ဒီနှစ်ပိုင်းအတွင်း အလှအပရေးရာလိုက်စားတဲ့သူတွေရဲ့ပါးစပ်ဖျားမှာ နာမည်ကြီးနေတဲ့ စကားလုံးတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ collagen ပါ။ ဆိုတော့ collagen ဆိုတာ ဘာလဲ တစ်ချက်လေ့လာကြည့်ရအောင်။
Collagen ဆိုတာ အသားဓာတ်တွေထဲကတစ်ခုဖြစ်ပြီးတော့ အရေပြား နဲ့ အရိုးနုတို့လိုမျိုး ဆက်သွယ်မှုတစ်ရှုးတွေရဲ့ အဓိကဖွဲ့စည်းတည်ဆောက်ထားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ သွေးခဲတာမျိုးမဖြစ်အောင်လုပ်ပေးတာ၊ အရေပြားဖွဲ့စည်းတည်ဆောက်တဲ့နေရာတွေမှာ အဓိကနေရာက ပါပါတယ်။
Illustration of collagen’s molecular structure:
Collagen က ခန္ဓာကိုယ်တွင်းမှာ အများဆုံး ပရိုတိန်းဓာတ်ဖြစ်ပြီးတော့ ပရိုတိန်းဖွဲ့စည်းမှုရဲ့ သုံးပုံတစ်ပုံက collagen တွေပါ။ အရိုး၊ အရေပြား၊ ကြွက်သား နဲ့ အရွတ်တွေကို ဖွဲ့စည်းတဲ့အပိုင်းမှာ အရေးပါတဲ့အစိတ်အပိုင်းထဲကတစ်ခုဖြစ်ပါတယ်။ Collagen ကို သွေးကြော၊ မျက်ကြည်လွှာ နဲ့ သွားတွေမှာ ရှာလို့တွေ့နိုင်ပါတယ်။ Collagen ကို ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲကအရာတွေကို သူ့နေရာနဲ့သူဖြစ်အောင် ကပ်ပေးထားတဲ့ ကော်တစ်ခုလို့ ယူဆလို့ရပါတယ်။
Collagen အမျိုးအစား ၂၈ မျိုးရှိပြီးတော့ amino acid ဖွဲ့စည်းမှုအပေါ်မူတည်ပြီး အမျိုးအစားခွဲပါတယ်။ အဓိကအမျိုးအစား ၄ မျိုးရှိပြီးတော့ type I, II, III နဲ့ IV ဆိုပြီး ခွဲထားပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ၉၀ ရာခိုင်နှုန်းသော collagen တွေက type I လို့ခေါ်တဲ့ ကျစ်လစ်သိပ်သည်းတဲ့ အမျှင်တွေနဲ့ဖွဲ့စည်းထားတဲ့ collagen ပါ။ သူက အရေပြား၊ အရိုး၊ အရွတ်၊ အရိုးနု၊ ဆက်သွယ်မှုတစ်ရှုး နဲ့ သွားတွေရဲ့ ဖွဲ့စည်းမှုကို ထောက်ပံ့ပေးပါတယ်။ type II က လျော့ရဲတဲ့အမျှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကော်လဂျင်ဖြစ်ပြီးတော့ သူ့ကို အရိုးနုမှာ တွေ့ရပါတယ်။ Type III ကို ရိုးတွင်းခြင်ဆီ နဲ့ Lymphoid တစ်ရှုးမှာ တွေ့ရပြီး ကြွက်သား၊ ကိုယ်တွင်းအင်္ဂါနဲ့ သွေးလွှတ်ကြောတွေရဲ့ ဖွဲ့စည်းမှုကို ထောက်ပံ့ပေးပါတယ်။ Type IV ကို အရေပြားရဲ့အလွှာတွေမှာ တွေ့ရပြီး စစ်ထုတ်ခြင်းကို ကူညီပေးပါတယ်။
အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က ကော်လဂျင်ထုတ်လုပ်မှုက ကျလာပါတယ်။ ကော်လဂျင်ထုတ်လုပ်မှုနည်းလာမှန်းသိသာစေတဲ့တစ်ချက်ကတော့ အရေပြားတွေလျော့ရဲလာတာပါ။ နောက်ပြီး အရိုးနုတွေလည်း အားနည်းလာပါတယ်။
အခုဆို ကော်လဂျင်ကဘာလဲဆိုတာ အနည်းအကျဉ်းတော့ ရှင်းရှင်းလင်းလင်းသိသွားလောက်မယ်လို့မျော်လင့်ပါတယ်။ နောက်အပတ်တွေမှာလည်း ကော်လဂျင် အားဖြည့်ဆေးတွေသောက်သင့်လား၊ နောက်ပြီး ကော်လဂျင်တိုးစေတဲ့ သဘာဝအစားစာတွေက ဘာလဲဆိုတာ မျှဝေပေးသွားပါဦးမယ်နော်။
Source: Healthline, Livescience