အမေရိကန် fashion brand တစ်ခု ဖြစ်တဲ့ coach ရဲ့ ပဲကိုင်ရှင်တစ်ဦးဖြစ်သူ Creative Director “Stuart Vevers” က သူ့ရဲ့ နွေဦးရာသီ 2021 collection နဲ့ ပတ်သက်ပြီး digital နည်းပညာနဲ့ ပြသဖို့ စီစဉ်ထားကြောင်းထုတ်ပြန်ခဲ့ပါတယ်။
သူ့ရဲ့ နွေဦးရာသီ 2021 collection အတွက် coach ရဲ့ အတိတ်က မော်ကွန်းဝင်ပစ္စည်းတွေကို အခြေခံပြီး အသစ်ပြန်လည်ဖန်တီး ထားတာတွေ့ရပါတယ်။
ယနေ့ခေတ် ယေဘူယျ ဆန်ဆန် လည်ပတ်နေတဲ့ fashion ယန္တယားကြီးမှာ အတွေးအခေါ်အသစ် တီထွင်ဖန်တီးမှုအသစ် ပစ္စည်းအသစ် အစရှိတဲ့ အသစ်အသစ်တွေ ကြားက ဖောက်ထွက်ပြီး အတိတ်က fashion design တွေနဲ့ Coach ရဲ့ အမွေအနှစ်တွေ ကို ပြန်လည်အသုံးချပြီး ပိုပြီး ခိုင်ခံ့တဲ့ Brand အနာဂတ်အတွက် ဇာတ်အိမ်အသစ်တစ်ခု တည်ဆောက်နေတယ်လို့ဆိုနိုင်ပါတယ်။
အရင်ထက်ပိုပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ အရာတွေနဲ့ ဖန်တီးထားတာဖြစ်လို့ fashion field ထဲကလူတွေ အပြင် တခြား ပြင်ပပရိတ်သတ်တွေကိုပါဆွဲဆောင်နိုင်ဖို့ Vevers ကို မျှော်လင့်ထား ကြောင်း Coach ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ထားပါတယ်။ Affordable premium brand တစ်ခု ဖြစ်တဲ့ Coach ရဲ့ Covid 19 ကာလ digital runway show က အရင်နဲ့ မတူပဲ Vevers ကြိုက်နှစ်သက်တဲ့ item တွေကို စုပြီး ပြန်လည်ဆန်းသစ်ထားတာဖြစ်လို့ fashion ကိုချစ်မြတ်နိုးသူတိုင်း ကြည့်သင့်တဲ့ show တစ်ခု ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
“Coach Forever” Show ကိုကြည့်လို့ရမဲ့ link ကိုအောက်မှာ ထည့်ပေးထားပြီးတော့ coach ရဲ့ နွေဦးရာသီ 2021 Collection လေးရဲ့ ကောင်းနိုးရာရာပုံလေးတွေကို ကောက်နုတ်ဖော်ပြလိုက်ရပါတယ်။
LUSH & Thi’s Fashion Alliances Collaboration
https://www.vogue.com/fashion-shows/spring-2021-ready-to-wear/coach/slideshow/collection#1
https://www.newsbreak.com/news/2051935390849/coach-to-blend-archival-new-pieces-in-spring-show