ရန်ကုန်မြို့ အင်းလျားကန်အနီးက လူကုံထံရပ်ကွက်ကို ဝင်ဒါမီယာလို့ ဘာကြောင့်ခေါ်ခဲ့တယ်ဆိုတာ ကြားဖူးကြလားဟင်?
အခု သံလွင်လမ်းကို ဝင်ဒါမီယာလမ်းလို့ အရင်ကခေါ်ဝေါ်ခဲ့ပြီး ၁၉၈၉ ခုနှစ်က ရန်ကုန်မြို့က လမ်းပေါင်း ၂၀၀ ခန့်ကို အမည်ပြောင်းတဲ့အခါမှ သံလွင်လမ်းလို့ ခေါ်ဝေါ်ခဲ့ကြတာပါ။ ဝင်ဒါမီယာထဲမှာ မြန်မာနိုင်ငံက ကမ္ဘာကျော်ပုဂ္ဂိုလ်ဦးသန့်နေအိမ်ပြတိုက်ရှိတဲ့ ပန်ဝါလမ်းဆိုရင် အရင်က ဝင်ဒါမီယာကရဲဆင့်လမ်းလို့ ခေါ်ဝေါ်ခဲ့ကြတာပါ။
ဒီရပ်ကွက်ကို ဘယ်သူက နာမည်ပေးခဲ့တယ်ဆိုတာ အတိအကျမသိရပေမဲ့ ဝင်ဒါမီယာဆိုတဲ့ ဗြိတိန်မြောက်ပိုင်း စကော့တလန်အနီးက ရေကန်ကြီးရဲ့ အမည်ကို ပေးထားခဲ့တာပါ။ ဝင်ဒါမီယာရေကန်ကြီးရှိရာဒေသမှာ ရေကန်ကြီးတွေ အများအပြားရှိကြပြီး သာယာတာမို့ ကမ္ဘာလှည့်ခရီးသွားတွေ မပြတ်လာရောက်ကြတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ အဲဒီလို သာယာအေးချမ်းတဲ့ရသကို အင်းလျားကန်ကြီးဆီမှာ ခံစားရလို့ထင်မိပြီး ဒီဆိတ်ငြိမ်ရပ်ကွက်ကို ဝင်ဒါမီယာလို့ တင်စားခေါ်ဝေါ်ခဲ့ပုံရပါတယ်။
ဗြိတိန်နိုင်ငံက ကမ္ဘာကျော် ရေကန်ကြီး ဝင်ဒါမီယာဟာ မြန်မာပြည်ထိလာရောက်စီးဆင်းနေသလို အေးမြသာယာမှုတွေပေးနေဆဲပါပဲလေ။
Editor: Aye Myat Khin