အခုနောက်ပိုင်း ပဝါလေးတွေခေတ်စားလာတာအားလုံးပဲ သတိထားမိကြမှာပါ။ ဒါဆို ပဝါကို ဘယ်လို စတိုင်လ်ကျကျနဲ့ ဝတ်ပြီး Instagrammable ဖြစ်အောင်ဘယ်လိုဝတ်ကြမလဲ။ အခု ဆောင်းရာသီလည်း တဖြည်းဖြည်းရောက်လာပြီဆိုတော့ ပဝါကို စတိုင်လ်ကျကျဝတ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။
- Bow Tie
ပဝါ စဝတ်တဲ့သူအနေနဲ့ ဒီ Bow Tie နည်းလေးကို စပြီး ဝတ်ကြည့်သင့်ပါတယ်။ ဆံပင်ကို Ponytail ပြေပြေလေးစည်းပြီး ပဝါပါးပါးလေးပတ်ကာ ဖဲပြားပုံလေးချည်မယ်ဆို လွယ်ကူပြီး လှစေပါတယ်။
2. Bandanna Tie
ပဝါကြီးကြီးကို ခေါင်းမှာပတ်ပြီး စည်းတဲ့ Style ကတော့ ငယ်ငယ်ကတည်းက ခေတ်စားခဲ့တဲ့ fashion ဆိုတော့ အားလုံးပဲ သိကြမယ်ထင်ပါတယ်။ ဒီလိုစည်းတာမျိုးကို အခုနောက်ပိုင်းပြန်စည်းလာကြတာတွေ့ရပါတယ်။
3. The Under chin
အနောက်နိုင်ငံတွေမှာတော့ အေးအေးလူလူ ကားမောင်းထွက်တဲ့အခါမှာ ပဝါကို မေးအောက်မှာချည်ပြီး Fashion ကျကျ ထွက်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီလိုဝတ်ဆင်ဖို့အတွက် ကားအကောင်းစားကြီး ရှိစရာမလိုပါဘူး။ လေးထောင့်ပုံစံ ပဝါကို တစ်ဝက်ခေါက်ပြီး ခေါင်းပေါ်မှာ ပြေပြေလေးပတ်ပြီး မေးစေ့အောက်မှာ ချည်လိုက်ပါ။ ပြီးရင်တော့ မျက်မှန်အနက်ရောင် ဒါမှမဟုတ် အညိုရောင်တစ်လက်တပ်လိုက်မယ်ဆို Old Hollywood style လေးနဲ့ Instagram မှာတင်ဖို့ ဓာတ်ပုံလှလှလေးရိုက်နိုင်ပါပြီ။
4. The Oversized Bow
အရောင်တောက်ပတဲ့ ပဝါခပ်ကြီးကြီးတစ်ထည်ရှိတယ်ဆို နဖူးအပေါ်နားလေးမှာ ဖဲပြားကြီးကြီးချည်တဲ့နည်းကလည်း Instagrammable ဖြစ်မှာအသေအချာပါပဲ။
5. The Pony Wrap
Ponytail လေးသေသေသပ်သပ်စည်းပြီး အဲ့ Ponytail မှာ ပဝါလေးပတ်တာမျိုးဆို ခေတ်ဆန်ပြီး ဓာတ်ပုံခပ်မိုက်မိုက်လေးရိုက်လို့ကောင်းမှာသေချာပါတယ်။ ဒီလို Look လေးရဖို့ ပါးပြီး တိုတဲ့ပဝါလေးပဲလိုပါတယ်။
#LUSHmagazineMyanmar #LUSHdaily #LUSHitRight