LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILYSOCIAL ETIQUETTE

လမ်းပေါ်တွင်လိုက်နာသင့်သော အခြေခံစည်းကမ်းများ

written by Aung Lynn Thit June 12, 2019
လမ်းပေါ်တွင်လိုက်နာသင့်သော အခြေခံစည်းကမ်းများ

မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာ စည်းကမ်းအမဲ့ဆုံးနဲ့ ကျင့်ဝတ်အပျက်ဆုံးသောအရာတွေဟာ လမ်းမပေါ်မှာ ဖြစ်ပျက်နေပါတယ်။ အစိုးရရဲ့စည်းကမ်းထိန်းသိမ်းရေးစနစ်က စည်းကမ်းမဲ့ပြည်သူအချို့အပေါ်မှာ ထိရောက်မှုမရှိသေးတဲ့အခါ အဲဒီစည်းကမ်းပျက်ပြည်သူတွေရဲ့ စည်းပျက်ကမ်းပျက် အကျင့်တွေကလည်း လမ်းပေါ်မှာတင် ပေါ်ပေါ်ထင်ထင် ဆင်မကြောက် ကျားမကြောက် ပြုလုပ်နေနိုင်ပါတယ်။ အကြောင်းရင်းကို ပြန်လည်ရှာဖွေတဲ့နေရာမှာလည်း အနိမ့်ဆုံးကိုရောက်နေတဲ့ပညာရေးစနစ်ဆီမှာပဲ မုန့်လုံးစက္ကူကပ်ဖြစ်နေတာပါပဲ။ တစ်ခါတစ်ရံမှာလည်း ဒီလိုအခြေခံကျင့်ဝတ်တွေဟာ ပညာရေးစနစ်ထက် EQ Level အပေါ်မှာ မူတည်သက်ရောက်နေတာကို တွေ့ရပါတယ်။ လမ်းမပေါ်မှာဖြစ်ပျက်နေတဲ့ အချိုးမပြေတဲ့ စည်းကမ်းမဲ့အပြုအမူတွေကို အမှတ်စဉ်နဲ့တွက်ကြည့်ရင် ရာဂဏာန်း ထောင်ဂဏာန်းအထိ ဖြစ်သွားနိုင်ပါတယ်။ အဲဒီအထဲကမှ အဆင်မပြေဆုံး လမ်းမထက်က မနှစ်မြို့စရာ အခြေခံကျင့်ဝတ်တွေတချို့ကို မသိခဲ့လျှင်ဖြစ်စေ၊ သိသိရက်နဲ့ဖြစ်စေ ကျူးလွန်နေသူတစ်ယောက်ဖြစ်ခဲ့ရင်လည်း ဆင်ခြင်ပြင်ဆင်နိုင်အောင် ပြောပြလိုက်ပါရစေ။

ယာဉ်စည်းကမ်းဖောက်ဖျက်ရခြင်းကို ဂုဏ်ယူစရာသဖွယ်လုပ်ကြခြင်း။

လမ်းမပေါ်မှာတော့ ယာဉ်စည်းကမ်းပျက်မှုဟာ အဆိုးဝါးဆုံးဖြစ်ပါတယ်။ ယာဉ်စည်းကမ်းကို ချိုးဖောက်သူတွေဆိုတာ ယဉ်မောင်းတွေပါ။ သက်မဲ့စက်ပစ္စည်းက သူ့အလိုလို စည်းကမ်းချိုးဖောက်ပြီးသွားလာနေတာမျိုးမဟုတ်ပါဘူး။ ယာဉ်မောင်းဆိုတာ လူသားတစ်ဦးဖြစ်ပါတယ်။ ဒီနိုင်ငံမှာတော့ စက်ရုပ်ယာဉ်မောင်းလည်းမရှိသလို မောင်းသူမဲ့ယာဉ်လည်းမရှိပါဘူး။ ဒါကြောင့် စည်းကမ်းပျက်သူဟာ ပြည်သူထဲက လူသားတွေဖြစ်ပါတယ်။ ယာဉ်စည်းကမ်းပျက်တာဟာ လူမှုပတ်ဝန်းကျင်ကို ထိခိုက်ပြီး ဆိုးဝါးတဲ့ စည်းကမ်းပျက်တာဖြစ်ပါတယ်။

စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးခြင်း။

မြန်မာပြည်မှာ ကွမ်းစားသူအရေအတွက်ကို စနစ်တကျစစ်တမ်းကောက်ခံထားတာတွေ မရှိပေမယ့်လည်း ၅၀ ရာခိုင်နှုန်းနဲ့အထက်ရှိနေမယ်လို့ ခန့်မှန်းကြပါတယ်။ တောရော၊ မြို့ပါမကျန် စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးသူတို့ကြောင့် အခြားသော ပတ်ဝန်းကျင်ပြည်သူတွေနဲ့ မြို့ပြ၀န်းကျင်ကို ရုပ်ဆိုးအကျဉ်းတန်စေပါတယ်။ ကွမ်းစားတာအပြစ်မဟုတ်ပါ။ စည်းကမ်းမဲ့တာကသာ အပြစ်ဖြစ်ပါတယ်။

အများပြည်သူနှင့်သက်ဆိုင်သောနေရာတွင် ဆေးလိပ်သောက်ခြင်း။

ဆေးလိပ်သောက်သူအရေအတွက်က ကမ္ဘာအနှံ့မှာ ရာခိုင်နှုန်းအင်မတန်များပြားပါတယ်။ လူဦးရေ ၁.၁ ဘီလီယံရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်ကြတယ်လို့ဆိုပါတယ်။ လက်ရှိမှာကမ္ဘာ့လူဦးရေဟာ ၇.၇ ဘီလီယံအထိရှိပါတယ်။ ဆေးလိပ်ရဲ့ဆိုးကျိုးကြောင့် တစ်နှစ်မှာ ကမ္ဘာပေါ်က လူပေါင်း ၈ မီလီယံကျော်ဟာ သေဆုံးနေပြီး အဲဒီအထဲက ၇ မီလီယံဝန်းကျင်က ကိုယ်တိုင်ဆေးလိပ်သောက်သုံးသူတွေဖြစ်ကြပြီးတော့ ကျန်တဲ့ ၁ မီလီယံကျော်ဟာ ကိုယ်တိုင်ဆေးလိပ်မသောက်သုံးဘဲ အနံ့ရှုရှိုက်မိသူတွေဖြစ်ကြပါတယ်။

ဒါကြောင့် ဆေးလိပ်သောက်သုံးတတ်သူတွေဟာ စည်းကမ်းတကျ သောက်သုံးဖို့နဲ့ တစ်ဖက်သူတွေကို ကိုယ်ချင်းစာတရားထားပေးတတ်ဖို့လိုပါတယ်။ အများပြည်သူသုံးဘတ်စ်ကားမှတ်တိုင်တွေမှာလည်း ထိုင်ပြီး ဆေးလိပ်သောက်သုံးသူတွေအများကြီးကို တွေ့ရနိုင်ပါတယ်။ အများပြည်သူနေရာတွေမှာ ဆေးလိပ်သောက်သုံးတာမျိုးကို လုံးဝရှောင်ကြဉ်သင့်ပြီးတော့ လုံးဝမတတ်နိုင်တော့တဲ့အခါတွေမှာဆိုရင်လည်း အများပြည်သူနဲ့ဝေးရာကို အနည်းငယ်ခွာပြီးတော့ သောက်သုံးတာမျိုးကို လုပ်သင့်ပါတယ်။ တချို့နေရာတွေမှာဆိုရင်လည်း Smoking Area သတ်မှတ်ပေးထားတာမျိုးလုပ်ထားကြပါတယ်။

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်း။

မြို့ပြစနစ်ရဲ့ ရုပ်အဆိုးဆုံးနဲ့၊ ဖြေရှင်းရခက်နေသေးတဲ့ ပြဿနာထဲမှာ အမှိုက်စွန့်ပစ်စနစ်ပါဝင်ပါတယ်။ အစိုးရရဲ့ မှန်ကန်တဲ့စနစ်မဖြစ်သေးတဲ့ စနစ်နဲ့ ပြည်သူတွေရဲ့ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်တာက အံဝင်ဂွင်ကျကိုပဲဖြစ်လို့နေပါတယ်။

တိတ်ဆိတ်ခြင်းအနုပညာကိုပင် စွမ်းဆောင်နိုင်ခြင်း ပါရမီဓာတ်ခံပါမလာခြင်း။

ကိုယ်တစ်ဦးတစ်ယောက်တည်း မဟုတ်တဲ့နေရာမှာ တိတ်ဆိတ်စွာနေထိုင်ပေးလိုက်တာဟာ အနုပညာတစ်ခုကို ဖန်တီးခြင်းမည်ပါတယ်။ ဒီအနုပညာကိုတောင် ပါရမီဓာတ်ခံပါမလာသူတွေ များစွာရှိပါတယ်။ မိမိတစ်ဦးတစ်ယောက်တည်းရဲ့ စိတ်ခံစားချက်အတွက် ဆူညံသံတွေနဲ့ အများပြည်သူကို ဒုက္ခပေးနေသူတွေဟာ လမ်းမထက်နဲ့ Public Transporation မှာတင် အများကြီးရှိလို့ပါတယ်။

Priority Seats တွေကို နားမလည်ခြင်း။

Public Transportation တွေကို အသုံးပြုသွားလာသူတွေထဲမှာ Priority Seats တွေကို နားမလည်သူတွေများစွာရှိပါတယ်။ အချို့သော ကားတွေ၊ ရထားတွေမှာ Priority Seats တွေကို စာသားနဲ့ရော၊ သရုပ်ဖော်နဲ့အပြင် ထိုင်ခုံကိုသီးသန့်ကာလာသုံးပြီး ဖော်ပြပေးထားပေမယ့်လည်း Priority Seats တွေအပေါ် အလေးအနက်မထားတာတွေကို နေ့စဉ်နေ့အမျှ ကြုံတွေ့နေရပါတယ်။

မီးပွိုင့်မကြည့်ဘဲ ကားလမ်းကူးခြင်း၊ မီးပွိုင့်နှင့်မျဉ်းကြားကို မလေးစားခြင်း။

စည်းကမ်းအရ မီးပွိုင့်မှာ လမ်းကူးတဲ့အခါ မီးနီ၊ မီးစိမ်းကြည့်ပြီးကူးရမှာဖြစ်ပေမယ့် မြန်မာပြည်မှာတော့ ကားကိုပဲ အဓိက ကြည့်ပြီးကူးရပါတယ်။ စည်းကမ်းမဲ့ကားသမားနဲ့၊ စည်းကမ်းမဲ့လမ်းကူးသူတို့ကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တစ်ခုဆိုလည်း မမှားပါဘူး။ ဒီလိုမျိုး စည်းကမ်းမဲ့လမ်းကူးသူကြောင့် အပြစ်မဲ့ကားသမားတွေလည်း ဒုက္ခရောက်ခဲ့ရတာတွေရှိသလို၊ မီးပွိုင့်နဲ့လမ်းကူးသူကို မလေးစားဘဲ စည်းကမ်းမဲ့ကားသမားကြောင့်လည်း အပြစ်မဲ့လမ်းကူးသူတွေ ဒုက္ခရောက်ကြရပါတယ်။

ဒါကြောင့် လမ်းမပေါ်က အခြေခံကျင့်ဝတ်တွေကို လိုက်နာခြင်းအားဖြင့်၊ တစ်ဦးအပေါ်တစ်ဦး အသိအမှတ်ပြု လေးစားခြင်းအားဖြင့် မိမိရဲ့ပတ်ဝန်းကျင်နဲ့ မိမိမြို့ရွာကို ကူညီပေးစေချင်ပါတယ်။

Lin Takhon

 

LUSH DAILYLUSH June 2019LUSH Magazine MyanmarLUSH social etiquette
0
Facebook Twitter Google + Pinterest
Aung Lynn Thit

previous post
Foods you need to Avoid to stay healthy in Rainy Season
next post
HERO IN PARALLEL UNIVERSE

Recommended

Getting Workloads Done Faster

April 21, 2019

သင်္ကြန်အတွက် ရိုးမသွားနိုင်တဲ့ ကျစ်ဆံမြီးဆံပင်စတိုင်လ်များ

April 4, 2019

In the Mood for Love 20 years memory

June 8, 2020

Worst Habits for Belly Fat and How to...

June 10, 2019

Oscars 2020 After-party fashion

February 11, 2020

Bike Shorts (Cycling Shorts): Fashion Vocabulary

December 12, 2019

စက်တင်ဘာလ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ Coach ရဲ့ Digital Runway...

November 25, 2020

Shine on me: the light in my room

June 12, 2020

Care Your Lips Too

December 2, 2019

မွေးနေ့မှာ “BunBun With You” Collection ကို မိတ်ဆက်ခဲ့တဲ့ Bunny...

July 10, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem