၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့၊ ဗုဒ္ဓဟူးနေ့ကပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတသစ်ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ကမ္ဘာကျော်အဆိုတော် Lady Gaga က လှပခမ်းနားလွန်းတဲ့ဖက်ရှင်နဲ့အတူ အမေရိကန်နိုင်ငံရဲ့နိုင်ငံတော်သီချင်းကိုသီဆိုခဲ့ပါတယ်။
ပွဲပြီးမကြာခင်မှာပဲ ကမ္ဘာအဝှမ်းမီဒီယာအားလုံးနီးပါးမှာ Lady Gaga ရဲ့ဖက်ရှင်ကို အထူးပြုဖော်ပြခဲ့ကြပါတယ်။
ဒီပွဲမှာတော့ Lady Gaga က Maison Schiaparelli ရဲ့ custom made Haute Couture set ဖြစ်တဲ့ Navy Coat နဲ့ Red Skirt ကို အနက်ရောင် leather gloves နဲ့တွဲဖက်ပြီး မင်းသမီးတစ်ပါးလိုခမ်းနားစွာဝတ်ဆင်ခဲ့ပါတယ်။ ဒီအတွက် Maison Schiaparelli ရဲ့ Artistic Director ဖြစ်တဲ့ အမေရိကန်နိုင်ငံသား Daniel Roseberry ကလည်း ဒီလိုခမ်းနားကြီးကျယ်လွန်းတဲ့ အခမ်းအနားမှာဝတ်ဆင်ဖို့ Lady Gaga အတွက် ဒီဝတ်စုံလေးကို ပို့ပေးခွင့်ရတဲ့အတွက် အရမ်းကို ဝမ်းသာဂုဏ်ယူမိကြောင်းပြောဆိုထားပါသေးတယ်။
Lady Gaga က Navy Coat ရဲ့ ဘယ်ဘက်ရင်ဘတ်မှာဆိုရင် သံလွင်ခက်ချီထားတဲ့ငြိမ်းချမ်းရေးချိုးငှက်ပုံ ရွှေရင်ထိုးကို ဝတ်ဆင်ထားပါတယ်။ ဒါတင်ဘယ်ကဦးမလဲ၊ သီချင်းသီဆိုချိန် တီးလုံးသံကြားနိုင်ဖို့အတွက် In-ear monitor ကိုလည်းနားကပ်နဲ့တွဲဖက်ပြီးရွှေရောင်ကိုပဲအသုံးပြုခဲ့တဲ့အပြင် သူသီဆိုတဲ့ Microphone ကလည်း Gold Plating ပြုလုပ်ထားတဲ့ Microphone ကို သူတစ်ဦးတည်းသီးသန့်အသုံးပြုခဲ့ပါတယ်။
ဆံပင်ပုံစံကတော့ သူမရဲ့အကြိုက်ဆုံးထဲက တစ်ခုဖြစ်တဲ့ Platinum Hair Color ဖြစ်ပြီးတော့ ဖဲကြိုးအနက်ကိုအသုံးပြုပြီး ကျစ်ဆံမြှီးကျစ်ထားကာ အပေါ်တင်ထားပါတယ်။ ပြီးတော့ ပန်းအနီရောင်နှစ်ပွင့်ကို နောက်မှာပန်ဆင်ထားပါတယ်။ မျက်နှာပေါ်မှာတော့ ဆံချည်တစ်စနှစ်စကို ဘယ်ညာဝဲပျံထားစေပါတယ်။
မိတ်ကပ်လိမ်းခြယ်ထားတာကလည်း classic and romantic ကို ဦးစားပေးထားပေမယ့် အနီရောင် နှုတ်ခမ်းနီနဲ့အတူရှိနေတာကြောင့် နူးညံ့ပြီးတောက်ပနေခဲ့ပါတယ်။
သူ့ရဲ့ စင်ပေါ်တက်ရောက်လာတဲ့ပုံရိပ်တွေနဲ့၊ အမေရိကန်နိုင်ငံတော်သီချင်းကို သီဆိုသွားဟန်တွေကို အောက်က Video မှာ ကြည့်ကြည့်လိုက်ပါဦးနော်။
Ref: vogue.com, instyle.com, nytimes.com, theguardian.com, msn.com
Video Ref: hill.tv