LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
BALANCEHEALTH & BEAUTYLIFE

ကျန်းမာရေးအတွက် ရတနာဖက်ရှင်

written by Lush Editor September 8, 2020
ကျန်းမာရေးအတွက် ရတနာဖက်ရှင်

ရတနာ ဆို မလိုချင်ဘူးလို့ ပြောသူရှိမှာ မဟုတ်သလို မလှချင်ဘူးလို့ ပြောမယ့်သူလည်း အင်မတန်နည်းပါးမှာပါပဲ။ အမျိုးသမီးရော အမျိုးသားတွေရော ရတနာတစ်ခုခုကို ဝတ်ဆင်ရတာ နှစ်သက်ကြတာ များတယ်လေ။ တချို့က မကြိုက်ကြဘူးဆိုတာ ရှိပေမဲ့ အဲလိုမကြိုက်တတ်တဲ့သူတွေကိုယ်တိုင် အဆင်တန်ဆာသေးသေးလေးကို ဝတ်ရတာမျိုး ကြိုက်တတ်ကြတာပဲ မဟုတ်လား။ ဒီတော့ ရတနာတစ်ခုခုကို ဖက်ရှင်ကျကျဝတ်ဆင်တဲ့နေရာမှာ ကိုယ့်ရဲ့ ကျန်းမာရေးကို အထောက်အကူဖြစ်စေတာကို ဝတ်ဆင်ရရင် ပိုကောင်းတာပေါ့နော်။ ဒါကြောင့် ကျန်းမာရေးကို အထောက်အကူပြုတဲ့ လက်ဝတ်ရတနာအဖြစ် ဝတ်ဆင်လို့ရတဲ့ Crystal ကျောက်တွေအကြောင်း ပြောပြချင်ပါတယ်။

 

Amethyst Crystal အရမ်းလှတဲ့ ခရမ်းရောင် Crystal လေးဖြစ်လို့ ဖက်ရှင်လည်းကျ စတိုင်လ်လည်းမိတဲ့ ရတနာအဆင်တန်ဆာအဖြစ် ဝတ်လို့ရသလို ကိုယ့်ရဲ့ကျန်းမာရေးအတွက်ကတော့ စိတ်တည်ငြိမ်မှုကို ဖြစ်စေတာမို့ အလုပ်လုပ်တဲ့နေရာမှာ ဝတ်ဆင်လို့လည်း သင့်တော်တဲ့ အဆင်တန်ဆာအဖြစ် ပုံဖော်ဝတ်ဆင်လို့ရပြီးတော့ အိပ်ခန်းထဲမှာဆောင်ထားတဲ့ ရတနာတန်ဆာအဖြစ်ပါ ထားရှိလို့ရတဲ့ ရတနာတစ်ခုဖြစ်ပါတယ်။

Blue Lace Agate ကတော့ နုူညံ့အေးချမ်းမှုကို မြင်ရုံနဲ့ ရတဲ့ ကျောက်လေးဟာ လက်ဝတ်ရတနာ အဖြစ်ဝတ်ဆင်ရင်လည်း လူငယ်ဆန်ဆန် ခေတ်မီဆန်းသစ်နေသလို ဝတ်ဆင်သူရဲ့ စိတ်ကျန်းမာရေးကိုလည်း အရမ်းအထောက်အကူပြုတဲ့ ရတနာဖြစ်ပြီး အထူးသဖြင့် အေးချမ်းမှုကို ပေးတာမို့ စိတ်ပူတတ်သူတွေ ဝတ်ဆင်ဖို့ ပိုမိုသင့်တော်တဲ့ ရတနာပဲဖြစ်ပါတယ်။

Rose Quartz Crystal
Universal Love လို့တင်စားထားတဲ့ ဒီ Rose Quartz Crystal ကတော့ တင်စားလောက်အောင်ပဲ ချစ်ခြင်းရဲ့ သင်္ကေတပန်းရောင်အလှနဲ့ ဝတ်ဆင်သူကို ဂုဏ်တင့်စေမယ့် ရတနာဖြစ်နေပါတယ်။ ဆက်ဆံရေးကောင်းတည်ဆောက်မှုကို အထောက်ပံ့ပေးနိုင်တဲ့ Rose Quartz Crystal ဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အများကြီးအထောက်အပံ့ပေးနိုင်တဲ့ ရတနာထဲက တစ်ခုဖြစ်ပါတယ်။

Clear Quartz Crystal
ကြည်လင်တဲ့ အရောင်အသွေးနဲ့ Clear Quartz Crystal ကတော့ အာရုံစူးစိုက်နိုင်မှုနဲ့ မှတ်ဉာဏ်ကို အများကြီး အထောက်အကူပြုတဲ့ ရတနာအဖြစ် ဝတ်ဆင်ပေးရမှာဖြစ်ပြီးတော့ အခြားရတနာတွေရဲ့ စွမ်းအင်ကိုပါ သူကမြှင့်တင်ပေးနိုင်လို့ ရောနှောဝတ်ဆင်ပေးသင့်တဲ့ Crystal လေးပဲဖြစ်ပါတယ်။

Black Tourmaline
လူငယ်ဆန်ဆန် ဖက်ရှင်အဖြစ် ဝတ်ဆင်ကြတဲ့ ဒီ Black Tourmaline ကတော့ စိတ်ကူးအတွေးတွေကို အားပေးတဲ့ ရတနာအဖြစ် ဝတ်ဆင်ကြရင် မကောင်းတဲ့ ရှုထောင့်အမြင်တွေကနေ ကင်းလွတ်နိုင်မှာဖြစ်ပြီးတော့ ကိုယ်ခန္ဓာတောင့်တင်းမှုတွေကနေလည်း ကင်းဝေးစေတဲ့ အကျိုးဖြစ်များတဲ့ ရတနာအဖြစ် ဝတ်ဆင်သင့်တာပါပဲ။ နောက်ထပ်သူ့ရဲ့ ထူးခြားမှုတစ်ခုက ဓါတ်ရောင်ခြည်ကနေ ကာကွယ်ပေးနိုင်တာကြောင့် ဖုန်းနဲ့ အလုပ်လုပ်ရာမှာသုံးတဲ့ လျှပ်စစ်ပစ္စည်းတွေအနားမှာလည်းအလှဆင် ဆောင်ထားသင့်တဲ့ ရတနာလည်း ဖြစ်နေပါတယ်။

Sodalite Crystal

ငြိမ်းချမ်းရေးကျောက်အဖြစ် သတ်မှတ်ရည်ညွှန်းကြတဲ့ Sodalite Crystal ကတော့ ကိုယ်ရောစိတ်ပါကျန်းမာရေးကို အများကြီး ကောင်းမွန်စေပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမြင့်မားစေတဲ့ စိတ်ခွန်အားကိုပေးနိုင်သလို ကိုယ်ခန္ဓာမှာ ကယ်လ်စီယမ် ချို့တဲ့မှုကို ကာကွယ်ပေးလို့ အမြဲဆောင်ထား သင့်ပါတယ်။

Lepidolite
သဘာဝမှာပဲ လီသီယမ်ပါဝင်တာကြောင့် စိတ်ဖိစီးမှုကာကွယ်ဆေးတွေမှာ ထည့်သွင်းအသွင်းပြုတဲ့အထိ အကျိုးဖြစ်ထွန်းတဲ့ ကျောက်ဖြစ်တာမို့ ကိုယ့်ရဲ့ အဆိုးမြင်စိတ်တွေ ကျဆင်းသွားဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေမြင့်ပြီး စိတ်ဓါတ်ကျတာ စိတ်ဖိစီးမှုဖြစ်တာတွေကနေ ကင်းဝေးသွားအောင် ဆောင်ထားဖို့ ကောင်းပါတယ်။

Shungite
သိပ္ပံပညာရှင်တွေကိုယ်တိုင်က လူတွေရဲ့ တစ်သျှူးတွေကို ပြန်လည်ရှင်သန်နိုင်စွမ်းရှိလို့ အံဖွယ်ကျောက်လို့ တင်စားထားတဲ့ Shungite ကို လက်ဝတ်ရတနာလို ဝတ်ဆင်ဖို့လိုသလို အိပ်မပျော်မှုကို သက်သာစေတယ်ဆိုတော့ အိပ်ရာဘေးမှာ အလှဆင် ဆောင်ထားဖို့လည်း သင့်တော်တဲ့ ရတနာတစ်မျိုးဖြစ်သလို EMF ( Electromotive Foce) ရှိတာကြောင့် လက်ပ်တော့၊ ဖုန်း၊ ကွန်ပြူတာ အသုံးပြုတဲ့အခါ အနီးမှာထားခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုရပြီးသား ဖြစ်မှာပဲဖြစ်ပါတယ်။

Ref; eight-healing-stones-to-relieve-stress-and-anxiety

LUSH Beauty & SoulLUSH DAILYLUSH Magazine MyanmarLUSH September 2020
1
Facebook Twitter Google + Pinterest
Lush Editor

previous post
ရန်ကုန်မြို့ပေါ်က နာမည်နှစ်မျိုးနဲ့ လမ်းမများ
next post
Premium ဖြစ်တဲ့ ခံစားမှုမျိုးကို ရရှိနိုင်မယ့် “PRADA FOR ADIDAS” 

Recommended

Best Hair and Makeup Looks from Golden Globes...

January 7, 2020

Burn Major Calories With Rowing

October 12, 2017

Bio-Oil Dry Skin Gel

June 23, 2020

Get Fit With Flying YOGA

November 15, 2018

ပုန်းကွယ်နေတဲ့ အလှစစ်ကိုရှာဖွေခြင်း

August 16, 2019

ရေမွှေးအသစ်ကို မကြာခင်မှာမိတ်ဆက်ပေးတော့မယ့် Ariana Grande

June 21, 2018

How not to be a shallow person

April 4, 2019

နွေအတွက်အလိုက်ဖက်ဆုံး Perfume များ

March 8, 2024

ကိုယ့်ရဲ့ အတွင်းထဲက အသံကို ကြားနိုင်ဖို့ အခြေခံလိုအပ်ချက် အချက် (၆) ချက်

May 17, 2023

လူသားတွေဟာ အရောင်အသွေးစုံလင်စွာ ဖြစ်တည်နေတာပါ။

June 30, 2023

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem