LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
EAT

10 superfoods every healthy man should eat

written by Maeve July 8, 2019
10 superfoods every healthy man should eat

ဒီတစ်လ Eat ကဏ္ဍမှာ ပြောပြပေးသွားမှာကတော့ ခန္ဓာကိုယ်ကြံ့ခိုင်ဖို့အတွက် အမြဲတမ်း Gym ကစားတတ်တဲ့ ယောက်ျားလေးများ စားသုံးသင့်တဲ့ အစားအစာများကို highlight လုပ်ပြီး ဖော်ပြပေးသွားမှာပါ။ Gym ကစားရုံတစ်ခုတည်းနဲ့တင် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့ မလုံလောက်ပါဘူး။ နေ့စဉ်နေထိုင်စားသောက်တဲ့ အစားအစာတွေကလည်း အထောက်အကူပြုနိင်တဲ့အပြင် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ဓာတ်များကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။

For this month of Eat section, I would like to highlight 10 kinds of superfood that every man should eat to get healthy beyond playing at the gym. Your body will not be fit by just going to the gym. You need to eat to top up the minerals that support your body fitness.

Lean Protein

ရေရှည်ကျန်းမာရေးကို စောင့်ရှောက်ဖို့အထူးလိုအပ်တဲ့အတွက် စားသောက်မှုပုံစံကလည်း အဓိကကျနေပါတယ်။ Lean Protein ကို စားသုံးခြင်းအားဖြင့် လေ့ကျင့်ခန်းလုပ်ပြီး ပျက်စီးသွားတဲ့ ကြွက်သားတွေ ပြန်လည်ကြံ့ခိုင်လာရုံသာမက ခန္တာကိုယ်မှာရှိသင့်တဲ့ အဆီနဲ့ကြွက်သားကို အချိုးကျဖြစ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

To keep your healthy body for the long term, the choice of how you eat is very important. Lean Protein helps to repair our muscle fibers that have been damaged during exercise and improves your muscle to fat ratio.

Steak

Protein ဓာတ်များစွာပါဝင်တဲ့ steak ဟာ ယောက်ျားလေးတွေရဲ့ အကြိုက်ဆုံးအစားအစာထဲမှာ အပါအ၀င်ဆိုတာ ငြင်းလို့မရပါဘူး။ Protein ပါဝင်ရုံသာမက သံဓာတ်အားဖြည့်ပေးနိုင်သလို Vitamin B အုပ်စု ပါဝင်တဲ့အတွက် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါ့အပြင် steak မှာ ပါဝင်တဲ့အဆီဓာတ်တွေက ခန္တာကိုယ်တွင်းရှိ မကောင်းတဲ့ Cholesterol ဓာတ်ကိုလည်း လျော့ချပေးနိုင်ပါတယ်။

You can’t deny that steak, containing much protein, is the men’s favorite. Not only is it extremely high in protein, but it is also loaded with iron and Vitamin B which can help you fight fatigue. Not only that, the fat that contains in the steak can lower your levels of bad cholesterol.

ငှက်ပျောသီး (Bananas)

နေ့တိုင်း Workout လုပ်နေတဲ့ ယောက်ျားလေးတွေအတွက် ငှက်ပျောသီးစားပေးဖို့ လိုအပ်ပါတယ်။ အားကစားလုပ်ရင်း ချွေးတွေအများကြီးထွက်တာကြောင့် ခန္တာကိုယ်တွင်းမှာရှိတဲ့ ဆားဓာတ်နဲ့ သတ္ထုဓာတ်တွေက ကုန်ခမ်းသွားပါတယ်။ ဒီကုန်ခမ်းသွားတဲ့ ဆားဓာတ်နဲ့သတ္တုဓာတ်တို့ကို ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတမ်စီယမ်ဓာတ်နဲ့ ဆိုဒီယမ်ဓာတ်တွေက ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ငှက်ပျောသီးမှာ အမျှင်ဓာတ်တွေလည်း အများကြီးပါဝင်တဲ့အတွက် ဆီးလေ၀မ်းမှန်ကျန်းမာအရေးအတွက်လည်း များစွာများစွာ အထောက်အကူပြုနိုင်ပါတယ်။

For men who work out regularly, bananas should be included in their diet plan. Your body flushes out several salts and minerals when you work out heavily. Since bananas contain high levels of potassium and sodium, they help to replenish your body. But that’s not all, bananas are loaded with fiber, you don’t need to wait for a long time in toilets.

ကော်ဖီ (Coffee)

မနက်ခင်းနိုးနိုးချင်း ကော်ဖီတစ်ခွက်ကတော့ ကိုယ့်အတွက် အကောင်းဆုံး အဖော်မွန်ပဲဖြစ်မှာပါ။ ကော်ဖီသောက်ခြင်းအားဖြင့် စိတ်ရော ကိုယ်ပါ လန်းဆန်းနိုင်ပြီး အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားမှုကို လျော့ချပေးနိုင်ပါတယ်။ သွေးကြောကျဉ်းရောဂါကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ကော်ဖီကို တစ်နေ့တစ်ခွက်သာ သောက်သုံးပေးသင့်တယ်ဆိုတာကိုတော့ မမေ့လျော့သင့်ပါဘူး။

One cup of coffee is a must-drink when you wake up early in the morning. Drinking just a single cup a day can be associated with live longer and less risk of Alzheimer. Moreover, it can have less risk of cardiovascular disease. However, just a reminder that you should consume only a cup of coffee a day.

သလဲသီး (Pomegranate)

သလဲသီးကို နှစ်ပေါင်းများစွာကတည်းက “အံ့သြဖွယ် အသီး” အဖြစ် သတ်မှတ်ထားကြပါတယ်။ ဘာလို့ အဲလို သတ်မှတ်ထားကြတာလဲ။ သလဲသီးမှာ Antioxidant တွေ များစွာပါဝင်သလို သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။ သလဲသီးဟာ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် ယောက်ျားလေးတွေအတွက် အကောင်းဆုံး အသီးတစ်ခုလို့ ပြောရမှာပါ။

For years, it has been regarded as a “miracle fruit”. Why as miracle fruit? The sky-high antioxidant content of pomegranate stands out one of the best superfoods around. It has the ability to lower blood pressure, improve blood flow and also reduce the risk of prostate cancer. That’s why pomegranate is the best superfood for men.

တို့ဖူး (Tofu)

တို့ဖူး (သို့မဟုတ်) ပဲနှင့်ပြုလုပ်ထားသော အစားအစာများကလည်း ဆီးကျိတ်ကင်ဆာဖြစ်မှုကို ကာကွယ်နိုင်တဲ့အကောင်းဆုံးအစားအစာထဲမှာ ပါဝင်ပါတယ်။ Isoflavone ပါဝင်မှုကြောင့် ကိုယ်တွင်းမှာရှိတဲ့ အီစရိုဂျင်ကို လျော့ချပေးနိုင်တဲ့အတွက် ဆီးကျိတ်ကင်ဆာဖြစ်ပွားမှုကို နှောင့်နှေးစေနိုင်တာဖြစ်ပါတယ်။ သုတေသနရှင်များရဲ့ပြောကြားချက်အရ ပဲနှင့်ဆက်စပ်သော အစားအစာများ စားသုံးသော နိုင်ငံများ နှင့် စားသုံးမှုမရှိသော နိုင်ငံများ နှိုင်းယှဉ်လျှင် စားသုံးသော နိုင်ငံများတွင် နေထိုင်သောသုများ၌ ဆီးကျိတ်ရောဂါဖြစ်ပွားမှုနှုန်းလျော့ကျနိုင်တာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်မို့လို့ အခုပဲ ကိုယ်ရဲ့နေ့စဉ်စားသောက်မှုမှာ ပဲနှင့်ဆက်စပ်သော အစားအစာတစ်ခုကို အမြဲထည့်စားပေးဖို့ မမေ့ပါနဲ့နော်။

Tofu is regarded as one of the best foods to protect against prostate cancer. This is due to isoflavone content that mimics the effect of estrogen in the body, in turn, delaying the growth of prostate cancer. Research shows that countries that have a high intake of tofu in their diet tend to have much lower rates of prostate cancer compared to countries where tofu intake is low. Thus, if you aren’t eating tofu foods, start eating them now.

ချယ်ရီသီး (Cherries)

နာလန်ထအသီးအနှံတစ်ခုအနေနဲ့ ချယ်ရီသီးကို စားသုံးပေးသင့်ပါတယ်။ ကယ်လိုရီလျော့နည်းတဲ့အသီးအနှံဖြစ်သလို antioxidant ဓာတ်ပါဝင်မှုမြင့်မားတဲ့အတွက် အားကစားသမားများအတွက် စားသုံးသင့်တဲ့အသီးအနှံပဲဖြစ်ပါတယ်။ Nutrients တွေရဲ့လေ့လာတွေ့ရှိချက်တွေအရ စက်ဘီးစီးအားကစားသမားတစ်ဦးက ပြိုင်ပွဲရက်မတိုင်ခင် ချယ်ရီသီးဖျော်ရည်ကို သောက်ထားတဲ့အတွက် ပြိုင်ပွဲတွင်းရလာနိုင်တဲ့ စိတ်ဖိစီးမှု လျော့ချပေးနိုင်တဲ့အပြင်  ကြွက်သားနာကျင်မှုကိုလည်း လျော့နည်းစေပါတယ်။

If you’re looking to speed up the recovery, choose cherries as a superfood. This low-calorie fruit, containing high antioxidant content, is a must-eat for athletes. According to the recent study of nutrients, they found out that cyclists who drank cherry juice before a three-day race experienced less inflammation and reduced stress and also decrease muscle pain promoting a faster recovery.

ဂျင်း (Ginger)

ရာစုနှစ်များစွာတည်းက ဂျင်းကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုလာကြပြီး အားကစားလုပ်ရင်း ရရှိလာတဲ့ ရောင်ရမ်းနာကျင်မှုအတွက် သက်သာစေနိုင်ပါတယ်။ Anti-inflammatory ဂုဏ်သတ္တိတွေကြောင့်လည်း ကိုက်ခဲခြင်းဝေဒနာကို လျော့ချပေးနိုင်ပါတယ်။ 

For centuries, ginger has been used for spice and it can reduce any swelling and aches because of its anti-inflammatory properties. 

ကြက်ဥ (Eggs)

ကြွက်သားကြံ့ခိုင်မှုအတွက် မနက်စာမှာ ကြက်ဥစားပေးဖို့ကတော့ လိုအပ်ပါတယ်။ ပရိုတင်းဓာတ်ပြည့်ဝတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူပြုတာကြောင့် ကြက်ဥကို တစ်နေ့တစ်လုံး စားပေးသင့်ပါတယ်။ ကြက်ဥစားပေးခြင်းအားဖြင့် လေဖြတ်ရောဂါဖြစ်မှုကိုလည်း လျော့ချပေးနိုင်ပါတယ်။ 

Eggs are the powerful and important nutrients, needed as the best muscle-building breakfast. Rich in protein, it can help you support for cognitive function and improvement in brain gains. And also, by consuming just a single egg a day has been shown to drastically reduce your chance of having a stroke in life.

ရေ (Water)

အားကစားပြုလုပ်တဲ့အချိန်ပဲဖြစ်ဖြစ် ပုံမှန်လှုပ်ရှားသွားလာနေတဲ့အချိန်မှာ မရှိမဖြစ်ကတော့ ရေဓာတ်ပါပဲ။ ဒါကြောင့်မို့လို့ ရေဘူးကိုတော့ ကိုယ်နှင့်မကွာ ဆောင်ထားဖို့လိုအပ်ပါတယ်။ ခန္တာကိုယ်မှာ ရေဓာတ်ကုန်ဆုံးသွားတာနဲ့ အားလျော့သွားနိုင်သလို ရေအသောက်နည်းတဲ့အခါမှာ ဆီးသွားမှု လျော့နည်းမယ် – အကျိုးဆက်အနေနဲ့ ဆီးနှင့်ပတ်သက်တဲ့ရောဂါတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဆီးသွားတဲ့အချိန်မှာလည်း ဆီးအရောင်က မှန်လိုကြည်နေရင် ကိုယ့်မှာ ဓာတ်ဆားဓာတ်ချို့ယွင်းနေတာဖြစ်နိင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး သုံးလီတာလောက် သောက်ပေးဖို့ အကြံပေးပါရစေ။

This is the world’s most boring suggestion to drink water every time. Nevertheless, you should keep a bottle handy with you to be hydrated always. As soon as you lose your hydration in your body, your resistance will be lower and urination flow will be slower. As a result, you can suffer from urine problems. As a general guide, your urine should not be extremely dark nor extremely clear. When your pee is as clear as glass, it can cause you a slight electrolyte imbalance in your body. That’s why we would like to suggest to drink “3 liters a day”.

words by Eain Chu

LUSH EATLUSH June 2019LUSH Magazine Myanmar
1
Facebook Twitter Google + Pinterest
Maeve

previous post
L’Oreal Paris Red Carpet (၆) နှစ်ပြည့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး
next post
SONY Mid-Year Promotion

Recommended

နွေရာသီမှာ ရင်အေးစေမယ့် Watermelon Recipes

March 19, 2019

ပုဂံအပြန် လက်ဆောင်ဖြစ်လာမယ့် ပုန်းရည်ကြီးကိတ်

August 31, 2023

ကမ္ဘာအနှံ့အပြားက ထူးခြားဆန်းပြားတဲ့ တန်ဖိုးကြီးအစားအစာများ

July 30, 2019

Uber to acquire Postmates for $2.65 billion

July 14, 2020

Chef Xavier Fauvel

April 10, 2020

ပုဂံရောက်တုန်း အကြော်စုံ ပူပူလေး စားကြမယ်။

August 11, 2023

What is kombucha?

June 4, 2020

3 tips for dining out during a pandemic

July 1, 2020

Historical Dining Spots

November 22, 2019

CELEBRITY COOKBOOKS

June 17, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem