Alicia Keys ရဲ့ မိတ်ကပ်မလိမ်းပဲ လှနေတဲ့သူ့ရဲ့အသားအရေကိုအားကျနေတဲ့သူတွေရှိလား? အခုတော့ အားကျရုံလေးတင်ကျေနပ်နေစရာမလိုတော့ပါဘူး၊ Alicia Keys ကိုယ်တိုင်ထုတ်မယ့် lifestyle beauty brand နဲ့ ကိုယ်တိုင်လှလို့ရတော့မှာပါ။ ဒီ brand ကို Alicia Keys က သူ့ရဲ့ အကြိုက်ဆုံး drugstore brand ဖြစ်တဲ့ e.l.f. Cosmetics နဲ့ ပူးပေါင်းပြီးတော့ ထုတ်လုပ်သွားမှာပါ။ ဒီလိုပူးပေါင်းပြီး beauty brand တစ်ခုထုတ်မယ့်သတင်းကို သြဂုတ်လတုန်းက ကြေညာခဲ့တာဖြစ်ပြီးတော့ အဲ့တုန်းက brand name နဲ့ ထုတ်လုပ်မယ့်ရက်အတိအကျကိုမပြောခဲ့ပါဘူး။
အခုတော့ သူက brand name နဲ့ launch လုပ်မယ့်ရက်ကိုကြေညာလိုက်ပါပြီ။ brand နာမည်ကိုတော့ Keys Soulcare လို့ပေးထားပြီး စက်တင်ဘာ ၂၉ ရက်နေ့မှာ launch လုပ်သွားမှာပါ။ စျေးနှုန်းတွေကိုတော့ မပြောထားသေးပါဘူး။ ဒီ beauty brand က dermatologist-developed လည်းဖြစ်သလို cruelty-free လည်းဖြစ်ပါတယ်။ products တွေကို body, spirit, mind နဲ့ connection ဆိုတဲ့ အချက်လေးချက်ကို အခြေခံပြီးထုတ်လုပ်သွားမှာလို့လည်း သိရပါတယ်။
Alicia Keys က ၂၀၁၆ တုန်းက heavy makeup တွေလိမ်းတာတွေကို ရပ်တော့မယ့်အကြောင်း ကြေညာခဲ့သလို မိတ်ကပ်ပါးပါးပဲလိမ်းတာမျိုး၊ မိတ်ကပ်လုံး၀မလိမ်းတာမျိုးပဲ နေလေ့ရှိပါတယ်။ သူက beauty industry ထဲ၀င်လာပြီဆိုတော့ skincare နဲ့ပတ်သက်တာပဲထုတ်မှာလား? Makeup တွေရော ထုတ်သွားမှာလားဆိုတာကိုတော့ အားလုံးကစိတ်၀င်စားနေကြပါတယ်။