LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTY

သင့်ကို ဒွိဟဖြစ်​စေတဲ့ ကျန်းမာတဲ့ အစားအစာများ

written by Jeune October 12, 2020
သင့်ကို ဒွိဟဖြစ်​စေတဲ့ ကျန်းမာတဲ့ အစားအစာများ

သင့်ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတဲ့ အစားအစာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တချို့ကလည်း ဒီအစားအသောက်တွေက သင့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်လို့ ပြောကြပါတယ်။ ကော်ဖီ၊ ဝိုင်၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေသာမက သစ်သီးဝလံတွေကလည်း သင့်ကို ဒွိဟ ဖြစ်စေတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ ဘယ်အစားအသောက်က သင့်ကို အမှန်တကယ် ကောင်းကျိုးပေးလဲ။ ပြီးတော့ ဘယ်လို စားသုံးခြင်းက မှန်ကန်တဲ့ စားသုံးခြင်းမျိုးလဲဆိုတာ ဖော်ပြပေးထားပါတယ်။

လူတွေ အပြောအများဆုံး ဖြစ်တဲ့ ကော်ဖီနဲ့စကြရအောင်။ ကော်ဖီရဲ့ ကျန်းမာစေတဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး တိတိကျကျ မပြောနိုင်ကြတာ များပါတယ်။ သင့်ပတ်ဝန်းကျင်မှာ ကြားဖူးထားတဲ့ အကြောင်းရာတွေ ဖြစ်နိုင်ပေမယ့် ကော်ဖီရဲ့ အကျိုးကျေးဇူးတွေက အများကြီးရှိပါတယ်။ antioxidants ဓါတ် ကြွယ်ဝလို့ ရောဂါအများစု ဖြစ်ပွားခြင်းမှကာကွယ်ပေးပါတယ်။ ဒါပေမယ့် လူအချို့အတွက် အိပ်စက်ခြင်းကို နှောက်ယှက်နိုင်တဲ့ လှုံ့ဆော်မှု တစ်ခုဖြစ်တဲ့ ကဖိန်းဓါတ်လဲ ပါဝင်ပါတယ်။ ကော်ဖီစေ့တွေမှာ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်တဲ့ သဘာဝဓါတ်တွေ ပါဝင်ပါတယ်။ ၂၄၀ မီလီလီတာ ရှိတဲ့ ပုံမှန်ကော်ဖီ တစ်ခွက်မှာ Vitamin B1, B2, B3, B5, Folate, Manganese, Potessium, Magnesium နဲ့ Phosphorus ဓါတ်တွေ ပါဝင်ပါတယ်။ အနောက်တိုင်းရဲ့ diet အစီစဉ်တွေမှာ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေထက် ကော်ဖီက အဓိက အစားအစာ အနေနဲ့ ပါဝင်နေပါတယ်။
ကဖိန်းဓါတ်ဟာ ကမ္ဘာပေါ်မှာ အများဆုံး ထင်ရှားတဲ့ စိတ်ကို ပြောင်းလဲစေတဲ့ ဓါတ်တစ်မျိုး ဖြစ်ပါတယ်။ လက်ဖက်ရည်၊ ချောကလက်တွေမှာလည်း ကဖိန်းဓါတ်ပါဝင်ပေမယ့် ကော်ဖီလောက်တော့ မများပါဘူး။ ပုံမှန် ကော်ဖီတစ်ခွက်မှာ ကဖိန်းဓါတ် 100 mg ပတ်ဝန်းကျင် ပါဝင်ပါတယ်။ ကဖိန်းဓါတ်ဟာ သင့် ဦးနှောက်ထဲမှာ adenosine လို့ခေါ်တဲ့ ဦးနှောက်ဟော်မုန်းရဲ့ လုပ်ဆောင်မှုကို ပိတ်ပင်တားဆီးလိုက်ပါတယ်။ Adenosine ကို ပိတ်ဆို့လိုက်ခြင်းကြောင့် ကဖိန်းဓါတ်ဟာ သင့် ဦးနှောက်ရဲ့ လှုပ်ရှားမှုတွေကို တိုးပွားစေပြီး ပင်ပန်းမှုကို လျော့နည်းစေပြီး သင့်ကို ပိုမိုနိုးကြားစေတဲ့ nuropinephrine နဲ့ dopamine တို့လို ဓါတ်တွေကို ထုတ်လွှတ်ပေးပါတယ်။
လေ့လာမှုတွေအရ ကဖိန်းဓါတ်ဟာ တိုတောင်းတဲ့ အချိန်မှာ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို မြင့်မားစေပြီး ဒီ မြင့်မားမှုက စိတ်ခံစားမှုတွေကို ကောင်းမွန်စေခြင်း၊ တုံ့ပြန်မှု မြန်ဆန်စေခြင်း၊ သတိရှိစေခြင်းနဲ့ သိမြင်နိုင်မှုတွေကို တိုးတက်စေပါတယ်။ ဇီဝ ဖြစ်ပျက်မှုကို ၁၁ ရာခိုင်နှုန်းအထိ တိုးစေပြီး လေ့ကျင့်ခန်းလုပ်တဲ့ အခါ မူလထက် ၁၂ ရာခိုင်နှုန်းအထိ ပိုပြီး ထိရောက်စေပါတယ်။ ဒါပေမယ့် ဒီအကျိုးသက်ရောက်မှုတွေက အချိန်တိုအတွင်း ဖြစ်စေတာမျိုးပဲဖြစ်တဲ့အတွက် ကော်ဖီကို နေ့တိုင်းသောက်သုံးပါက ခံနိုင်ရေရှိပြီး ဒီ အကျိုးသက်ရောက်မှုတွေက လျော့နည်းလာနိုင်ပါတယ်။


ကော်ဖီသောက်သုံးခြင်းဟာ အာရုံကြောဆိုင်ရာရောဂါတွေဖြစ်တဲ့ အယ်လ်ဇိုင်းမားနဲ့ ပါကင်ဆန်ရောဂါတို့ကို ကာကွယ်ပေးပါတယ်။ ဆီးချိုရောဂါနဲ့ အသည်းရောဂါတွေ ဖြစ်ပွားနှုန်းကိုလဲ လျော့ကျစေပါတယ်။ ဒါတင်မက ကော်ဖီ သောက်သုံးသူတွေဟာ စိတ်ဓါတ်ကျခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းတွေလည်း ကော်ဖီ မသောက်သုံးသူတွေထက် လျော့နည်းပါတယ်။
ဒါပေမယ့် ကော်ဖီ သောက်သုံးခြင်းရဲ့ ဆိုးကျိုးတွေကိုလဲ မေ့ထားလို့မရပါဘူး။ ရင်တုန်ခြင်း၊ စိတ်လှုပ်ရှားခြင်းနဲ့ အိပ်မပျော်ခြင်းစတဲ့ ဆိုးကျိုးတွေလည်း ရှိနေပါတယ်။ ကဖိန်းဓါတ်ဟာ စွဲလမ်းစေတဲ့ ဓါတ်ဖြစ်ပြီး ကော်ဖီ အမြဲသောက်နေသူ တစ်ယောက်က အချိန်တန်လို့ ကော်ဖီမသောက်ဖြစ်ရင် ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ စိတ်တို ဒေါသထွက်လွယ်ခြင်းတွေ ဖြစ်စေပါတယ်။
အရေးကြီးတဲ့အချက်ကတော့ ကော်ဖီရဲ့ ကောင်းကျိုးတွေကို အမြင့်ဆုံး မြှင့်ပြီး ဆိုးကျိုးတွေကို ဖယ်ရှားပြီး သောက်သုံးရမှာပဲ ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ သကြားများများ ထည့်ပြီး မသောက်သုံးသင့်ပါဘူး။ တစ်နေ့ကို အများဆုံး ၂ ခွက်အထိပဲ သောက်သုံးခြင်းကလည်း သင့်ကို ကော်ဖီ စွဲလမ်းတဲ့ နှုန်းကို လျော့နည်းစေမှာပါ။ ဒါဆို ကော်ဖီကို သောက်သုံးသင့်လားဆိုရင်တော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကတော့ လုံးဝ မသောက်သုံးသင့်ပါဘူး။ စိတ်လှုပ်ရှားလွယ်တဲ့သူတွေ၊ သွေးတိုးရောဂါရှိသူ၊ အိပ်မပျော်တတ်သူတွေဟာ လုံးဝ မရှောင်နိုင်ရင်တောင် သောက်သုံးတဲ့ ပမာဏကို လျော့ချပေးဖို့လိုအပ်ပါတယ်။
လေ့လာတွေ့ရှိချက်တွေရဲ့ အများစုဟာ ကော်ဖီက သင့်ရဲ့ ကျန်းမာရေးကို မထိခိုက်စေပဲ အကျိုးပြုတဲ့ အစားအစာဆိုပြီး ဖော်ပြထားပါတယ်။ ပုံမှန် ကျန်းမာရေး ကောင်းနေတဲ့ လူတစ်ယောက်အတွက် ဖော်ပြထားတဲ့ အကျိုးကျေးဇူးတွေ ရစေပါတယ်။ လေ့လာမှုများစွာဟာ ကော်ဖီ သောက်ခြင်းနဲ့ ရောဂါရလဒ်တွေ ဆက်နွယ်မှုကို လေ့လာထားခြင်းဖြစ်ပေမယ့် အကျိုးသက်ရောက်မှုနဲ့ အကြောင်းရင်းကို အတိအကျ သက်သေပြနိုင်ခြင်းတော့ မရှိပါဘူး။ ဒါပေမယ့် ဒီလေ့လာမှုတွေဟာ ခိုင်မာပြီး အကြိမ်ပေါင်းများစွာ အချိန်ယူပြီး လေ့လာထားတာဖြစ်သလို သိပ္ပံဆိုင်ရာ အထောက်အထားတွေအရလည်း ကော်ဖီဟာ လူအမြောက်အများအတွက် ကျန်းမာရေး ကောင်းစေကြောင်း တွေ့ရှိထားပါတယ်။ ဒါကြောင့် ကော်ဖီဟာ ရေနွေးကြမ်းလိုပဲ ကျန်းမာစေတဲ့ ဖျော်ရည် တစ်မျိုး ဖြစ်တာကတော့ ငြင်းလို့ မရပါဘူး။


သစ်သီးတွေကလည်း သင့်ကျန်းမာရေးနဲ့ သင့်အသားအရေအတွက် ကောင်းမွန်တဲ့ အစားအသောက်ဆိုတာကို အားလုံး လက်ခံထားပါတယ်။ ဒါပေမယ့် ဒီလို ကောင်းမွန်တဲ့ အစားအသောက်ကို စားသောက်ပုံ နည်းလမ်းမကျရင် သင့်ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ သင့်အရေပြားသာမက ဆံပင်နဲ့ မျက်လုံးတွေကို အကျိုးပြုစေတဲ့ copper၊ မယ်လမင်းနဲ့ အရေပြားဆဲလ်တွေ ညစ်ညမ်းမှု သို့မဟုတ် နေရောင်နဲ့ ထိတွေ့မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးမှုများကို လျော့နည်းစေတဲ့ အစွမ်းထက် antioxidant ဖြစ်တဲ့ Vitamin C ပါဝင်တဲ့ ပန်းသီးဟာ သင့်ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်တာကြောင့် an apple a day keeps the doctor away လို့တောင် ပြောကြပါတယ်။ Vitamin C ပါဝင်တဲ့ အစားအသောက်တွေကို Vitamin E ပြည့်ဝစွာ ပါဝင်တဲ့ အစားအသောက်တွေနဲ့ တွဲစားပေးရင် အရေပြားကို နေရောင်ခြည် အလွန်အကျွံ ကျရောက်ခြင်းမှ ကာကွယ်ပေးပါတယ်။ အခြား Vitamin C ကြွယ်ဝတဲ့ အစားစာတွေကတော့ အနီရောင်နဲ့ အစိမ်းရောင် ငရုတ်ပွ၊ စတော်ဘယ်ရီ၊ ကီဝီ၊ လိမ္မော်သီး၊ ကိုက်လန်၊ ဟင်းနုနွယ်ရွက်နဲ့ ပန်းဂေါ်ဖီစိမ်းတို့ပဲ ဖြစ်ပါတယ်။ သဘာဝက ရတဲ့ Vitamin C ကို စားသုံးပေးခြင်းကတော့ အကောင်းဆုံးဖြစ်ပြီး ဆေးဝါးတွေကရတဲ့ Vitamin C ကတော့ ဆရာဝန် ညွှန်ကြားချက်အရသာ သောက်သုံးသင့်ပါတယ်။

အနီရောင် ဝိုင်ဟာ သင့်ရဲ့ အရေပြားအတွက် အကောင်းဆုံးလို့ ပြောကြတယ်။ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပြီး သဘာဝအတိုင်း လှပတဲ့ အသားရေကို ရရှိစေပါတယ်။ ရောင်ရမ်းခြင်းကို လျှော့ချပေးပြီး ဝက်ခြံထွက်ခြင်းနဲ့ ချွေးပေါက်ကျယ်ခြင်းကို ကာကွယ်ပေးပါတယ်။ အနီရောင်ဝိုင်ဟာ သင့်ကိုယ်အလေးချိန်ကို ထိန်းညှိပေးတဲ့ HDL လို့ခေါ်တဲ့ သွေးတွင်း ကိုလတ်စထရောဓါတ်ကို မြှင့်တင်ပေးပါတယ်။ နှလုံးရောဂါ ဖြစ်ပွားမှုကို လျော့ကျစေပြီးတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။
အခြား သဘာဝ အစားအသောက်တွေ ဖြစ်တဲ့ လက်ဖက်ရည်၊ နွားနို့နဲ့ ကောက်နှံတွေ၊ အစေ့အဆန်တွေလဲ သင့်ကျန်းမာရေးနဲ့ အလှအပအတွက် အထောက်အကူ ပေးနိုင်ပါတယ်။
စစ်တမ်းတွေဟာ လူအများစု သို့မဟုတ် လူ အစုအဝေးတစ်ခုကို စစ်ဆေးထားတာ ဖြစ်တာကြောင့် လူတိုင်းနဲ့ သင့်တော်မယ်လို့ ပြောလို့မရပါဘူး။ လူတိုင်း လူတိုင်း ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစား၊ အရွယ်အစား၊ စားသောက်နေထိုင်ပုံ၊ လိုအပ်ချက်တွေ မတူညီနိုင်တာကြောင့် အကျိုးသက်ရောက်ပုံလဲ မတူညီနိုင်ပါဘူး။ ဒါကြောင့် အချို့လူတွေ အတွက် ကောင်းကျိုးပေးတယ်ဆိုတဲ့ အစားအစာတွေက အချို့အတွက်တော့ ဆိုးကျိုးဖြစ်စေပါတယ်။ ဒီနေရာမှာ သတိထားရမှာက တန်ဆေး လွန်ဘေး ဆိုတဲ့ စကားအတိုင်း သင့်တော်တဲ့ ပမာဏကို စားသုံးပေးမယ်ဆိုရင်တော့ အကောင်းဆုံး အကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်ပြီး ကိုယ်တိုင်ရဲ့ အခြေအနေကို သိပြီး လိုအပ်သလောက် အသုံးပြုပေးရင် ဘယ်အရာမဆို ကောင်းကျိုးတွေ ပေးမှာပဲ ဖြစ်ပါတယ်။

coffeeLSUH BEAUTYLUSH Magazine Myanmarwine
0
Facebook Twitter Google + Pinterest
Jeune

previous post
သင်ကိုယ်တိုင် မသိလိုက်တဲ့ Mask တွေရဲ့ နောက်ဆက်တွဲ ပြဿနာများ
next post
Less Is More: Minimalism

Recommended

ယ​နေ့​ခေတ်နဲ့ စစ်မှန်တဲ့အလှအပရဲ့ စံနှုန်း

October 16, 2020

LUSH Beauty Program – Less is more EP6...

July 23, 2019

Quarantine ကာလဖြစ်လည်း ထိန်းသိမ်းထားရမယ့် အလှတရား

June 1, 2020

Friends ပရိတ်သတ်တွေအကြိုက်တွေ့မယ့် Revolution Beauty x Friends collection

September 16, 2020

L’Oréal Paris ရဲ့ Skin Care Products တွေအကြောင်း တစေ့တစောင်း

January 9, 2019

Vaseline ကိုသုံးပြီး ပြင်ဆင်လို့ရတဲ့ အလှအပလျှို့ဝှက်ချက်များ

March 26, 2019

Stress Solution

May 18, 2020

Disney နဲ့ ပူးပေါင်းပြီး Frozen 2 Collection ထုတ်လုပ်လိုက်တဲ့ ColourPop

November 8, 2019

ဝက်ခြံကပြောပြနေတဲ့ သင့်အကြောင်း

July 13, 2020

Best Hair and Makeup Looks from Golden Globes...

January 7, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem