The Simpsons လို့ပြောလိုက်တာနဲ့ အဝါရောင်ကာတွန်းဇာတ်ကောင်တွေ၊ ဟောကိန်းထုတ်ထားသလားလို့ထင်ရအောင် လက်တွေ့နဲ့တထပ်တည်းကျနေတဲ့ ဇာတ်ဝင်ခန်းတွေကို ပြေးမြင်ကြမယ်ထင်ပါတယ်။ ဒီ The Simpsons sitcom ကာတွန်းကားထွက်ရှိလာခဲ့တာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက နှစ် ၃၀ ပြည့်သွားခဲ့ပါပြီ။ အခု Vans က The Simpsons ရဲ့နှစ် ၃၀ ပြည့်ကို ဂုဏ်ပြုတဲ့အနေနဲ့ The Simpsons နဲ့ ပူးပေါင်းပြီး collection အသစ်တစ်ခု ထွက်ရှိလာပါတယ်။
Collection ထဲမှာ ဖိနပ်၊ အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေပါပါတယ်။ အဓိကဇာတ်ကောင် ၅ ယောက်ရဲ့ပုံရိပ်တွေ နဲ့ အထင်ကရဖြစ်တဲ့ ဇာတ်ကောင်တွေရဲ့ ပုံရိပ်တွေကို တွေ့ရမှာပါ။ ဖိနပ်တွေထဲမှာဆို “El Barto” ပုံနဲ့ Chukka Pro ဖိနပ်၊ Lisa Simpson ပုံပါတဲ့ Sk8-Hi၊ Itchy နဲ့ Scratchy ပုံလေးတွေနဲ့ Old Skool ဖိနပ်၊ Homer Simpson ရဲ့ အကြိုက်ဆုံးဒိုးနပ်တွေရဲ့ပုံစံကို inspire ယူထားတဲ့ color block ဒီဇိုင်းတွေနဲ့ Slip-On Pro နဲ့ Slide-On sandal ဖိနပ်တွေပါပါတယ်။
အဝတ်အစားတွေထဲမှာ The Simpsons မိသားစုတစ်စုလုံးရဲ့ပုံ နဲ့ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ပုံတွေပါတဲ့ graphic tee တွေ၊ shirt အင်္ကျီ၊ sweatshirt နဲ့ hoodies တွေပါပါတယ်။ accessories ထဲမှာဆို bucket hats၊ ဦးထုပ်၊ skate backpack၊ side bags နဲ့ ခြေအိတ်တွေပါပါတယ်။ ဒီ collection အပြည့်အစုံကို လာမယ့် သြဂုတ် ၇ ရက်နေ့မှာ Vans website မှာ စတင်ဖြန့်ချိသွားမှာပါ။ ပုံအသေးစိတ်ကို အောက်မှာကြည့်နိုင်ပါတယ်။
Photos credit: Vans