LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
GET FIT & WELLNESSLUSH DAILY

Worst Habits for Belly Fat and How to Overcome these Habits

written by Eain Chu June 10, 2019
Worst Habits for Belly Fat and How to Overcome these Habits

ပိန်ပိန် ဝဝ လူတိုင်းရဲ့ ဝမ်းဗိုက်မှာ အဆီတွေရှိနေတာတော့ ငြင်းမရတဲ့အချက်တစ်ချက်ပါပဲ။ ဝမ်းဗိုက်မှာ အဆီ ရှိခြင်းဟာ ကျန်းမာရေးကို ဆိုးရွာစွာ ထိခိုက်နိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကိုယ်တွင်းကလီစာတွေကိုလည်း ထိခိုက်နိုင်သလို နှလုံးရောဂါ၊ ဆီးချိုရောဂါ အစရှိတဲ့ ရောဂါတွေလည်း ဖြစ်နိုင်တာ မို့လို့ပါ။ အဲဒါဆိုရင် ဘယ်လိုအပြုအမူတွေကြောင့် ဝမ်းဗိုက်မှာ အဆီတွေစုရတာလည်း ဘယ်လိုမျိုးပြုပြင်နေထိုင်မယ်ဆိုရင် ဝမ်းဗိုက်မှာ အဆီစုတာတွေကို လျော့ချနိုင်မလည်းဆိုတာ ဆက်ပြီးတော့ ဖတ်ကြည့်လိုက်ကြရအောင်။

၁။ Social Media ပေါ်မှာ အချိန်ကုန်တာများနေခြင်း

ကိုယ်ရဲ့ တစ်နေ့တာ အချိန်အများစုကို social media ပေါ်မှာ ကိုယ်ကိုယ်တိုင်တောင် မသိလိုက်ဘဲ ကုန်ဆုံးလိုက်တဲ့အချိန်တွေ များစွာရှိပါတယ်။ ကိုယ်ကတော့ အလုပ်ရှိလို့ social media ကို အသုံးပြုတာမှန်ပေမယ့် ထိုင်ခုံမှာ ထိုင်နေရတဲ့ အချိန်တွေ ပိုများတဲ့အတွက် အထိုင်အထနည်းတာကြောင့် ဗိုက်မှာအဆီတွေစုပြီး လေးလေးပင်ပင်ဖြစ်လာကြတာပါပဲ။ ဒါကြောင့် အလုပ်တစ်ခုလုပ်ပြီးသွားတိုင်း (၅)မိနစ်လောက် လမ်းလျှောက်ပေးတာပဲဖြစ်ဖြစ် ပြုလုပ်ပေးဖို့ အကြံပေးပါရစေ။

၂။ ဖျော်ရည်သောက်သုံးခြင်းမှာ ကိုယ့်ကျန်းမာရေးကို အထောက်အကူမပြုနိင်ခြင်း

Energy Drinks တွေ Juice ဖျော်ရည်တွေ သောက်သုံးခြင်းက ခန္တာကိုယ်မှာ လိုအပ်တဲ့ အမျှင်ဓာတ်ကိုလည်း မဖြည့်တင်းနိုင်သလို ဒီလို ဖျော်ရည်တွေမှာ ပါဝင်တဲ့ အချိုတွေက သကြားဓာတ်ကို ပိုမိုများပြားစေပြီး ဝမ်းဗိုက်မှာ အဆီတွေ စုနိုင်ပါတယ်။ ဒါကြောင့် သဘာဝအသီးနှင့်ပြုလုပ်ထားတဲ့ ဖျော်ရည်တွေကို ပိုမိုသောက်သုံးပေးခြင်းအားဖြင့် ခန္ဓာကိုယ်တွင်း လိုအပ်တဲ့အမျှင်ဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်သလို ကျန်းမာရေးနဲ့ ပိုမိုညီညွှတ်တာကြောင့် သဘာဝအသီးဖျော်ရည်ကိုသာ သောက်သုံးစေချင်ပါတယ်။

၃။ ကိုယ့်စိတ်ကို အလိုလိုက်ပြီး စားချင်တာတွေကို စားမိခြင်း

စိတ်ညစ်လည်း စားမယ်၊ ပျော်လည်းစားမယ် ဘာလာလာ စားမယ်ဆိုတဲ့သူတွေကတော့ ဝမ်းဗိုက်မှာ အဆီတွေစုပြီး ဗိုက်ခေါက်လေး ထွက်နေမှာအမှန်ပါပဲ။ မိန်းကလေးတွေအနေနဲ့ ဓမ္မတာလာတဲ့အချိန်တွေဆိုရင် နာကျင်ကိုက်ခဲမှုတွေ စိတ်ဖိစီးမှုများရတာတွေကို အစားတွေအများကြီးစားပြီး ဖြေသိမ့်တတ်ကြပါတယ်။ တကယ်ဆိုရင် ဒါက နည်းလမ်းမမှန်ကန်ဘူးလို့ပဲ ဆိုရမှာပါ။ ကိုယ့်စိတ်အခြေအနေ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ ပုံမှန် စားသောက်နေထိုင်မှုပုံစံအတိုင်း စားသောက်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။

၎။ လေ့ကျင့်ခန်း မှန်မှန် မပြုလုပ်ခြင်း

ဝမ်းဗိုက်မှာ အဆီတွေရှိလို့ အဆီချမယ်ဆိုပြီး diet တွေချည်းလုပ်နေလို့လည်း အဆီတွေ ကျလာဖို့ အခွင့်အရေးများပေမယ့် လေ့ကျင့်ခန်းလေးသာ တွဲလုပ်ပေးမယ်ဆိုရင် ဝမ်းဗိုက်မှာရှိတဲ့ အဆီတွေ ပိုကျလာမှာပါ။ လေ့ကျင့်ခန်းလုပ်ရင်း ကြွက်သားတွေက လှုပ်ရှားရတဲ့အတွက် အသိသာဆုံးနေရာကတော့ ခါးပတ်ပတ်လည်က အဆီတွေအရင်ဆုံး ကျသွားတာကို ခံစားရမှာပါ။ ဒါကြောင့် တစ်နေ့ကို မိနစ် သုံးဆယ်လောက် အချိန်ပေးပြီးတော့ လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။

၅။ အစားအသောက်ပုံစံ မမှန်ကန်ခြင်း

အစားအစာအုပ်စုကြီး (၃)အုပ်စုကိုတော့ ကိုယ်ရဲ့ ပန်းကန်ထဲမှာ အညီအမျှရှိရမယ်ဆိုတာတော့ အားလုံးပဲ သိထားကြမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒီနေရာမှာ ကိုယ်က အသီးအရွက်မကြိုက်လို့ အသီးအရွက် ဖယ်စားတာဖြစ်ဖြစ် ဒီလိုမျိုးအပြုအမူတွေကြောင့်လည်း ဝမ်းဗိုက်မှာ အဆီတွေရှိနေတတ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ အစားအသောက် အချိန် မမှန်တာကြောင့်လည်း အဆီတွေစုနေတတ်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ တီဗီရှေ့မှာ ထမင်းစားတာတို့ ကိုယ်အလုပ်စားပွဲမှာတင် ထမင်းစားခြင်းက အထိုင်အထ နည်းပြီး စားသမျှ အစားအသောက်တွေရဲ့ အဆီတွေက ဝမ်းဗိုက်မှာ သွားစုနိုင်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အလုပ်များများ အစားအသောက်ကို အချိန်မှန်မှန် စားပေးဖို့ရယ် ထမင်းစား စားပွဲမှာသာ စားဖို့ရယ် အစားအစာအုပ်စု အစုံအလင်စားပေးပါလို့ အကြံပေးပါရစေ။

အခုပြောပြသွားတဲ့အချက်တွေက ကိုယ်ကိုယ်တိုင် ပြုပြင်ပြီး လိုက်လုပ်လို့ရတဲ့အချက်တွေပဲ မို့လို့ အပျင်းတစ်မနေဘဲ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ အခုပဲ လိုက်လုပ်ကြည့်လိုက်ရအောင်။

Editor: Eain Chu

LUSH DAILYLUSH get fitLUSH June 2019LUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Eain Chu

previous post
10 Anti-Aging Food to Support Your Body
next post
University Student တွေအတွက် အချိန်ကုန်သက်သာပြီး ပြင်ဆင်ရလွယ်ကူတဲ့ French-Girl Makeup Look

Recommended

Sims4 နဲ့ MAC တို့ collaborate လုပျထားတဲ့ Sims4 customized...

June 27, 2020

Best Dresses from Critics’ Choice Awards 2020

January 14, 2020

Signs of A Shallow Person

March 18, 2019

Rihanna ရဲ့ FENTY ကနေ အသစ်ထွက်ရှိလာတဲ့ နေကာမျက်မှန်တွေ

May 14, 2020

Perfect Bedroom Layout 

July 13, 2020

ဝက်ခြံကပြောပြနေတဲ့ သင့်အကြောင်း (အပိုင်း ၂)

July 21, 2020

Rihanna ရဲ့ Brand အသစ် “FENTY” ရဲ့ First Collection...

May 24, 2019

Dress Pants – Fashion Vocabulary

October 3, 2019

Umbrella – Fashion Vocabulary

August 29, 2019

Breast Cancer Awareness Campaign

October 15, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem