Hollywood ရဲ့ နာမည်ကျော်ပွဲတွေထဲက တစ်ပွဲဖြစ်တဲ့ Oscars ဆုပေးပွဲကြီးကတော့၂၀၁၉ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ညမှာ ကျင်းပလို့ ပြီးခဲ့ပါပြီ။ နာမည်ကျော်ပွဲတစ်ပွဲဖြစ်တဲ့အပြင် အစဉ်အလာရှိတဲ့ ပွဲကြီးတစ်ပွဲဖြစ်တဲ့အလျောက် ငွေကြယ်ပွင့်တွေဟာ ကော်ဇောနီပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင် လှနေကြတာ တွေ့ရမှာဖြစ်သလို မတူညီတဲ့ ဖက်ရှင်အမိုက်စားတွေကို ခံစားရမှာပါ။ သူတို့ဘယ်လိုဖက်ရှင်တွေနဲ့ ကော်ဇောနီလျှောက်လမ်းမှာ ပွဲခံခဲ့ကြသလဲဆိုတာကိုတော့ အောက်က ပုံတွေမှာ ကြည့်လိုက်ပါဦး။ အမိုက်ဆုံးနဲ့ အလှဆုံး ဖက်ရှင်တွေကိုပဲ ဦးစားပေး ရွေးချယ်ဖော်ပြပေးထားပါတယ်နော်။
Lady Gaga
Lady Gaga ရဲ့ အနက်ရောင်ဝတ်စုံကတော့ Alexander McQueen ကဖြစ်ပြီးတော့ Jewelry ကတော့ Tiffany & Co. က ပါ။
Emma Stone
Emma Stone ကတော့ Louis Vuitton ရဲ့ Glitzy ၀တ်စုံကို ၀တ်ဆင်လာခဲ့ပါတယ်။ အညိုရောင်နဲ့ ရွှေရောင်တွဲထားတဲ့ သူမရဲ့ ၀တ်စုံက အတွဲအစပ်ဟာ တကယ်အမြင်ဆန်းစေပါတယ်။
Tessa Thompson
Tessa Thompson ရဲ့ အနက်ရောင်ပေါ်မှာ ရွှေရောင် Glitter Line တွေပါတဲ့ ၀တ်စုံက Chanel က ဖြစ်ပါတယ်။
Kacey Musgraves
Kacey Musgraves ရဲ့ ချစ်စရာကောင်းတဲ့ ပန်းရောင်ဂါဝန်ကတော့ Giambattista Valli ရဲ့ လက်ရာပါ။ ပန်းရောင်ဟာ ဒီနှစ် Oscar Red Carpet ရဲ့ Color လို့တောင် တင်စားနိုင်ပါတယ်။
Brie Larson
Celine ရဲ့ ငွေရောင် Glitzy Dress ကတော့ Brie Larson ရဲ့ တော်တော်လေးလိုက်ဖက်နေတာ မြင်ရမှာပါ။ သူမရဲ့ ၀တ်စုံဟာ ရိုးရိုးရှင်းရှင်းနဲ့ လှတဲ့ ၀တ်စုံလေးပေါ့။
Charlize Theron
Charlie Theron ကတော့ Dior Haute Couture က အပြာနုရောင် ရိုးရိုးရှင်းရှင်းဝတ်စုံကို ၀တ်ဆင်ထားပြီး Jewelry ကတော့ Bulgari ကဖြစ်ပါတယ်။
Gemma Chan
Crazy Rich Asians ရဲ့ ငွေကြယ်ပွင့် Gemma Chan ၀တ်ဆင်ထားတဲ့ ပန်းရောင်တောက်တောက် ဂါဝန်ရှည်ကြီးက Valentino က ဖြစ်ပါတယ်။
Emilia Clarke
Emilia Clarke ၀တ်ဆင်ထားတဲ့ ပန်းဖျော့ရောင် Glitzy Dress က Balmain ရဲ့ ၀တ်စုံဖြစ်ပါတယ်။
Constance Wu
သူမ၀တ်ဆင်ခဲ့တဲ့ အ၀ါရောင်ဂါဝန်က Versace က ဖြစ်ပါတယ်။ အရောင်တစ်ရောင်တည်းသုံးထားသလို ရှိးရှင်းတဲ့ ပုံစံပါ။
Amandla Stenberg
Amandla Stenberg ကတော့ Miu Miu က ၀တ်စုံနဲ့ အလှကြီးလှနေခဲ့တာ တွေ့ရမှာပါ။
Ashley Graham
Ashley ၀တ်ထားတဲ့ အနက်ရောင်ရင်ပြတ်ဂါဝန်ရှည်ကတော့ Zac Posen က ၀တ်စုံဖြစ်ပါတယ်။
Kiki Layne
KiKi ၀တ်ဆင်ထားတဲ့ ဂါဝန်က ပန်းဖျော့ရောင်ကိုမှ ပခုံးတစ်ဖက်အနောက်မှာ အတွန့်အဖတ်ခပ်ကြီးကြီးပါတဲ့ ပုံစံပါ။ Atelier Versace ရဲ့ လက်ရာဖြစ်ပါတယ်။
Editor : Su Yi Htet