LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
EATLIVINGTRAVEL

ပုဂံရောက်တုန်း အကြော်စုံ ပူပူလေး စားကြမယ်။

written by Lush Editor August 11, 2023
ပုဂံရောက်တုန်း အကြော်စုံ ပူပူလေး စားကြမယ်။

ကျွန်တော်တို့ဟာ “ပုဂံ” ကို ရောက်တဲ့အခါ ဘုရားဖူးတာအပြင် ရောက်တုန်းရောက်ခိုက် ဒေသအစားအစာအစုံအလင်လေးတွေ မြည်းစမ်းကြည့်ချင်ကြတာကလည်း ပုဂံကို ခရီးသွားခြင်းရဲ့ အနှစ်သာရတစ်ခုပါပဲ။

ပုဂံ နှင့် တွဲမြင်တတ်ကြပြီး နေ့လည်နေ့ခင်း နားအေးပါးအေး ထိုင်လို့ရတဲ့ စားစရာဆိုင်တွေဆိုရင် အကြော်စုံဆိုင်တွေကို ဖယ်ထားခဲ့လို့ မရပါဘူး။

အသီးအရွက်အစုံ၊ အသားတု၊ ပဲပြား စတာတွေကို မုန့်အနှစ်ကောင်းကောင်းလေးနှင့် ဆီပူပူလေးထဲ ကြော်ထားပြီးမန်းကျည်းချဉ်ရည်လေးနှင့် တို့စားရတာကိုက ပုဂံက အကြော်စုံဆိုင်တွေရဲ့ အနှစ်သာရပါပဲ။ အချဉ်ရည်ထဲ ထည့်စားလို့ ရအောင် ဂေါ်ဖီထုပ် နှင့် ပူစီနံလေးတွေပါ ချပေးတာကလည်း အကြော်စုံရဲ့ အရသာကိုပိုမြိုင်စေပါတယ်။ ပုဂံရဲ့ အကြော်စုံဆိုင်လေးတွေကို ပြောရမယ်ဆိုရင်ဖြင့် ..

၁။ ဇီးရိပ် အကြော်စုံဆိုင်

ပုဂံရဲ့ အကြော်စုံဆိုင်ဆိုရင် ဇီးရိပ် အကြော်စုံဆိုင်ကို ချန်ထားလို့ မရပါဘူး။ ရွှေဆံတော်ဘုရားနားက ဇီးပင်အကြီးကြီးအရိပ်အောက်မှာ ရောင်းတဲ့ အကြော်စုံဆိုင်လေးပေါ့ဗျာ။ သူကတော့ နာမည်ကြီးပြီးသားဆိုတော့ ပြောစရာသိပ်မလိုလောက်တဲ့ အကြော်စုံဆိုင်ပေါ့နော်။

အကြော် (၁၀) ခုကို (၁၅၀၀) ကျပ် ပေးရပြီး ကျွန်တော့်အတွက်ကတော့ ပုံမှန်အရသာလို့ ပြောလို့ရတဲ့ အကြော်စုံဆိုင်ပါပဲ။ ပုဂံရဲ့ နေပူပူမှာ အမောပြောလေး အုန်းရည်မှာသောက်လို့ ရသလို အသုပ်စုံနှင့် မုန့်ပျားသလက်ပါ မှာစားလို့ ရပါတယ်။

၂။ ဇကောဝိုင်း အကြော်စုံဆိုင်

“ပဂေါ်စံလေးကို အကြော်ပန်းကန်ဘေးချပြီး ငေး” ဆိုပြီး စာသားနှင့် နာမည်ကြီးလာတဲ့ အကြော်ဆိုင်လေးကတော့ဇကောဝိုင်း အကြော်စုံဆိုင်ပါ။သူ့ဆိုင်မှာကတော့ အကြော် (၁၅) ခုကို (၂၀၀၀) ကျပ်ပေးရပြီး သူ့ဆိုင်ရဲ့ အသက်ကတော့ မန်းကျည်းချဉ်ရည်လေးပါ။

ပုဂံမှာ စားခဲ့သမျှ အကြော်စုံတိုင်တွေထဲ သူ့ဆိုင်က မန်းကျည်းချဉ်လေးကိုတော့ အကြိုက်ဆုံးပါပဲ။ သူ့ဆိုင်ကတော့ ပုဂံမြို့သစ်ဘက် လောကနန္ဒာဘုရား သွားတဲ့လမ်းမကြီးရဲ့ ညာဘက်မှာ ရှိပါတယ် ခင်ဗျာ့။

၃။ ရွှေညာသူ အကြော်စုံဆိုင်

သူကတော့ အခုနောက်ပိုင်းမှ အနော်ရထာလမ်းမကြီးပေါ် အလိုတော်ပြည့်ဘုရားနားမှာ ဖွင့်ထားတဲ့ အကြော်စုံဆိုင်သစ်လေးပေါ့ဗျာ။ အကြော် (၇) ခု ကို (၁၀၀၀) ကျပ် ပေးရတဲ့ သူ့ဆိုင်လေးက ထနောင်းပင်အရိပ်အောက်မှာ အေးအေးချမ်းချမ်းလေးသေချာ ခုံလေးတွေချပြီး ဆိုင်တစ်ဆိုင်ပါ။အကြော်အပြင် မုန့်ပျားသလက်ပါ ရတာမို့ ကိုယ် ကြိုက်သလို မုန့်ပျားသလက်ကို မှာစားလို့ ရပါတယ်။

အကြော်ထဲမှာ ထူးထူးခြားခြားအနေနှင့်ဆို တညင်းသီးအကြော်ပါ ရတဲ့ဆိုင်လေးပေါ့။ ပုဂံဟာ နေ့လည်နေ့ခင်းဆို အရမ်းပူလေ့ပူထ ရှိတာမို့ အဆာပြေ အကြော်စုံလေးစားရင်း နားနားနေနေ နေသင့်ပါတယ်။ ဒါဖြင့် ပုဂံကို ရောက်လို့ရှိရင် အကြော်စုံလေး စားရင်း ပုဂံမြေရဲ့ အနှစ်သာရလေးတွေကိုပါ ခံစားကြည့်ကြဖို့ မမေ့ကြပါနှင့်။

စာဖတ်သူများအားလုံး ပျော်ရွှင်တဲ့ခရီးတွေ ပိုင်ဆိုင်နိုင်ပါစေ။

BaganLUSH EATLUSH LivingLUSH TravelTravel
1
Facebook Twitter Google + Pinterest
Lush Editor

previous post
Autumn/Winter 2023 Runway တွေမှာ တွေ့ခဲ့ရတဲ့ Trend ဖြစ်လာမယ့် Shoes များ
next post
ဒီနိုင်ငံရဲ့ရာသီဥတုနဲ့အလိုက်ဖက်ဆုံးထဲကတခုဖြစ်တဲ့ Timeless Hairstyle A.k.a. Bob Hairstyle

Recommended

အသဲကြဲတဲ့အခါ Solo Travelling လုပ္သင့္လား

June 21, 2019

COVID19 ကြောင့် ခရီးသွားဖို့အတွက် ရွေးချယ်မှုတစ်ခုဖြစ်လာတဲ့ Private Jet များ

March 20, 2020

10 superfoods every healthy man should eat

July 8, 2019

A TASTE OF SOUTHEAST ASIA 🍜🌏

August 24, 2026

BEST FRUITS TO EAT FOR WEIGHT LOSS

April 18, 2019

Virtual Tour of National Parks and Attractions

May 29, 2020

Good Times, Good Food

December 28, 2018

အစားအသောက်စုံလင်လှတဲ့ မန္တလေးမြို့ရဲ့ စျေးချိုတော်

July 5, 2023

AirAsia unveils ‘AirAsia Unlimited Pass’

July 2, 2020

JOHNNIE WALKER TO LAUNCH PAPER BOTTLES

July 21, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem