LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
EntertainmentLUSH DAILY

In the Mood for Love 20 years memory

written by Lush Editor June 8, 2020
In the Mood for Love 20 years memory

ကြီးကျယ်ခြင်းနဲ့ ဆွဲ​ဆောင်မှုရှိခြင်းတို့ အချိုးကျကျ ​ရောစပ်ထားတဲ့ “In the Mood for Love” ရုပ်ရှင်ကားဟာ ၂၀၀၀ ပြည့်နှစ် လူ​တွေရဲ့ အထီးကျန်ခြင်း၊ မပြည့်ဝတဲ့ ဆန္ဒ​တွေ နဲ့ မိမိကိုယ်ကို သိရှိခြင်း​တွေကို အ​ကောင်းဆုံး ​ဖော်ပြထားတဲ့ ရုပ်ရှင်ကား တစ်ကား ဖြစ်ပါတယ်။ ပြင်းပြတဲ့ ဆွဲ​ဆောင်မှု​၊ မ​မျှော်လင့်ပဲ ချစ်ကျွမ်းဝင်သွားတာ​တွေ၊ ပြည့်စုံတဲ့ အလှတရား​တွေနဲ့အတူ ဘယ်​တော့မှ ဖြစ်မလာနိုင်တဲ့ ချစ်ခြင်း​တရားကို ​ဖော်ကျူးထားပါတယ်။ သူ့ရဲ့ တိတ်ဆိတ် သိမ်​မွေ့ပြီး နက်ရှိုင်းတဲ့ ချစ်မေတ္တာနဲ့ နာကျင်မှုများကို ဖုံးကွယ်ထားပြီး ဒီဒါဏ်ရာ​တွေက​နေ ဇာတ်​ကောင်က မိမိရဲ့ စိတ်မှာ ယာယီမဟုတ်တဲ့ ထင်​ယောင်ထင်မှား ဖြစ်​စေမှု​တွေကို ဖန်တီးလိုက်ပါတယ်။ “In the Mood for Love” ဟာ ချစ်ခြင်း​မေတ္တာတစ်ခုထဲ အ​ကြောင်းကို ​ဖော်ပြထားတဲ့ ရုပ်ရှင်ဖြစ်ပြီး​တော့ ​​ဇာတ်​​ကောင်​တွေရဲ့ ချစ်ခြင်း​မေတ္တာဟာ မည်သည့် ဆက်ဆံ​​ရေး​နှင့်မျှ မတူ​အောင် ​ဝေးကွာ​နေပါတယ်။

ဇာတ်လမ်းက​တော့ ၁၉၆၂ခုနှစ်ရဲ့ ​ဟောင်​ကောင်မြို့တိုက်ခန်း တစ်ခုမှာ အစပြုခဲ့ပါတယ်။ ရုပ်ရှင်ရဲ့ ​အောင်မြင်မှုကို တစ်စိတ်တစ်ပိုင်းမှ ပုံ​ဖော်​ပေးထားတာက​တော့ လှပတဲ့ Mrs. Chan ရဲ့ ပြီးပြည့်စုံပြီး အပိုအလိုမရှိတဲ့ qipao ​တွေပဲ ဖြစ်ပါတယ်။ သူမရဲ့ အခန်းဟာ ​သေးငယ်​သော်လည်း သပ်သပ်ရပ်ရပ်ရှိပြီး​တော့ သူမရဲ့ qipao ​တွေဟာ ရုပ်ရှင်ပြကွက်​တွေမှာ တစ်ကြိမ်မက ဝတ်ဆင်ထားတာကို ​တွေ့ရပါတယ်။ ဒီရုပ်ရှင်ကို ကြည့်ဖူးသူတိုင်း Maggie Cheung (Mrs. Chan) ရဲ့ qipaos တရုတ်ရိုးရာ ဂါဝန်​တွေကို မျက်စိထဲက ထွက်​တော့မှာမဟုတ်ပါဘူး။ အထူးသဖြင့် မိန်းက​လေး​တွေ​ပေါ့။

Qipao dress ​တွေကို မကြည့်ခင် သူတို့ရဲ့ ဖန်တီးရှင်​တွေကို အရင်ကြည့်ကြရ​​အောင်။ ပထမတစ်​ယောက်အ​နေနဲ့က​တော့ အသက် ၁၀၂နှစ်ရှိပြီ ဖြစ်တဲ့ တရုတ် qipao ဖန်တီးသူ Han Yi ဖြစ်ပါတယ်။ သူဟာ အသက် ၁၆ နှစ်ထဲက qipao ကို စတင်ဖန်တီးချုပ်လုပ်ခဲ့ပြီး​တော့ သူ့ရဲ့ ဆိုင်က​တော့ ရှန်ဟိုင်းမြို့မှာ တည်ရှိပါတယ်။ ​နောက်တစ်​ယောက်က​တော့ ​ဟောင်​ကောင်မြို့မှ ဒီဇိုင်နာ တစ်ဦးဖြစ်ပြီး​တော့ ​ဟောင်​ကောင်မြို့ရဲ့ ထင်ရှားတဲ့ ရိုးရာ qipao ​တွေကို ဖန်တီးတဲ့သူတစ်​ယောက် ဖြစ်ပါတယ်။

ဇာတ်လမ်းအစမှာ​တော့ Mrs. Chan ဝတ်ထားတဲ့ အပြာ​ရောင်​​ပေါ်အနီ​ရောင် နှင်းဆီပန်းပွင့်​တွေ ​ရွေးချယ်ထားတဲ့ qipao က​တော့ ဆန့်ကျင်ဘက်အ​ရောင်​တွေကို လိုက်ဖက်ညီညီ အသုံးပြုထားတာ​ကြောင့် ရဲရင့်​ပေမယ့် မိန်းမဆန်ခြင်း​တွေကို ​ဖော်ပြ​ပေး​နေပါတယ်။ Mr. Chan ဒီ qipao ကို ဝတ်ဆင်ထားပြီး မီးဖိုခန်းထဲမှာ ​ကျောက်စိမ်း​ရောင် ​​ရှေး​​ဟောင်း ကော်ဖီခွက်​တွေနဲ့အတူ မြင်ရတဲ့မြင်ကွင်းဟာ ပြီးပြည့်စုံတာထက်ကို ပို​နေပါတယ်။

မီးဖို​ချောင် နဲ့ အထူးသဖြင့် ခေါက်ဆွဲလှည်းမှာ ​ရပ်ပြီး​စောင့်​နေတဲ့အခါ ဝတ်ဆင်ထားတဲ့ နက်ပြာ၊ အနီနဲ့ အဝါ​ရောင် ​​ထောင်လိုက်အစင်း​တွေနဲ့ qipao က​​တော့ သူမကိုယ်မှာ ချပ်ရပ်​နေပြီး​တော့ လူကြားထဲသာမက ပတ်ဝန်းကျင်တစ်ခုလုံးမှာ ထင်ရှား​နေပြီး​တော့ မတူထူးခြားတဲ့ခံစားမှုမျိုးကို ​ပေးစွမ်းပါတယ်။

ဒီ qipao ကို​တော့ Maggie Cheung ဟာ ရုပ်ရှင်ရဲ့ မ​မေ့နိုင်တဲ့ ပြကွက်များစွာထဲက တစ်ခုမှာဝတ်ဆင်ခဲ့တာပါ။ သူမနဲ့ Tony တို့ ​တွေ့ဆုံခဲ့ကြပြီး ရုပ်ရှင်တစ်ခုလုံးမှာ သူတို့ ၂​ယောက်ရဲ့ ဆက်ဆံ​ရေးကို အကျဥ်းချုံးဖော်ပြထားထားသလိုပါပဲ။ လူ ၂ဦး ​ပထမဆုံးအကြိမ် ​အမှတ်တမဲ့တွေ့ဆုံကြတဲ့မြင်ကွင်းမှာ ဝမ်းနည်းမှုနဲ့ လစ်ဟာမှုတို့ကို မီးခိုး​ရောင်​​ပေါ် အလျားလိုက်အဖြူလိုင်းစင်း အနည်းငယ်ပါတဲ့ qipao မှ တဆင့် ​ဖော်ပြထားပါတယ်။

daffodils ပန်းပွင့်​တွေနဲ့ qipao ကလဲ ရုပ်ရှင်ရဲ့ iconic ပြကွက် တစ်ခုဖြစ်တဲ့ Mrs. Chan ဖန်ခွက်တစ်ခုကိုင်ပြီး ပြတင်း​ပေါက်က​နေ အပြင်ကို ​ငေးကြည့်​နေတဲ့ ​နေရာဖြစ်ပါတယ်။ qipao ဂါဝန်မှာသာမက ဖန်ခွက်၊ လိုက်ကာတို့မှာ ပန်းပွင့်​တွေကို ပုံ​ဖော်ထားရုံသာမက အိမ်အပြင်က အပင်ရဲ့ အစိမ်း​ရောင်ကလည်း qipao ရဲ့ အဝါ​ရောင်နဲ့ လိ​​မ္မော်​ရောင် ပန်းပွင့်​တွေနဲ့ လိုက်ဖက်ညီ​နေပါတယ်။ အဖြူနဲ့ အမည်း qipao ကို​တော့ မကြာခဏ မ​တွေ့ရ​ပေမယ့် ရုပ်ရှင်ရဲ့ ဇာတ်အမြင့်ဆုံး​ရောက်တဲ့အချိန်မှာ Mrs. Chan က trench coat အနီ​ရောင်​အောက်မှာ ထည့်ဝတ်ထားခြင်းဖြင့် ရဲရင့်တဲ့ ဆုံးဖြတ်ချက် ပြတ်သားတဲ့ သူမရဲ့ စိတ်ကို ​ဖော်ပြထားပါတယ်။

Mrs. Chan ဝတ်ဆင်ထားတဲ့ qipao ​တွေဟာ အလွန်အမင်း တင်းကျပ်တဲ့ လိုင်း၊ ခါး​မှ စတဲ့ ​ထောက်​တွေက ဝတ်ဆင်သူရဲ့ ခန္ဓာကိုယ် အလှကို ပို​ပေါ်လွင်​စေပါတယ်။ ဒူးထိရှည်တဲ့ ဂါဝန်ကို ​ဘယ်၊ ညာ ပေါင်လည်မှ စပြီး ခွဲထားပါတယ်။ qipao ​တွေဟာ လက်ပြတ် သို့မ​ဟုတ် လက်တိုများကိုသာ ဝတ်ဆင်ထားပြီး ထူးခြားချက်က​တော့ သာမာန် qiapo ​တွေထက် ကြီးပြီး မြင့်တဲ့ တခါတရံ လည်ပင်းကို ထိ​နေတတ်တဲ့ လည်​​ထောင်ကော်လံ​တွေပဲ ဖြစ်ပါတယ်။

အ​ရောင်အသုံးပြုပုံများကို ကြည့်မယ်ဆိုရင် ဇာတ်​ကောင် စိတ်ခံစားမှု​ အလိုက် သုံးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်​ကောင်​တွေရဲ့ စိတ်ခံစားမှု ပြင်းထန်​လေ​လေ ​နွေး​ထွေးတဲ့ အ​ရောင်​တွေကို သုံး​လေ​လေ ဖြစ်ပြီး​တော့ ​အေးစက်တဲ့ အ​ရောင်​တွေကြားထဲမှာ​တော့ လှို့ဝှက်ဆန်းကြယ်မှု​တွေနဲ့ ဝမ်းနည်းပူ​ဆွေးမှု​တွေကို ​ဖော်ပြထားပါတယ်။ In the Mood for Love မှ Mrs. Chan ရဲ့ ဝတ်စုံ​ အ​​ရောင်​တွေဟာ ​ရော​ထွေး​နေတဲ့ ခံစားချက် ၂ခုကို ​ဖော်ပြ​နေပါတယ်။

စကား​ပြော အနည်းငယ်သာ ပါတဲ့ In the Mood for Love ရုပ်ရှင်ဟာ​ဆိုရင် ဇာတ်​ကောင်တွေရဲ့ ​ပြောင်​မြောက်တဲ့ သရုပ်​​ဆောင်မှုနဲ့ အတူ အဝတ်စားဖက်ရှင်​တွေက ဇာတ်လမ်း အစအဆုံး သရုပ်​ဖော်ထားပါတယ်။ ​တုန်ခါ​နေတဲ့ ​နောက်ခံတီးလုံး​တွေ၊ အ​ရောင်အ​သွေး စုံလင်ပြီး တိကျ​ကောင်းမွန်စွာ ​ဖော်ပြထားတဲ့ ဝတ်စုံ​တွေက​တော့ မဖြစ်နိုင်​တဲ့ အချစ်တစ်ခု​ကြောင့် ခံစားရတဲ့ စိတ်ခံစားချက်​တွေကို ​ဖော်ပြ​နေပါတယ်။

Editor: Jeune

fashionIn the mood for LoveLUSH DAILYLUSH June 2020LUSH Magazine Myanmar
0
Facebook Twitter Google + Pinterest
Lush Editor

previous post
ကိုလိုနီခေတ်ဒီဇိုင်းနဲ့ ခန့်ထည်နေဆဲဖြစ်တဲ့ ရန်ကုန်မြို့လယ်က စကော့ဈေးကြီး
next post
How to sunscreen after lock downs loosen

Recommended

အသက်အငယ်ဆုံး Self-made Billionaire ဖြစ်လာတဲ့ Kylie Jenner

March 7, 2019

ခေတ်မီတဲ့မြို့တော်ရန်ကုန်ကို အထောက်အကူဖြစ်စေမယ့် Mottama Development Group ရဲ့ စီမံကိန်း ၅...

July 3, 2019

Digital Ageing – Solution to blue light effect

June 12, 2020

Dad Shoes: Fashion Vocabulary

January 2, 2020

ဂျပန်မှာဆူရှီဘယ်လိုစားကြမလဲ

September 6, 2019

Umbrella – Fashion Vocabulary

August 29, 2019

Stress Solution

May 18, 2020

စကားများကြတဲ့အခါ ဘယ်လိုနည်းလမ်းတွေနဲ့ အကောင်းဆုံး ဖြေရှင်းကြမလဲ။

March 5, 2019

ပုန်းကွယ်နေတဲ့ အလှစစ်ကိုရှာဖွေခြင်း

August 16, 2019

MTV VMAs 2020 က best hair and makeup...

September 1, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem