LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0

Rado with art & craftsmanship

written by Maeve May 8, 2020
Rado with art & craftsmanship

အနုပညာနဲ့လက်မှုလက်ရာပစ္စည်းတစ်ခု၊ ဖက်ရှင်ပိုင်းမှာလည်းတစိတ်တပိုင်းပါဝင်ပြီး ဘဝအတွက်အရေးပါတဲ့အချိန်တွေကို ပြပေးတဲ့နာရီကို အချိန်နဲ့အမျှ တန်ဖိုးထားဝတ်ဆင်လာကြတဲ့အခါ တန်ဖိုးနဲ့ထိုက်တန်တဲ့ အရည်အသွေးတွေနဲ့ နာရီတွေဟာ ဈေးကွက်မှာနေရာရဖို့ အပြိုင်အဆိုင် ထုတ်လုပ်လာကြတယ်။ ဒီလို အရည်အသွေးမြင့် တန်ဖိုးထားရမယ့် နာရီတွေထဲမှာ ဆွစ်ဇာလန်ထုတ် Rado နာရီလည်း ပါဝင်တာကို မေ့ထားလို့ မရပါဘူး။

Rado ကို ဆွစ်ဇာလန်နိုင်ငံ Lengnau မှာ စတင်ခဲ့တာဖြစ်ပါတယ်။ လက်ပတ်နာရီထုတ်လုပ်တဲ့ Schlup & Co. Fritz၊ Ernst နဲ့ Werner ညီအစ်ကိုတို့က ၁၉၁၇ မှာ စတင်တည်ထောင်ခဲ့တာပါ။ နောက်ပိုင်းမှာ Schlup & Co. ကနေ Rado ဖြစ်လာပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာတော့ ကမ္ဘာပေါ်မှာ နာမည်ကြီးနာရီတွေကို ထုတ်လုပ်တဲ့ အကြီးမားဆုံး စက်ရုံတစ်ခုဖြစ်လာပါတော့တယ်။ 1950 လောက်မှာ Rado Brand ကို စတင်မွေးဖွားလိုက်တဲ့ Schlup & Co. ဟာ 1957 မှာ Golden Horse Collection ကို နှစ်40 ပြည့်အထိမ်းအမှတ် စတင်ထုတ်လုပ်ခဲ့ရာက ကမ္ဘာ့နိုင်ငံ 61နိုင်ငံလောက်မှာ နာမည်ကြီး Brand တစ်ခုအဖြစ်နဲ့ ရပ်တည်လာခဲ့တာဟာ ခုချိန်ထိပါပဲ။

Rado နာရီကတော့ ရေရှည်ခံပြီး လှပတဲ့ဒီဇိုင်း၊ တည်ငြိမ်ခန့်ညားမှုတွေကို ဖော်ဆောင်စေတဲ့အပြင် ဝတ်ဆင်သူရဲ့ ဂုဏ်ကိုတင့်စေတဲ့ ဖက်ရှင်ပစ္စည်းတစ်ခုအနေနဲ့ပါ သတ်မှတ်လို့ရတဲ့ ခေတ်မီနည်းပညာနဲ့ ထုတ်လုပ်တဲ့ အနုပညာလက်ရာတစ်ခုပါ ဖြစ်လာပါပြီ။ အမြော်အမြင်ရှိတဲ့ ကမ္ဘာကျော် ဒီဇိုင်းပညာရှင်တို့ရဲ့ သုတေသနနဲ့ ခေတ်မီနည်းပညာတွေ ပေါင်းစပ်မှုကို Rado က ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။
အမြဲတမ်းဆန်းသစ်တည်မြဲတဲ့ ဒီဇိုင်းနဲ့ Rado ဟာ အဆင့်မြင့်နည်းပညာနဲ့ ထုတ်လုပ်လာခဲ့တာ ဆယ်စုနှစ် သုံးခုနီးပါးတိုင် ရှိလာခဲ့ပြီဖြစ်တဲ့ အနုပညာလက်မှုလက်ရာတစ်ခုဖြစ်လို့နေပါပြီ။ သေသပ်ချောမွေ့တဲ့ စွဲမက်ဖွယ်ဒီဇိုင်းတွေရယ်၊ မယုံနိုင်လောက်အောင် သက်သောင့်သက်သာဖြစ်စေတဲ့အတွက် အသားအရေကို အထူးဂရုပြုရတဲ့ ထိခိုက်လွယ်အသားအရေပိုင်ရှင်တွေတောင် စိတ်ချလက်ချ ဝတ်ဆင်လာနိုင်ပါပြီ။

အခု Rado ရဲ့ Collection အသစ်တွေအကြောင်းက စိတ်ဝင်စားစရာအပြည့်နဲ့ပါပဲ။ အဆင့်မြင့်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ကြွေထည်နဲ့ သတ္ထုတို့ရဲ့ ပေါင်းစပ်မှုကနေ ဖြစ်ပေါ်လာတဲ့ Ceramos လို့ခေါ်တဲ့ ထူးခြားတဲ့ သတ္ထုတစ်မျိုးနဲ့ ဖန်တီးထားတဲ့ Rado ရဲ့ Collection အသစ်တွေက နာရီ Crazy တွေအတွက်တော့ အကြိုက်တွေ့စရာတွေချည်းဖြစ်နေတော့မှာ သေချာတယ်။ Ceramos ကိုပလက်တီနမ်၊ ရွှေ နဲ့ Rose Gold တို့ပေါင်းစပ်ပြီး အရောင်အမျိုးမျိုးနဲ့ ထုတ်လုပ်ထားတဲ့အတွက် Rado ရဲ့ Collection တွေက တခြားနာရီတွေနဲ့မတူတဲ့ ဆွဲဆောင်မှုတွေ ရှိနေပါတယ်။

အရင်ဆုံး ရောမဂဏန်းနဲ့ဖော်ပြထားပြီး နာရီကို တောက်ပတဲ့စိန်တွေနဲ့ ဝန်းရံထားတဲ့ True Automatic Diamonds Collection ရဲ့ ထူးခြားမှုတွေကို ပြောပြချင်ပါတယ်။ 9.8 mm အထူရှိပြီး Sapphire crystal ဒိုင်ခွက်ကို အနက်ရောင်လက်ပတ်ကြိုးနဲ့ ထုတ်လုပ်ထားတဲ့ True Automatic Diamonds Collection မှာ စိတ်ကြိုက် ရွေးချယ်ဖို့ ဒီဇိုင်း 5မျိုးရှိနေသေးတာကို ထပ်တွေ့ရတော့ Rado ရဲ့ ဂရုစိုက်မှုတွေကို မလေးစားပဲ မနေနိုင်အောင်ပါပဲ။

ထပ်ပြီး မျက်စိထဲမှာ စွဲထင်လာတဲ့ ရိုးရှင်းတဲ့ ဒီဇိုင်းတွေနဲ့ ထူးခြားနေတဲ့ Florence Collection တွေ၊ လှပပြီး ကျက်သရေရှိရှိ တင့်တယ်ရိုးရှင်းနေတဲ့ ဒီဇိုင်းကြောင့် ပိုပြီး ထူးခြားနေတဲ့ Rado Florence ဒီဇိုင်းတွေပေါ့။ အမျိုးသားရော အမျိုးသမီးပါ အကြိုက်တွေ့စေမယ့် ဒီဇိုင်းနဲ့ ရွေးချယ်စရာ အရောင်တွေ အများကြီး Florence မှာ ရှိနေပါတယ်။ Florence မှာ ငွေရောင်၊ အနက်ရောင်၊ ရွှေရောင်၊ Rose Gold စတဲ့ အရောင်သွေးစုံတဲ့ Stainless steel နဲ့ PVD နာရီဒိုင်ခွက်၊ Stainless steel လက်ပတ်ကြိုးရောင်စုံသာမက သားရေလက်ပတ်ကြိုး စတဲ့ ရွေးချယ်စရာအများကြီးနဲ့ Rado Florence Collection ကိုလည်း အကြိုက်တွေ့မယ့်သူတွေ အများကြီးဖြစ်နေမယ်လို့ ယုံကြည်မိစေပြန်တယ်။

Rado ရဲ့ အတော်လှုပ်ခတ်ခဲ့တဲ့ ဒီဇိုင်းတစ်ခုအကြောင်းလည်း ပြောပြချင်မိတယ်။ ဂန္တဝင်ဒီဇိုင်းတွေကို ကြိုက်ကြတဲ့သူတွေ အရူးအမူးဖြစ်ခဲ့တဲ့ Golden Horse Collection အကြောင်းပေါ့။ 1950 ရဲ့ရှေးဟောင်းဒီဇိုင်းကို အခြေခံထားတဲ့ Golden Horse ဟာ နာရီ ၈၀ ကြာ ပါဝါထိန်းသိမ်းမှုတွေနဲ့အတူ အဆင်မြင့်နည်းပညာနဲ့ပေါင်းစပ်ထားတဲ့ ရှေးဟောင်းစနစ်နဲ့ဒီဇိုင်းမို့ ဂန္တဝင်ဒီဇိုင်းကို ကြိုက်နှစ်သက်သူတွေရဲ့ စိတ်ကို ကျေနပ်မှုအပြည့်ပေးခဲ့တဲ့ ဒီဇိုင်းအဖြစ် မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။ Rado ရဲ့ အဆင့်မြင့်နည်းပညာက ဝတ်ဆင်သူရဲ့ အသားအရေအပူချိန်ကို လျင်မြန်စွာ ညှိယူပေးတာကြောင့် ဝတ်ဆင်သူတွေက အကြိုက်တွေ့ကြတာလို့လည်း ဆိုကြတယ်။

Rado ကို ကမ္ဘာ့နာမည်ကြီး သရုပ်ဆောင်တွေကလည်း ဝတ်ဆင်ကြတာတွေ့ရတယ်။ တရုတ်နိုင်ငံက အကျော်ကြားဆုံးနဲ့ ရုပ်ရှင်ထူးချွန်ဆုတွေများစွာရရှိထားတဲ့ မင်းသမီး Tang Wei, Bollywood star Hrithik Roshan, ကမ္ဘာ့နာမည်ကျော် မော်ဒယ်ဖြစ်တဲ့ Lisa Ray, ရုရှားကနာမည်ကျော် အကောင်းဆုံးမင်းသမီးဆုရ Yulia Peresild စတဲ့ ကမ္ဘာကျော်သရုပ်ဆောင်တွေကလည်း Rado ကို တရှိုက်မက်မက် ဝတ်ဆင်ကြသူတွေဖြစ်နေပါတယ်။

Rado က နိုင်ငံတကာက နာမည်ကြီးဒီဇိုင်းဖန်တီးသူ ထိပ်တန်းဒီဇိုင်နာတွေနဲ့ ပူးပေါင်းပြီး ကမ္ဘာတဝှမ်းမှာ Rado Star Prize ပြိုင်ပွဲတွေကို ပြုလုပ်တာလည်း သိရတယ်။ ဒါကတော့ Rado က သူ့ရဲ့ အမှတ်တံဆိပ်ကို ကမ္ဘာ့နေရာအသီးသီးမှာ အုတ်မြစ်ချတယ်လို့ ဆိုနိုင်သလို သူ့ရဲ့ ကိုယ်ပိုင် DNA ကို ထူထောင်တာလည်း ဖြစ်ပါမယ်။ ဒီလို အသေးစိတ်ကစ ကမ္ဘာနဲ့အဝှမ်း ရိုးရာယဉ်ကျေးမှုတွေကို အခြေခံတဲ့ ဒီဇိုင်းတွေကို သေချာသုတေသနပြုလုပ်တတ်လို့ Rado ရဲ့ Collection တိုင်းဟာ သူမတူတဲ့ ဒီဇိုင်းတွေနဲ့ ထူးထူးခြားခြား ဆွဲဆောင်နေတာလည်း ဖြစ်နေပါတယ်။

ဒီလိုကြောင့်လည်း Rado ကို ဆွစ်ဇာလန်နိုင်ငံ၊ Lengnau မှာ စတင်ခဲ့ချိန်ကစလို့ ယခုထိ Rado ဟာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုလာရတဲ့ ကမ္ဘာ့တာရှည်ခံနာရီ ထုတ်လုပ်သူစာရင်းဝင်၊ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတကာဒီဇိုင်းဆုတွေရဲ့ ပိုင်ရှင်အဖြစ် ရပ်တည်နေနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလို နာမည်ကျော် အမှတ်တံဆိပ် Rado ကို မြန်မာနိုင်ငံမှာလည်း တခြားကမ္ဘာ့နိုင်ငံတွေနဲ့နည်းတူ ဝယ်ယူလို့ရနေတာကိုလည်း အသိပေးချင်ပါတယ်။

fashionLUSH AdvertorialLUSH Magazine MyanmarLUSH May 2020Rado
0
Facebook Twitter Google + Pinterest
Maeve

previous post
Message from W May Shin Sein during COVID-19
next post
Blackpink Jennie x Gentle Monster opened “Jentle Home” pop-up shop

Recommended

Balenciaga ရဲ့  New Face ဖြစ်လာတဲ့ Cardi B

September 4, 2020

Justin Bieber ရဲ့ ဒေါ်လာ ၅သိန်းတန်ဖိုးရှိတဲ့ စေ့စပ်လက်စွပ်အကြောင်း

July 21, 2018

Binging on Books

June 19, 2020

ရန်ကုန်မြို့က စကော့တလန်ဒီဇိုင်းနဲ့ အဆောက်အအုံများ

June 26, 2020

ထိုင်းအနုပညာရှင်များနဲ့တွဲဖက်ပြီး အနုပညာလှုပ်ရှားမှုများ ပြုလုပ်တော့မယ့် Paing Takhon

August 13, 2019

ဒီနှစ်ဆောင်းတွင်းမှာ ခေတ်စားမယ့် ဆံပင်အရောင်တွေ

October 27, 2023

ကိုယ့်ရဲ့ အတွင်းထဲက အသံကို ကြားနိုင်ဖို့ အခြေခံလိုအပ်ချက် အချက် (၆) ချက်

May 17, 2023

Useful Sports Gadgets

June 28, 2019

Advanced Polish Accessories: To Make You Look Glamorous

December 5, 2020

LUSH Beauty Program – Less is more with...

January 10, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem