါတယ်။
The last, not the least to be chosen is Berlin of Germany. Berlin is not only the capital of Germany but also extremely prosperous in New Year’s nights. Especially, people are crowded to enjoy the countdown party between Brandenburg Gate and Victory Column. There are also stage shows and concerts at the Brandenburg Gate. Million of people come to celebrate the countdown party in Berlin and it is one of the biggest outdoor celebrations in Europe. People enjoy the time ultimately with DJs, Laser Shows, foods and fireworks until 3:00 a.m.
We hope the LUSHers can choose one from five destinations above for Luxury Travel and Countdown parties in New Year’s Eve.