LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILYRewind

ရန်ကုန်မြို့လယ်က နှစ်ပေါင်း ၁၀၀ ကျော်အဆောက်အအုံ ဒီဆူဇာဆေးဆိုင်ကြီး

written by Lush Editor September 24, 2020
ရန်ကုန်မြို့လယ်က နှစ်ပေါင်း ၁၀၀ ကျော်အဆောက်အအုံ ဒီဆူဇာဆေးဆိုင်ကြီး

ရန်ကုန်မြို့လယ်က ဆက်သွယ်ရေးရုံးကြီး၊ လွယ်လွယ်ပြောရရင် MPT ရုံးကြီးကိုတော့ သိကြမှာပေါ့။ အဲဒီရုံးကြီးရဲ့ သက်တမ်းကနှစ်ပေါင်း ၁၄၀ ကျော်ပြီဆိုတော့ အရင်ကဘယ်သူတွေ ပိုင်ခဲ့ကြမလဲဆိုတာ ပိုစိတ်ဝင်စားစရာကောင်းပါတယ်။ အဲဒီရုံးကြီးဟာ တစ်ချိန်က ဘယ်သူတွေပိုင်ခဲ့တယ်၊ ဘယ်လိုနေရာဖြစ်ခဲ့တယ်ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းတာပါပဲ။သမိုင်းထဲမှာ သင်ဖူးခဲ့ကြတဲ့ ပေါ်တူဂီတို့၊ ဒက်ချ်တို့ အကြောင်းထဲက ပေါ်တူဂီပိုင်နက်ထဲကဂိုအာဆိုတဲ့နေရာကနေလာတဲ့ ဂိုအာလူမျိုးတွေဟာ ရန် ကုန်မှာ စီးပွားရေးနယ်ပယ်ထဲအထင်ကရဖြစ်ခဲ့ကြဖူးတယ်ဆိုရင် မအံ့သြလိုက်ပါနဲ့။ တကယ်ပဲ ဂိုအာလူမျိုးပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုဟာ ရန်ကုန်မြို့လယ်မှာ ယခုချိန်ထိ မားမားမတ်မတ်ကြီး ရှိနေသေးလို့ပါပဲ။

တစ်ချိန်က ဒါလဟိုစီလမ်းလို့ခေါ်ခဲ့တဲ့ အခုမဟာဗန္ဓုလလမ်းပေါ်မှာ ဓါးတံဆိပ်နဲ့ ဒီဆူဆာအိမ်သုံးဆေးဝါးနဲ့ အလှကုန်အရောင်းဆိုင်ကြီးဟာ ဂိုအာလူမျိုး ဒေါက်တာ E.M De Souza ကဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မှာ အကြီးဆုံးဆေးဆိုင်ကြီး ဖြစ်ခဲ့ပါတယ်။ ၁၈၇၈ ခုနှစ်လောက်က ဒေါက်တာ E.M De
Souza က ဒီဆူဇာဆေးဆိုင်မှာ ဆေးတွေကိုဖော်စပ်ရောင်းချပေးရုံသာမကဘဲ ဓါတ်ပုံကူးဆေးမယ့် ဓါတုပစ္စည်းတွေလည်း ရောင်းချခဲ့ပါတယ်။ အဲဒီလိုနဲ့ဓါးနှစ်လက်အမှတ်တံဆိပ်နဲ့ ဒီဆူဇာဆေးဆိုင်ဟာ နာမည်ကျော်ကြားခဲ့ပါတယ်။ ဒေါက်တာ ဒီဆူဇာဟာ ၁၉၁၃ မှာပေါ်တူဂီကောင်စစ်ဝန်အဖြစ် ခန့်အပ်ခံခဲ့ရပြီးတဲ့နောက်မှာ အဆောက်အအုံကို ပြန်လည်ပြင်ဆင်ခဲ့လို့ ခုမြင်တွေ့ရတဲ့ အဆောက်အအုံကြီးအတိုင်း ပြန်လည်တည်ဆောက်ခဲ့တာ ၁၉၁၄ မှာ ပြီးစီးခဲ့ပါတယ်။

ဒေါက်တာဒီဆူဇာကွယ်လွန်ပြီး နောက်ပိုင်းမှာလည်း ဒီဆူဇာဟာ ဆက်လက်ထင်ရှားနေခဲ့ပါသေးတယ်။ နောင်နှစ်များစွာကြာပြီးနောက်မှာတော့း မြန်မာလူမျိုး ဦးခင်ဇော်ဆိုတဲ့သူက ပိုင်ဆိုင်ခဲ့ပြီး ဒီဆူဇာဟာပိုမိုအောင်မြင်လာခဲ့ပါတယ်။ ဦးခင်ဇော်လက်ထက်မှာ “ဆေးဝယ်ရင် ဒီဆူဇာမှာ စိတ်ချရတယ်” ဆိုတဲ့စကားလုံးနဲ့ ကြော်ငြာတွေဟာ အဲဒီခေတ် ဂျာနယ်၊ မဂ္ဂဇင်း၊ သတင်းစာ စတဲ့စာနယ်ဇင်းပလက်ဖောင်းတိုင်းမှာပါခဲ့တဲ့အခါ နိုင်ငံနဲ့ချီပြီး ဒီဆူဇာဟာ လူသိများလာခဲ့တာပါပဲ။ အဲဒီအချိန်မှာတော့နိုင်ငံခြားဆေးအမျိုးမျိုး၊ ဆရာဝန်သုံးပစ္စည်းတွေနဲ့ဆေးပစ္စည်းကိရိယာတွေပါ ရောင်းချတဲ့အခါမှာ ပိုမိုလူသိများထင်ရှားတဲ့ ဆေးဆိုင်ကြီးဖြစ်ခဲ့ပါတယ်။

ဆိုရှယ်လစ်ခေတ်ရောက်တော့ ထုံးစံအတိုင်း ပြည်သူပိုင်သိမ်းခဲ့ပြီး ပြည့်သူ့ဆိုင်အဖြစ်အသုံးပြု ဖွင့်လှစ်ခဲ့ပြန်ပါတယ်။ ယခုအချိန်မှာတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးအဖြစ်အသုံးပြုထားပြီးတော့ မြေညီထပ်မှာ MPT အရောင်းပြခန်းရှိလို့ MPT ရုံးလို့လူပိုသိကြတဲ့ အဆောက်အအုံကြီးဟာ နှစ်ပေါင်း ၁၄၀ ကျော်ရှေးဟောင်းအဆောက်အအုံကြီးမို့ အမွေအနှစ်ကောင်းတစ်ခုအဖြစ် ထိန်းသိမ်းပြီးရေရှည်ခိုင်မြဲတဲ့ အဆောက်အအုံဖြစ်အောင် ထိန်းသိမ်းသွားရမယ့် အဆောက်အအုံကြီးတစ်ခုဖြစ်ပါတယ်။

LUSH DAILYLUSH Magazine MyanmarLUSH RewindLUSH September 2020Old- Fashioned PharmacyVintage-Building
1
Facebook Twitter Google + Pinterest
Lush Editor

previous post
ရန်ကုန်မြို့က သက်တမ်းရင့် ရုပ်ရှင်ရုံ ဝဇီရာ
next post
Alicia Keys ရဲ့ beauty brand အတွက် ၀ယ်ဖို့အဆင့်သင့်ပဲလား?

Recommended

adidas Originals ရဲ့ Superstar adilette Slide

July 3, 2020

Gentle Monster “MY MARS” Campaign

March 3, 2020

“လူမှုဘဝ ပိုကောင်းဖို့ ဟန်ချက်ညီညီလုပ်ဆောင်စို့” (Balance for Better)

March 6, 2019

သမာရိုးကျ schedule ကနေကွဲထွက်ပြီး အာရှမှာ ပြုလုပ်သွားမယ့် LV spring/ summer...

July 15, 2020

L’Oreal Paris Red Carpet (၆) နှစ်ပြည့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီး

July 8, 2019

Giorgio Armani brand ရဲ့ ပထမဆုံးသော global beauty ambassador...

May 30, 2018

လူအများစိတ်ဝင်စားမှုကို ခံနေရတဲ့ တကယ့်လူမဟုတ်တဲ့ CG မော်ဒယ်လေး Imma

January 23, 2019

Pact McGrath launched Star Wars Makeup Collection

December 4, 2019

သင်္ကြန်အတွက် ရိုးမသွားနိုင်တဲ့ ကျစ်ဆံမြီးဆံပင်စတိုင်လ်များ

April 4, 2019

Bacalar – Maldives of Mexico

March 11, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem