LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
HAIR & NAILSHEALTH & BEAUTY

တခုလောက်တော့ ရှိကိုရှိထားသင့်တဲ့ လူကြိုက်များတဲ့ Hair Tools များ

written by Maeve September 8, 2023
တခုလောက်တော့ ရှိကိုရှိထားသင့်တဲ့ လူကြိုက်များတဲ့ Hair Tools များ

ဆံပင်ဆိုတာ ဒုတိယမျက်နှာဆိုတဲ့အတိုင်းပဲ ဆံပင်ပုံစံကြောင့် ကိုယ့်ရဲ့အသွင်အပြင်ကို ပိုပြီးလှအောင်ပြုလုပ်နိုင်သလို ဆံပင်ပုံစံကြောင့်ပဲ ကိုယ့်ရဲ့လှနေတဲ့မျက်နှာလေးက ချောသင့်သလောက်မချောတာမျိုးလည်း ကြုံရတတ်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ရွေးချယ်ဖို့ကအရမ်းအရေးကြီးသလို မိန်းကလေးတွေဆိုရင် ကိုယ်သွားမယ့်နေရာပေါ်မူတည်ပြီး ဆံပင်ပုံစံကို styling အမျိုးမျိုးလုပ်တတ်ကြတယ်မလား? ဆိုတော့ Styling လုပ်တဲ့အခါမှာ မှန်ကန်တဲ့ Hair Tools တွေ ရွေးဖို့ကလည်းအရေးကြီးတာမို့ ဒီတခေါက် article လေးမှာ ရှိထားသင့်တဲ့ Hair Tools လေးတွေကို ပြောပြပေးသွားချင်ပါတယ်။

များသောဖြင့် မိန်းကလေးတိုင်း ခံစားရတဲ့ခံစားချက်တခုက စိတ်အပြောင်းအလဲတခုခုဖြစ်ရင်၊ ကိုယ့်ကိုယ်ကို control ရှိတယ်လို့ခံစားချက်မျိုးကို reassure ဖြစ်ချင်ရင် ဆံပင်ပုံစံပြောင်းတတ်ကြတယ်မလား? အဲ့လောက်ထိ ဆံပင်က စာရေးသူတို့အပေါ်မှာ သက်ရောက်မှုအကြီးကြီးတခုရှိပါတယ်။ ဒါကြောင့်လည်း ဆံသားကျန်းမာနေအောင် ထိန်းသိမ်းထားဖို့က အရေးကြီးတာပေါ့။ ဒီနေရာမှာ ဆံပင်ပုံစံအမျိုးမျိုး ပြောင်းတတ်တဲ့သူတွေဆို ဆံသားမထိခိုက်မယ့် Hair Tools တွေကို သုံးဖို့ကလည်း လိုလာပါပြီ။

Hair Tools တွေကလည်း အခုဆို ပုံမှန်သုံးနေကြ ဘီးတွေ၊ Blow Dryer တွေ၊ ဆံပင်ကောက်စက်၊ ဖြောင့်စက်တွေအပြင် ပိုပိုပြီး မိုက်တဲ့၊ ဆံသားမထိခိုက်မယ့် Hair Tools အသစ်တွေအများကြီးပေါ်လာပြီနော်။ ဆိုတော့ ဆံပင်ပုံသွင်းဖို့အတွက် အကောင်းဆုံးဖြစ်မယ့် နေ့တိုင်းသုံးလို့ရမယ့် Hair Tools တွေကို မျှဝေပေးသွားချင်ပါတယ်။

Revlon One-Step Volumizer Hair Dryer

Blow-Dry Brush ထဲမှာ No.1 နေရာကိုယူထားတဲ့ Revlon One-Step Volumizer Hair Dryer ကတော့ အားလုံးအတွက် မရှိမဖြစ် hair tool ထဲမှာ ပါကိုပါပါတယ်။ ခေါင်းလျှော်ပြီးရင် လွယ်လွယ်ကူကူနဲ့ပုံသွင်းလို့ရတာမို့ အချိန်ကုန်လည်းသက်သာပြီး ဆံပင်ပုံလှလှလေးထွက်တယ်လေ။ ဒါက စာရေးသူကိုယ်တိုင်သုံးနေတာမို့ Highly Recommended ပေးပါတယ်။

Dyson Airwrap Complete

Dyson Airwrap Complete Multi-Styler 400694-01 In Nickel/Copper | MYER

Dyson Airwrap ကတော့ အခုရက်ပိုင်း ဒီမှာလည်းတအားခေတ်စားနေတာနော်။ Dyson Airwrap က ကောက်တဲ့ဟာနှစ်ခေါင်း၊ ဆံသား smooth ဖြစ်အောင်လုပ်လို့ရတဲ့ခေါင်းနှစ်ခေါင်းတွေအပါအဝင် Styling လုပ်လို့ရတဲ့ ခေါင်း ၆ ခေါင်းပါတာမို့ ကိုယ်ပုံသွင်းချင်တဲ့ပုံစံပေါ်မူတည်ပြီး ခေါင်းကိုပြောင်းသုံးရုံပါပဲ။ ဈေးကတော့ USD 600 နားကပ်တာမို့ ဈေးကြီးတယ်လို့ဆိုနိုင်ပေမဲ့ ဆံပင်ကိုအမြဲပုံသွင်းနေရတာကြိုက်တဲ့သူတွေအတွက်တော့ ဆိုင်သွားစရာမလိုပဲ အိမ်မှာပဲ စိတ်တိုင်းကျပုံသွင်းလို့ရနိုင်တာမို့ ဝယ်ထားသင့်တဲ့ထဲမှာ ပါပါတယ်။

GHD Duet Style 2-in-1 Hot Air Styler

ပုံလည်းသွင်းချင်တယ်၊ အချိန်အကြာကြီးပေးရတာမျိုးလည်းမကြိုက်ဘူးဆိုတဲ့သူတွေအတွက် ဒီ GHD Duet styler ကို သုံးစေချင်ပါတယ်။ မသုံးခင် ဆံပင်ကို ရေစွတ်ပြီး ဒီစက်သုံးလိုက်ရင် ဆံသားဖြောင့်စင်းပြီး ဆိုင်မှာပုံသွင်းစက်ဆွဲထားသလိုကို အရမ်းမိုက်တဲ့ result ကို ပေးနိုင်ပါတယ်။ Review ကောင်းတွေလည်းရထားပြီး သုံးဖူးသူတိုင်းကြိုက်ကြတာမို့ ဆံပင်ဖြောင့်ရတာကြိုက်ရင် ဒီစက်ကတော့ must-have ပါ။

T3 Edge Heated Smoothing & Styling Brush

ဆံပင်ပုံသွင်းလေ့မရှိတဲ့ အခုမှစပြီးသုံးမယ့်သူတွေအတွက် အရမ်းအဆင်ပြေမှာကတော့ ဒီ T3 Edge Heated Smoothing & Styling Brush ပါပဲ။ ဖီးလိုက်တာနဲ့တင် ဆံပင်ဖြောင့်စင်းအောင်လုပ်ပေးတာမို့ ဘာမှထွေထွေထူးထူးလုပ်တတ်စရာမလိုပဲ သုံးလို့ရတာပေါ့။ ကျွမ်းကျင်တဲ့သူတွေဆို ဒီ brush ကို ဆံပင်ကောက်ဖို့ပုံသွင်းတာမျိုးမှာလည်း သုံးလို့ရပါသေးတယ်။

Shark FlexStyle Air Styling & Drying System

ဒီစက်က Dyson Airwrap ရဲ့ dupe ဆိုပြီး နာမည်အရမ်းကြီးပါတယ်။ အဲ့လောက်ထိ Dyson Airwrap သုံးရတဲ့ result နီးနီးကို သူက ပေးနိုင်တာပါ။ ဆိုတော့ Dyson Airwrap ဈေးများလို့ မသုံးချင်ဘူး budget ချွေတာချင်ရင် ဒါလေးကို စမ်း try ကြည့်စေချင်ပါတယ်။ ဈေးကလည်း USD 279.99 ဆိုတော့ Dyson ထက် ထက်ဝက်လောက်ကို သက်သာတယ်လေ။

Kitsch Satin Heatless Curling Set

အပူသုံးရတဲ့ Hair Tools တွေကို မကြိုက်ဘူး၊ ဆံပင်လေးလည်း ပုံသွင်းချင်တယ်ဆို Social Media တခွင်မှာ နာမည်ကြီးပြီးသားဖြစ်တဲ့ ဒီ Satin Heatless Curling Set လေးကို try ကြည့်စေချင်တယ်။ Satin အသားကို သုံးထားတာမို့လို့ ဆံပင်ကိုပတ်ထားတဲ့အချိန် ဆံသားထိခိုက်တာတွေလည်းမဖြစ်ဘူးပေါ့။ သုံးနည်းကတော့ video ထဲမှာတွေ့နေကြအတိုင်း ညမအိပ်ခင် ဆံပင်ကိုပတ်ထားပြီး မနက်ကျဖြည်လိုက်ရုံပါပဲ။ အပူမသုံးပဲ အရမ်းလှတဲ့ လှိုင်းအကြီးကြီးနဲ့အလိပ်တွေကိုရတာမို့ တခုလောက်ကတော့ ရှိကိုရှိထားသင့်ပါတယ်။

Bio Ionic Universal Diffuser

ပုံမှန်ကတော့ Diffuser တွေက Blow Dryer ဝယ်တဲ့အခါ ပါလာတတ်ပေမဲ့ အခု Bio Ionic ရဲ့ Universal Diffuser ကတော့ သပ်သပ်ရောင်းတာပေါ့။ လေအဝင်အထွက်ကို adjust လုပ်လို့ရသလို လေပေါက် ၁၂ ပေါက်လည်းပါတော့ ဆံပင်အခြောက်လည်း မြန်တယ်။ အချင်း 2.25 လက်မရှိလို့ ရှိပြီးသား Blow Dryer နဲ့ ကိုက်တယ်၊ ဆံပင်ကို သဘာဝအတိုင်းကောက်တာမျိုးလေး ကြိုက်တယ်ဆို ဒါလေးက ဝယ်ထားသင့်တယ်။ အထူးသဖြင့် မွေးရာပါဆံပင်အကောက်သားရှိတဲ့သူတွေပေါ့။

Hair ToolsLUSH beauty
0
Facebook Twitter Google + Pinterest
Maeve

previous post
Celebrities တွေ အကိုင်အများဆုံး Designer Bag များ
next post
လာမယ့် Halloween အတွက် Nail Art Ideas ၁၅ မျိုး

Recommended

New York မြို့မှာ ဖွင့်လှစ်သွားမယ့် ကမ္ဘာ့ပထမဆုံး Makeup Museum

November 29, 2019

THE MAN

June 11, 2019

PRETTY PLAYBOOK

January 18, 2019

The Iconic Evening Fashion Show – Versace Jeans...

October 26, 2019

Breast Cancer Awareness Campaign

October 15, 2019

Collagen supplements တွေရဲ့ကောင်းကျိုးများ (Part II)

August 19, 2020

ဒီ 2024 ထဲမှာ ခေတ်စားလာမယ့် Hairstyle များ

February 9, 2024

ဒီလထဲမှာ မြင်တွေ့ရတော့မယ့် Kim Kardashian နဲ့ Kylie Jenner တို့ရဲ့...

November 19, 2018

Get Fit With Flying YOGA

November 15, 2018

ပြောင်းလဲလာတဲ့ Plastic Surgery ရေစီးကြောင်းများ 

July 26, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem