LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LIFESHORT STORIES

အံ့ဩဖွယ်ဖြစ်ရပ်လေးတစ်ခု (ဘာသာပြန်ရသ)

written by Lush Editor July 14, 2023
အံ့ဩဖွယ်ဖြစ်ရပ်လေးတစ်ခု (ဘာသာပြန်ရသ)
၂၀၀၁ ခုနှစ် မတ်လ (၃) ရက်နေ့ ဟာ စတုတ္ထနှစ်ဆေးကျောင်းသား ဖြစ်တဲ့ ကျွန်တော့် အတွက် သားဖွားနဲ့မီးယပ်ပညာ လက်တွေ့ သင်တန်းချိန် အလှည့် ကို ပင်ပန်းတကြီးနဲ့ စတင်ခဲ့ရတဲ့နေ့ပေါ့။ နေရာက ဆေးဝါးပစ္စည်းပစ္စယသိပ်မပြည့်စုံလှတဲ့ မနီလာမြို့က သားဖွားနဲ့ မီးယပ်ဆိုင်ရာ ပြည်သူ့ ဆေးရုံကြီးမှာပါ။ ကျွန်တော်အပါအဝင် လုပ်ဖေါ်ကိုင်ဖက်အားလုံးက ဒီဆေးရုံကို” ကလေးထုတ်လုပ်ရေး စက်ရုံ”လို့ အမည်ပေးထားကြတယ်။ (၂၄ )နာရီ ပတ်လည်မှာပုံမှန်မဟုတ်ဘူးလို့ မပြောနိုင်လောက်အောင် ကလေး အယောက် ၁၈၀ ဝန်းကျင်လောက်ကို ဆေးရုံစတပ်ဖ်တွေအနေနဲ့ တာဝန်ယူမွေးဖွားပေးခဲ့ကြရတယ်။
   ကျွန်တော့ရဲ့ (၂၅ )နှစ်ပြည့် မွေးနေ့လည်းဖြစ်တဲ့ ဒီထူးခြားတဲ့ ရက်မှာ မွေးခန်း (Delivery room) မှာ တာဝန်ထမ်းဆောင်ဖို့ စပြီး အလှည့်ကျတဲ့နေ့ရယ်လို့ အမှတ်တရ ရှိခဲ့တယ်။ အမေဖြစ်လာမယ့်သူတွေဟာ သူတို့ ကလေးတွေကို မွေးဖွားဖို့ အတွက် ခွန်စိုက်အားစိုက် တိုက်ပွဲဝင်ရမယ့်ပွဲမှာ ကျွန်တော်ဖက်က အစစပြင်ဆင်မှု ပြည့်စုံမှုမှ ရှိရဲ့လားလို့ ကျွန်တော်ကိုယ်ကျွန်တော် သံသယဝင်နေမိပါရဲ့။ အတွေ့အကြုံနုနယ်သေးတဲ့ ကျွန်တော့်အဖို့ လူ့လောကထဲခုန်ပေါက်ဝင်ရောက်လာတော့မယ့် အကျိအချွဲအရည်တွေနဲ့ ချောညှိနေတဲ့ ခလေးကို၊ ကိုယ့်လက်က လွတ်မကျအောင် ဆုတောင်းရတာနဲ့တင် ဂျုတီချိန်တစ်ဝက်လောက် ကုန်နေပါပကောလား။ မကြာခင်မှာပဲ ဒီလုပ်ငန်းကို အထာကျအောင် ကျွန်တော် လုပ်လာနိုင်ခဲ့ပါတယ်။ မွေးဖွားချိန်မှာ အမေတွေကို ဘယ်လို အော်ဟစ် အားပေးရသလည်းဆိုတော့…“ ညှစ်၊အမေ ရေ ညှစ်ညှစ်…။ ယောင်္ကျားလေးလား၊ မိန်းခလေးလား ဆိုတာ မြန်မြန်သိရအောင်” ဒီဆေးရုံမှာ မွေးဖို့ လာတဲ့အမေတွေအတော်များများက ကလေးမွေးဖွားဖို့ ဆေးရုံရောက် လာချိန်မှပဲ ဆရာဝန်ဆိုတာကိုပထမဆုံးမြင်ဖူးကြတာလေ။ ဘာလေးမွေးမလဲ ဆိုတာ သိရဖို့အကြောင်းက သူတို့အတွက် အင်စိုက်အားစိုက် အစွမ်းကုန်ညှစ်ထုတ်နိုင်ဖို့ ကို လုံလောက်ပြည့်စုံတဲ့ တွန်းအားတစ်ခု ဖြစ်နေပါရောလား။
တာဝန်ချိန် ၁၅ နာရီပြည့်တဲ့ ည (၁၀) နာရီလောက်မှာ ကျွန်တော်အတွက် သတ်မှတ်ပေးထားတဲ့ မွေးကုတင်ပေါ် ကို လူနာတစ်ယောက်ပို့လာတယ်။ သူက အသက် (၃၀) နီးပါးလောက်ရှိပြီး အသား အရေခပ်လတ်လတ်နဲ့ ဖြောင့်တန်းရှည်လျားတဲ့ ဆံကေသာပိုင်ရှင်ဖြစ်တယ်။ ဒုတိယမြောက်ကိုယ်ဝန် လို့ပြော ပါတယ်။ သူမက တရှုံ့ရှုံ့နဲ့ တိုးတိုးညင်းညင်းလေး ငိုနေတယ်။ သူ့ဗိုက်ထဲက ကလေး မလှုပ်တာ ရက်အတော် ကြာနေလို့ ဆေးရုံရဲ့အရေးပေါ်ဋ္ဌာနကိုရောက်လာခဲ့တာလို့ပြောပါတယ်။

အထဲက ကလေး အသက်မရှိလောက်တော့ရင် ပြတဲ့ လက္ခဏာ ဖြစ်တဲ့ မိန်းမကိုယ်က အနံ့ဆိုးဝါးတဲ့ အညိုပုတ်ရောင် အရည်တွေ တစိမ့်စိမ့် ယိုဆင်းနေပါတယ်။ ဒေါ့ပလာအာထရာဆောင်း (Doppler Ultrasound) စစ်ဆေးချက်အရ ကလေးနှလုံးခုန်သံမကြားရပါဘူး။ ဗိုက်ထဲ က ကလေး အသက်မရှိတော့တဲ့အကြောင်း သူမကိုလည်း အသိပေးပြီးသားပါ။  ရှောမွေး(အသေမွေး)လေးအဖြစ် ထွက်လာမယ့် ကလေးကို မွေးဖွားပေးရမှာက ကျွန်တော့် တာဝန်ပါ။ သနားစရာကောင်းတဲ့ ဒီဆင်းရဲတဲ့ အမျိုးသမီးကို သူမ ခံစားနေရတဲ့ ဝေဒနာတွေသက်သာဖို့ ဘာလို့ဗိုက်ခွဲ မွေးမပေးကြတာလည်းလို့ ကျွန်တော်တွေးနေမိသေးတယ်။ ဒါပေမယ့် ဒါလောက်လူနာများ၊ အလုပ်ရှုပ်လွန်းတဲ့ ဆေးရုံကြီးရဲ့ ခွဲခန်းမှာ သူ့ထက်သူ အရေးကြီးတဲ့ လူနာတွေနဲ့ ပြည့် နေလို့ ဖြစ်မယ် လို့ ကျွန်တော် တွက်ဆ ကြည့်မိတယ်။
ဒါ့အပြင် သားဖွားမီးယပ်ပါရဂူ ရဲ့ ပထမလက်ထောက်ဆရာဝန်ကလည်း “ဒီကေ့စ်(လူနာ) က အလွယ်တကူ မွေးထွက်မှာပါ။ ဘာကြောင့်လဲဆိုတော့ ကလေးက အသက်မရှိတော့တဲ့အပြင် အမျိုးသမီးက အရင်က လည်းတစ်ယောက်မွေးဖူးထားတော့ ဒီ ရှောမွေး( Stillbirth) ကလေး ကို မင်း နာရီဝက်လောက်နဲ့မွေးထုတ် ပေးနိုင်မှာပါ” လို့ ကျွန်တော့်ကိုအားပေး စကားပြောပါတယ်။  ဒီညရဲ့ ပထမဆုံးအကြိမ်အဖြစ်ကျွန်တော် နှုတ်ဆိတ်နေမိပြီ။ ကိုယ်တိုင် အားစိုက် ညှစ်ထုတ်မွေးဖွားပေးမှ သူမရဲ့ အသက်မရှိတော့တဲ့ ကလေးလေး လူ့လောကဆီ ထွက်လာမယ်ဆိုတာကို နားလည်သဘော ပေါက်အောင် ကျွန်တော်ဘယ်လိုပြောရပါ့မလဲ…။
တစ်နာရီလောက်ကြာတော့ သားဖွား ပါရဂူ လက်ထောက်ပြန်ရောက်လာတယ်။ “ကလေးမထွက်သေးဘူး လား၊ ဘာကြောင့်ကြာနေတာလဲ” လို့ ကျွန်တော့်ကိုမေးတယ်။ ကျွန်တော်က သူမအနားကပ်ပြီး လေသံတိုးတိုးနဲ့ ကလေးခေါင်းကို စမ်းမိနေကြောင်း၊ ဒါပေမဲ့ အမေက ညှစ်အားကောင်းကောင်းမပေးတာကြောင့် ကြာနေတာ  လို့ပြောပါတယ်။ မြန်မြန်မွေးနိုင်အောင် episiotomy (မွေးလမ်းကြောင်းချဲ့ပေးတဲ့အနေနဲ့ မွေးလမ်းကြောင်း ပတ်ဝန်းကျင်တစ်သျှူးကို ကတ်ကြေးနဲ့ အနည်းငယ်ညှပ်ပေးခြင်း) လုပ်ပေးလိုက်ရမလားလို့ မေးလိုက်တယ်။ သူမက ခေါင်းညိတ်ပြီး သဘောတူကြောင်းပြတယ်။ ကျွန်တော်က လျှင်လျှင်မြန်မြန်နဲ့ပဲ အက်ပီ (Episiotomy) လုပ်ပေးလိုက်တော့ မကြာခင်မှာပဲ ကလေးရဲ့ခေါင်းက ကျွန်တော် လက်ဖဝါးတွေထဲလျှောဆင်းကျလာတယ်။

“အို…သိပ်ချစ်စရာကောင်းတဲ့ ယောင်္ကျားကလေးငယ်လေးပါလား…” သုံးကီလိုလောက်ရှိမယ်။ ပုံမှန်လုပ်နေကြအတိုင်း အမေရဲ့ဝမ်းဗိုက်ပေါ်မှာ ဖြန့်ချထားတဲ့ ပိုးသန့်စင် ထားတဲ့ အခင်းအဖြူလေးအပေါ် ကလေးကို တင်ပေးလိုက်တယ်။ အမေက ညိမ်သက်နေတဲ့ သူ့ကလေး ကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာကို တစ်ဖက်ကိုလှည့်လိုက်ပြီးတရှုံ့ရှုံ့ငိုနေစဲ…။ ကျွန်တော်က တစ်ချိန်လုံး တိတ်ဆိတ်နေမိပြန်တယ်။ လတ်တလောအချိန်မှာတင် အသက်ပါမလာတဲ့ကလေးမွေးထားတဲ့ အမေကို ပြောစရာစကားလုံး ကျွန်တော် ရှာမတွေ့ဖြစ်နေတယ်။
ကျွန်တော်က မွေးလမ်းကြောင်းချဲ့ထားတဲ့ ဒဏ်ရာကို ပြန်ချုပ်ပေးဖို့ စတင်ချိန်မှာပဲ “အဟွတ်” ဆိုတဲ့ ချောင်းဆိုးသံ သေးသေးမျှင်မျှင်လေးကို ကြားလိုက်သလို ဖြစ်သွားတယ်။ကျွန်တော်က အမေရဲ့ ဝမ်းဗိုက်ပေါ်မှာ ရှိနေဆဲဖြစ်တဲ့ ကလေးရှောမွေးကလေးလေးကို တစ်ချက်လှမ်းကြည့်လိုက်တယ်။

အဲ့ဒီနောက် ၊ အနန္တရကြားမရှိတဲ့အချိန်ကလေးတခုမှာတော့ ကျွန်တော် ဘဝမှာ ချစ်စရာအကောင်းဆုံးနဲ့ အကျယ်လောင်ဆုံး အသံတစ်ခုကို ပီပီသသကြီးကို ကြားလိုက်ရ ပါတော့တယ်။ “ဝါး…” ကလေးရဲ့ အဆုတ်နှစ်ဖက်လုံးပွင့်ထွက်သွားမတတ် စူးစူးဝါးဝါးအော်ငိုလိုက်တဲ့အသံပါ။  ဒီအချိန်မှာ ကျွန်တော် ပါးစပ်က ဝမ်းသာအားရနဲ့ ထပ်ခါထပ်ခါ ထွက်လာတဲ့ အသံကတော့ “ အမေ ၊ ခင်ဗျားကလေး အသက်ရှင်ပြီ၊အသက်ရှင်ပြီ” ဆိုတာပါပဲ။ သူမရဲ့ တိုးတိုးညင်ညင်သာသာငိုနေတဲ့ အသံက သိမ့်သိမ့်တုန်အောင် အော်ဟစ်ငိုကြွေးလိုက်လို့ ထွက်လာတဲ့ ပျော်ရွှင်ဖွယ် မျက်ရည်တွေအဖြစ် ပြောင်းလဲသွားတယ်။
ကျွန်မကလေးကို အသက်ပြန်ရှင်အောင်လုပ်ပေးတဲ့ ဒေါက်တာကြီးကို ကျေးဇူးတင်လိုက်တာ” “ ကျေးဇူးတင်ပါတယ်” ဆိုတာပဲ သူမက အကြိမ်ကြိမ်ပြောနေတော့တယ်။
ဆိုရရင်…၊ ဒီအသက်အရွယ်ထိ ကြုံပြီးခဲ့တဲ့ ကျွန်တော်ရဲ့ မွေးနေ့ပေါင်း များစွာထဲမှာ ခုမွေးနေ့ကတော့ အမှတ်တရအဖြစ်ဆုံးပါပဲ။ ဘယ်အရာနဲ့မှနှိုင်းယှဉ်လို့မရတဲ့ ပဥ္စလက်ဆန်တဲ့ အခိုက်အတံ့မှာကျွန်တော် ကြုံရတဲ့ ပျော်ရွှင်ဝမ်းမြောက်စရာ အံ့ချီးဘွယ်မွေးဖွားခြင်းတစ်ခုနဲ့ အတူ ဆရာဝန်တွေဟာ နတ်ဘုရားတွေမဟုတ်ဘူးဆိုတဲ့ ကိုယ်တွေ့သင်ခန်းစာကိုပါ သင်ယူရရှိလိုက်ပါတယ်။ ကြားသိခဲ့ရတဲ့ အချက်အလက်တွေ အရ ကလေးက ဘယ်နည်းနဲ့မှ အသက်မရှင်နိုင်ဘူးလို့ကျွန်တော်တို့ တထစ်ချစွဲခဲ့တယ်။နောက်ပိုင်းမှ ကျွန်တော်သဘောပေါက် လာတာက ဆရာဝန်တစ်ယောက်အနေနဲ့ အမှားအယွင်း တစ်ခုခုများလုပ်ခဲ့မိသလားဆိုတာပါပဲ။ ကျွန်တော် ကအသက်မရှင်တော့ဘူးလို့ ထင်ခဲ့တဲ့ လူနာက ပြန်ရှင်လာပြီး ဆရာဝန်မှားကြောင်းကို သက်သေပြလာခဲ့ရင် ကျွန်တော် အနေနဲ့ ဘယ်လိုမှ စိတ်အနှောက်အယှက် ဖြစ်လာလိမ့်မယ့် အနေအထား မျိုးတောင် မရှိခဲ့ပါဘူး။
ဒီကလေးနဲ့အမေ ဆေးရုံကဆင်းပြီးနောက်ပိုင်း အခြေအနေတွေကို ကျွန်တော် မရှာဖွေ မစုံစမ်းခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော် စိတ်အာရုံထဲမှာ သူတို့သားအမိကို ဘယ်တော့မှမေ့ပျောက်နိုင်မှာမဟုတ်တာတော့ သေချာပါတယ်။သူတို့က  မမြင်နိုင်တဲ့ အစွမ်းရှိတဲ့ ဖြစ်ရပ်တွေ လောကမှာ ရှိနေတယ်ဆိုတာကို ကျွန်တော် ယုံကြည် အောင်ပြုလုပ်နိုင်ခဲ့တယ်။
   “တစ်ခါတစ်ရံဘဝတွေထဲမှာ expert ဆိုတဲ့ကျွမ်းကျင်သူပညာရှင်တွေနဲ့ အထောက်အကူပြု ပစ္စည်းတွေ လွဲမှားနိုင် တယ်ဆိုတာကို သက်သေပြနိုင်တဲ့ အံဩဖွယ်အစွမ်းသတ္တိရှိတဲ့ အခြေအနေလေးတွေ ရှိနေတတ်တယ်”

xxxညို့မောင် (ကလောင်)
Short Stories
0
Facebook Twitter Google + Pinterest
Lush Editor

previous post
Retinol မသုံးခင် သိကိုသိထားသင့်တဲ့အချက်များ
next post
ကမ်းဆင့်မေတ္တာဖျန်းပေးပါ

Recommended

Tribute

September 9, 2020

Turn to Beer Yoga!

September 25, 2017

Will-power ကျစေတဲ့အရာတွေကို အဝေးကိုပစ်လိုက်ပါ

June 11, 2020

How not to be a shallow person

April 4, 2019

BACHELOR’S BEDROOM

June 12, 2018

ကျန်းမာရေးအတွက် ရတနာဖက်ရှင်

September 8, 2020

နောင်တမရှိသော ရွေးချယ်မှုနှင့် Lincoln

October 17, 2019

လူတယောက်ကို စွန့်လွှတ်လိုက်ဖို့ လိုအပ်နေတဲ့အချိန်

June 23, 2023

Burn Major Calories With Rowing

October 12, 2017

Virtual Tour of National Parks and Attractions

May 29, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem