LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HEALTH & BEAUTY

Best Hair and Makeup Looks from Golden Globes 2020

written by Maeve January 7, 2020
Best Hair and Makeup Looks from Golden Globes 2020

မနေ့က ကျင်းပခဲ့တဲ့ Golden Globes 2020 ပွဲကို တက်ရောက်လာသူတွေရဲ့ Fashion အပြင်အဆင်တွေကိုတော့ အားလုံးပဲ ကြည့်ပြီးကြပြီထင်ပါတယ်။ Fashion တွေကို ကြည့်ပြီးကြပြီဆိုတော့ ပွဲတက်လာတဲ့သူတွေရဲ့ Hair and Makeup Looks တွေကိုလည်း ကြည့်လိုက်ကြရအောင်။ ဒီနှစ်က ဆံပင်အတိုတွေ၊ Glitter eyeshadow တွေ၊ ပါးပါးကြည်ကြည် makeup look တွေက အရင်ကထက်ပိုပြီး ခေတ်စားနိုင်လာတဲ့နှစ်တစ်နှစ်လို့လည်း ပြောလို့ရပါတယ်။

Jennifer Aniston

ဆံပင်ကို ရှိရင်းစွဲအတိုင်းချထားပြီးတော့ မိတ်ကပ်ကိုလည်း ပုံမှန်လေးပဲပြင်ထားတဲ့ သူရဲ့ပုံလေးက ရိုးရိုးရှင်းရှင်းလေးနဲ့လှနေပါတယ်။

Saoirse Ronan

Makeup Look ပါးပါးလေးနဲ့ Glitter eyeshadow Rose Gold အရောင်လေး နဲ့ နှုတ်ခမ်းနီပါးပါးလေးဆိုးထားတဲ့သူ့ရဲ့ look လေးကလည်း ပေါ့ပေါ့ပါးပါးလေးနဲ့ချစ်စရာကောင်းနေပါတယ်။

Winnie Harlow

ဝတ်ထားတဲ့ dress နဲ့လိုက်ဖက်လွန်းတဲ့ smokey eye makeup look ကိုမှ Nude Lipstick နဲ့တွဲဖက်ထားက တော်တော်ကိုကြည့်ကောင်းခဲ့ပါတယ်။

Cho Yeo Jeong

Parasite ဇာတ်လမ်းထဲက Cho Yeo Jeong ကလည်း Korean Makeup Look ဆိုတာ ဒီလိုပါဆိုပြီး သူမရဲ့အသားအရည်ကောင်းတာကိုပါတပါတည်း ပြသသွားခဲ့ပါတယ်။ Low bun လေးနဲ့တွဲဖက်ပြီး ကြည်လင်နေတဲ့အသားအရေ၊ မျက်တောင်ရှည်ရှည်လေးရယ်၊ လိမ္မော်နုရောင်နှုတ်ခမ်းနီလေးရယ်နဲ့ ကျက်သရေရှိတဲ့ makeup look လေးဖြစ်နေခဲ့ပါတယ်။

Jennifer Lopez

JLo ရဲ့ ကျစ်ဆံမြီးတွေအထပ်ထပ်ရစ်ပတ်ထားတဲ့ဆံထုံးက ပွဲရဲ့ Best Hair Look ထဲမှာ ပါကိုပါသင့်ပါတယ်။

Lucy Boynton

Festival makeup look မျိုးနဲ့အရမ်းကိုလှနေတဲ့ Lucy Boynton ကလည်း Glitter တွေက festival တွေမှာပဲသုံးရတာမဟုတ်ဘူးဆိုတာ လက်တွေ့ပြသွားခဲ့ပါတယ်။

Zoe Kravitz

Pixie Hair Cut ကိုမှ နှုတ်ခမ်းအနီရောင်လေးနဲ့တွဲဖက်ပြီး ရိုးရိုးရှင်းရှင်း Bold Makeup Look လေးနဲ့လှနေတဲ့ Zoe

Joey King

ဝတ်ထားတဲ့အဝတ်အစားနဲ့လိုက်ဖက်ညီတဲ့ ငွေရောင် glitter eyeshadow look ရယ်၊ nude lipstick ရယ်နဲ့လှနေတဲ့ Joey ကတော့ Best dress ရော၊ best makeup look ပါ ရထိုက်ပါတယ်။

Margot Robbie

Beach wave hair လေးနဲ့လှချင်တိုင်းလှနေတဲ့ Margot

Ansel Elgort

မျက်လုံးထောင့်နားကို Glitter Eyeshadow တင်ထားတဲ့ Ansel ရဲ့ Eye makeup look ကလည်း ယောကျာ်းလေးတွေအတွက် inspire ယူစရာ look တစ်ခုဖြစ်လာပါတယ်။ ယောကျာ်းလေးဆန်တဲ့ look မျိုးလည်းမပျောက်ပျက်သွားတာမို့ Festival တွေသွားရင်ပဲဖြစ်ဖြစ် try ကြည့်သင့်ပါတယ်။

Rooney Mara

Rooney Mara ရဲ့ ငွေရောင်ကျောက်တွေနဲ့အလှဆင်ထားတဲ့ ဘေးနှစ်ဖက်စီးထားတဲ့ဆံထုံးလေးက Star Wars ထဲက Princess Leia ကိုတောင် သတိရစေခဲ့ပါတယ်။

Priyanka Chopra

ပန်းနုရောင်ပါးနီလေးရယ်၊ နှုတ်ခမ်းအနီရောင်လေးရယ်နဲ့ ဆံပင်အလိပ်လေးတွေလိပ်ထားတဲ့ Chopra ရဲ့အလှကလည်း ရိုးရိုးလေးနဲ့လှနေခဲ့ပါတယ်။

Awkwafina

Golden Globe Award ရဲ့ Lead actress film category မှာ အာရှရဲ့ပထမဆုံး winner ဖြစ်ခဲ့တဲ့ Awkwafina ရဲ့ ငွေရောင်တလက်လက်နဲ့ Glitter eyeshadow၊ Eyeliner ထူထူ၊ ပန်းရောင်ပါးနီ နဲ့ အနီရောင်တောက်တောက်နှုတ်ခမ်းနီ makeup look လေးကလည်း Best makeup look ထဲမှာ ပါဝင်သင့်ပါတယ်။

Jason Momoa

Best Hair ထဲမှာ Jason Momoa ကိုလည်း ချန်ထားလို့မရပါဘူး။ ဆံပင်ရှည်ပေမဲ့ သပ်သပ်ရပ်ရပ်နဲ့ smart ကျနေတဲ့ ရေဘုရင်ကြီးက ဆံပင်ရှည်ထားရတာကြိုက်တဲ့ယောကျာ်းလေးတွေအတွက် Inspire ယူစရာ ဖြစ်ခဲ့ပါတယ်။

Cate Blanchett

Cate Blanchett ရဲ့ နူးညံ့ပြီးလှပတဲ့အသွင်ကိုပေါ်လွင်စေတဲ့ updo hairstyle လေးကလည်း ကပိုကရိုလေးဆိုပေမဲ့ သိမ်မွေ့နူးညံတဲ့သူမရဲ့အလှကို ထင်ဟပ်စေခဲ့ပါတယ်။

fashionGolden GlobesHair and Makeup LooksLUSH Beauty & SoulLUSH January 2020LUSH Magazine Myanmar
0
Facebook Twitter Google + Pinterest
Maeve

previous post
Ever-Changing Fashion Trends
next post
Pronovias နဲ့ Ashley Graham တို့ပူးပေါင်းပြီး ထုတ်လုပ်လိုက်တဲ့ Plus Size Wedding Dress Collection

Recommended

မျက်နှာပေါ်လုံးဝမတင်သင့်တဲ့ အရာများ

January 24, 2020

How to sunscreen after lock downs loosen

June 9, 2020

သင့်ကို ဒွိဟဖြစ်​စေတဲ့ ကျန်းမာတဲ့ အစားအစာများ

October 12, 2020

Gel လက်သည်းနီကို နည်းမှန်မှန်နဲ့ ဖျက်ဖို့ရာ

February 27, 2019

ကိုဗစ်ကာလ လူငယ်တို့ရဲ့ Gym ယဉ်ကျေးမှု

June 23, 2020

Workouts for bride to be

December 4, 2018

Easy Eye Makeup Looks

June 3, 2020

ပြောင်းလဲလာတဲ့ Plastic Surgery ရေစီးကြောင်းများ 

July 26, 2019

Less is More – LUSHbeauty with Kaung Pyae...

December 16, 2018

ဒီနှစ်ဆောင်းတွင်းမှာ ခေတ်စားမယ့် ဆံပင်အရောင်တွေ

October 27, 2023

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem