Seoul Fashion Week Fall 2019 က အမိုက်စားဖက်ရှင်ပုံရိပ်များ
Seoul Fashion Week လို့ဆိုလိုက်တာနဲ့ Hype Beast အထာတွေ၊ Streetwear Brand တွေနဲ့ လုံးဝ လန်ပျံထွက်နေတဲ့ ဖက်ရှင်တွေ၊ ချိန်းကြိုးတွေ၊ သံကွင်းတွေ၊ ပွင့်ရိုက်အဆင် ရှုပ်ရှုပ်တွေကို တွဲဖက်ထားတဲ့ သူတို့ရဲ့ အထာကို မျက်လုံးထဲ တန်းမြင်မိကြမှာပါ။ Seoul Fashion Week ဟာ လူငယ်တွေကြားထဲ လွှမ်းမိုးမှုတော်တော်များတဲ့ Fashion Week တစ်ခုဖြစ်သလို အာရှနိုင်ငံက လူငယ်ကြိုက် ဖက်ရှင်တွေကိုပါ တွေ့ရမယ့် နေရာတစ်ခုလို့
လည်း ဆိုနိုင်ပါတယ်။ ဒီနှစ်အတွက်ရော Fall Fashion Week မှာ သူတို့ ဘယ်လိုတွေ ၀တ်စားလာမလဲ သိချင်ကြမှာပါပဲ..ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ဖက်ရှင်အကြမ်းစားတွေက ကိုယ်တွေပေါ်မှာ လွှမ်းမိုးမှုရှိထားပြီးသားကိုး။ တစ်နှစ်ထက် တစ်နှစ် ဘာတွေ ဘယ်လို ဆန်းသစ်ပြီး ဘယ်လိုဖက်ရှင်တွေ ခေတ်စားလာမလဲဆိုတာ သိရဖို့ ပုံတွေကို ကြည့်လိုက်ရအောင်နော်။
Editor: Su Yi Htet