ကားမောင်းနေတဲ့အချိန်မှာ သီချင်း ဖွင့်လေ့ဖွင့်ထ ရှိကြပါတယ်။ အခု ပြောပြပေးချင်တာကတော့ ကိုယ်ဖွင့်ထားတဲ့ သီချင်းအမျိုးအစားက ကိုယ့်ရဲ့ကားမောင်းနှင်မှုအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်လဲဆိုတာပါပဲ။
Ran by IAM Roadsmart နဲ့ Auto Express Motor Magazine တို့က ဦးဆောင်လုပ်ခဲ့တဲ့ စမ်းသပ်မှုအသစ်တစ်ခုအရ Heavy Metal Music နားထောင်ရင်း ကားမောင်းပါက စိတ်မတည်ငြိမ်မှုကို ပိုဖြစ်စေနိုင်ပြီး၊ အန္တာရာယ်ဖြစ်စေဖို့အတွက် ပိုတွန်းအားပေးတယ်လို့ ဆိုထားပါတယ်၊၊ မတူညီတဲ့သီချင်းအမျိုးအစားတွေကို Full Volume နဲ့အသုံးပြုစမ်းသပ်စေခဲ့ပြီး Slipknot ရဲ့ sic, Taylor Swift ရဲ့ Shake It Off, Kendrick Lamar ရဲ့ Humble နဲ့ Johann Sebastian Bach ရဲ့ Goldberg Variations စတဲ့ မတူညီကွဲပြားတဲ့ သီချင်းအမျိုးအစားတွေပါဝင်ခဲ့ပါတယ်။
Classic Music ကိုဖွင့်ရင်း ကားမောင်းရတဲ့အခါမှာ Relax ဖြစ်စေပြီး စိတ်တည်ငြိမ်မှုအပြည့်နဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေအတွက် အထောက်အပံ့ပြုတယ်လို့ဆိုပါတယ်။ Pop Music ကလည်း Best Controlling ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။
ဒီစစ်တမ်းဟာ ဝေဖန်မှုများစွာနဲ့ကြုံနေရသလို၊ စစ်တမ်းရဲ့ရလဒ်ကိုလည်း မကြိုက်မနှစ်သက်သူတွေများစွာရှိပါတယ်။ Full Volume မြှင့်ပြီးနားထောင်စေတာဟာလည်း စစ်တမ်းရဲ့မှန်ကန်တဲ့နည်းလမ်းတစ်ခုမဟုတ်ဘူးဆိုပြီးတော့လည်း ဝေဖန်မှုတွေရှိပါတယ်။ ပြီးတော့ မတူညီတဲ့ဂီတအမျိုးအစားတွေကို အကြိုက်ချင်းမှာလည်း တစ်ယောက်နဲ့တစ်ယောက်မတူကွဲပြားမှုတွေရှိနေတာကို သတိပြုသင့်ကြောင်းလည်း ဝေဖန်မှုတွေတွေ့ရပါတယ်။ မိမိကြိုက်နှစ်သက်ရာသီချင်းတွေနဲ့ကားမောင်းရတဲ့အခါ ဘယ်လိုအခြေအနေမျိုးမဆို စိတ်ကျေနပ်မှုရစေတာပါပဲဆိုတဲ့ comment တွေတွေ့ရပါတယ်။
သင်ကရော ကားမောင်းရင်း ဘယ်လိုသီချင်းအမျိုးအစားတွေကို နားထောင်လေ့ရှိသူဖြစ်ပြီးတော့ သင့်ရဲ့အတွေ့အကြုံတစ်စုံတစ်ရာကိုလည်း မျှဝေပေးခဲ့ပါဦး။
Lin Takhon
Ref: www.nme.com, www.yahoo.com