LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
EATLIVINGTRAVEL

ပုဂံအပြန် လက်ဆောင်ဖြစ်လာမယ့် ပုန်းရည်ကြီးကိတ်

written by Lush Editor August 31, 2023
ပုဂံအပြန် လက်ဆောင်ဖြစ်လာမယ့်  ပုန်းရည်ကြီးကိတ်

ကျွန်တော်တို့ဟာ ဒေသတစ်ခုက ပြန်လာတဲ့အခါ ဒီဒေသရဲ့ ထွက်ကုန်တစ်ခုခုကို အိမ်ပြန်လက်ဆောင် အဖြစ် ဝယ်လာတတ်ကြသလို ကျွန်တော့်လို ခရီးသွားရင် လက်ဗလာနှင့် အိမ်ပြန်တတ်တဲ့သူတောင် ဒီတစ်ခါ ပုဂံကအပြန်မှာ သတိတရ ဝယ်လာမိတဲ့ လက်ဆောင်လေးက ဘာများ ဖြစ်မလဲပေါ့ … အဲတာကတော့ ပုဂံရဲ့ ဒေသထွက်ကုန်ဖြစ်တဲ့ ပုန်းရည်ကြီးကိုမှ တစ်ဖန်ပြန်လည် ဆန်းသစ်ထားတဲ့ လောလောဆယ် ပုဂံမှာပဲ ရသေးတဲ့ ပုန်းရည်ကြီးကိတ် ပါ ခင်ဗျာ့။ ပုန်းရည်ကြီးကိတ် ဆိုတော့ ကျွန်တော့်ရဲ့ ပထမဆုံး အတွေးကတော့ ဘယ်လိုအရသာကြီးမျိုး ဖြစ်မလဲပေါ့နော် …

[jpg-to-webp output image]

ပြန်စဉ်းစားကြည့်မယ်ဆိုရင် ပုန်းရည်ကြီးဆိုတာ ပဲပိစပ်ကနေ ထုတ်ထားတာမို့ ပုန်းရည်ကြီးကိတ်ဆိုတာ ပဲနှင့် လုပ်ထားတဲ့ ကိတ်တွေနှင့် အရသာဆင်ပါတယ်။ ပုန်းရည်ကြီးက အဆိမ့်နှင့် အချဉ် အရသာ နှစ်မျိုးရှိပြီးတော့ ကိတ်ကိုတော့ အဆိမ့်အရသာနှင့် အဓိက လုပ်တယ် ပြောပါတယ်။ နိုင်ငံခြားသားတွေက ပုန်းရည်ကြီးကို ပေါင်မုန့်နှင့် အသစ်အဆန်း ဆိုပြီးစားလေ့ရှိပေမယ့် နယ်ခံတွေကျ အဲလိုလည်း စားလေ့မရှိတာမို့ “ဘယ်လိုလုပ်ရင် စားလောက်ကြမလဲ” ဆိုတာ စဉ်းစားရင်း ဖန်တီးထားတဲ့ ကိတ်လို့ ပြောပါတယ် ခင်ဗျာ့။ ကိတ်သားကို ပုန်းရည်ကြီးနှင့် လုပ်ထားသလို အထဲမှာ ပါတဲ့ ခရင်မ်ကိုပါ ပုန်းရည်ကြီးနှင့် လုပ်ထားတာမို့ ပုန်းရည်ကြီး အရသာကိုမှ ချိုချိုဆိမ့်ဆိမ့်လေးနှင့် ခံစားရစေမှာပါ။ အခုလောလောဆယ်တော့ ပုဂံမြို့ရဲ့ သံတဲမုန့်တိုက် မှာပဲ ရသေးပြီးတော့ “ပုဂံကိတ်” လို့ အမည်ပေးထားပါတယ်တဲ့။


ဒါနှင့် ပုန်းရည်ကြီးကို ချစ်ရတဲ့သူတွေအတွက် အိမ်ပြန်လက်ဆောင်အနေနှင့် ဝယ်မယ်ဆိုရင် သုံးရက်လောက်အထိတော့ အထားခံတယ်လို့ ပြောပါတယ် ခင်ဗျာ့။ အဲဒီလို ပုဂံရောက်တုန်း ပုန်းရည်ကြီးကိတ်ကို စားချင်တယ်၊ လက်ဆောင်အဖြစ် ဝယ်ချင်တယ်ဆိုရင်တော့ – ငှက်ပစ်တောင်ဘုရားလမ်းအနီး၊ ညောင်ဦးမြို့နယ်၊ ညောင်ဦးသံတဲဟိုတယ် ဘေးကပ်ရက်မှာ ရှိတဲ့ – Thante Bakery (သံတဲမုန့်တိုက်) မှာ ဝယ်ယူရရှိနိုင်ပါတယ် ခင်ဗျာ့ …။ ဒါဖြင့် ပုဂံရောက်လို့ရှိရင် ပုန်းရည်ကြီးကိတ် ဆိုတာကို မြည်းစမ်းကြည့်ခဲ့ကြပြီး လက်ဆောင်သယ်ခဲ့ကြဖို့ မမေ့နှင့်နော်။ စာဖတ်သူများအားလုံး ပျော်ရွှင်တဲ့ခရီးတွေ ပိုင်ဆိုင်နိုင်ပါစေ။

BaganLUSHtravel
1
Facebook Twitter Google + Pinterest
Lush Editor

previous post
မိုးရာသီမှာ အထူးဂရုပြုရမည့် သွေးလွန်တုပ်ကွေးရောဂါ
next post
အရက်နာကျတာ သက်သာစေဖို့ ဘာလုပ်ကြမလဲ .. ?

Recommended

Uber to acquire Postmates for $2.65 billion

July 14, 2020

Foods you need to Avoid to stay healthy...

June 12, 2019

10 superfoods every healthy man should eat

July 8, 2019

အသဲကြဲတဲ့အခါ Solo Travelling လုပ္သင့္လား

June 21, 2019

A TASTE OF SOUTHEAST ASIA 🍜🌏

August 24, 2026

ကမ္ဘာအနှံ့အပြားက ထူးခြားဆန်းပြားတဲ့ တန်ဖိုးကြီးအစားအစာများ

July 30, 2019

Taste of Malaysia: A Celebration of Culture and...

August 26, 2026

အားကျစရာကောင်းသော အသက်အငယ်ဆုံး ကမ္ဘာပတ်ခဲ့သူ အမေရိကန်မိန်းကလေး

June 7, 2019

COVID19 ကြောင့် ခရီးသွားဖို့အတွက် ရွေးချယ်မှုတစ်ခုဖြစ်လာတဲ့ Private Jet များ

March 20, 2020

Adventurous Trip for Girl Groups

May 20, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem