Jennie နဲ့ Gentle Monster တို့ပူးပေါင်းပြီးတော့ နေကာမျက်မှန်တွေနဲ့ accessories တွေပါတဲ့ “Jentle Home” collection ကို ဧပြီလတုန်းက ထုတ်ခဲ့ကြတာကို အားလုံးသိကြမှာပါ။ “Jentle Home” pop-up shop ကိုလည်း မေလမှာဖွင့်ဖို့ စီစဉ်ထားခဲ့ပြီး အခုတော့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၊ Sinsa Dong, Garosugil မှာ ဒီနေ့ မေလ ၁၃ ရက်နေ့ကစပြီးဖွင့်လှစ်လိုက်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့ထိဖွင့်လှစ်ထားပါတယ်။
Jentle Home pop-up shop ကို Jennie ရဲ့ငယ်ဘဝကအမှတ်တရတွေကို inspire ယူပြီး အရုပ်အိမ်လေးလို အလှဆင်ထားပါတယ်။ retro vibe မျိုးကိုရစေမယ့်အပြင်အဆင်တွေနဲ့ Instagrammable ဖြစ်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးထားတာတွေ့ရမှာပါ။ အထပ်သုံးထပ်ပါပြီးတော့ ဒုတိယထပ် Jentle Home Suite မှာ ဧည့်ခန်း၊ မီးဖိုချောင်၊ အဝတ်လဲခန်း နဲ့ အဝတ်လဲခန်းကနေတဆင့်ဝင်ရမယ့် “Pink Fountain” ဆိုတဲ့အခန်းတွေပါပါတယ်။ တတိယထပ် Jentle Market မှာ Jentle Home collection က နေကာမျက်မှန် နဲ့ accessories တွေ display လုပ်ပြီးအလှဆင်ထားသလို ခေါက်ဖုန်းတွေ၊ လက်စွပ်တွေနဲ့ ငယ်ဘဝကိုသတိရစေမယ့် ပစ္စည်းလေးတွေပါတဲ့ supermarket ပါပါတယ်။
Covid-19 ဖြစ်နေတဲ့ကာလမို့လို့ Jentle Home ကို လာရောက်လည်ပတ်တဲ့သူတိုင်း mask ဝတ်ရမယ်၊ အထဲမဝင်ခင် လက်သန့်ဆေးရည်သုံးရမယ်ဆိုတဲ့ စည်းကမ်းချက်တွေထုတ်ထားပြီး mask မဝတ်တဲ့သူ၊ ကိုယ်ပူချိန် ၃၇.၅ ထက်ကျော်တဲ့သူတွေဆိုရင်တော့ဝင်ခွင့်ပေးသွားမှာမဟုတ်ပါဘူး။ ဆိုင်ထိသွားကြည့်စရာမလိုဘဲ အိမ်ထဲကနေပဲ Gentle Monster website ကတဆင့် Jentle Home ကို ဝင်ကြည့်လို့လည်း ရပါတယ်။
#LUSHMagazineMyanmar #LUSHdaily #Blackpink #Jennie #GentleMonster #JentleHome