မျက်မှန်တပ်ရတဲ့သူတွေ Mask တပ်တဲ့အခါ မျက်မှန်မှာအငွေ့ရိုက်တာမျိုးကိုကြုံရပါတယ်။ COVID-19 ဖြစ်နေတဲ့ကာလအတွင်းမှာ အပြင်ကိုမဖြစ်မနေထွက်ရတော့မယ်၊ လုပ်ငန်းခွင်ထဲကိုပြန်ပြီးဝင်ရတော့မယ်ဆို mask ကလည်း မဖြစ်မနေတတ်ထားဖို့လိုလာပါပြီ။ အဲ့လိုတပ်ရတဲ့အခါ မျက်မှန်တပ်တဲ့သူတွေအနေနဲ့ မျက်မှန်မှာအငွေ့ရိုက်တာမျိုးဖြစ်တဲ့အကြောင်းကတော့ အသက်ရှုထုတ်လိုက်တဲ့အခါ mask ရဲ့ထိပ်ကနေ လေထွက်သွားပြီးတော့ မျက်မှန်ကိုလာရိုက်တာကြောင့်ပါ။ ဒီလိုမဖြစ်အောင် လုပ်လို့ရတဲ့နည်းလေးတွေကို ပြောပြပေးသွားပါမယ်။
၁) mask ကို အပေါ်ရောက်အောင် ဝတ်ပါ။
မျက်မှန်နဲ့ mask ရဲ့ကြားမှာ နေရာအရမ်းမခြားဘဲ mask ကို မျက်မှန်နားထိရောက်အောင်တင်ပြီး မျက်မှန်နဲ့ဖိပြီးဝတ်မယ်ဆို ရှုထုတ်လိုက်တဲ့လေတွေက မျက်မှန်ကို လာမရိုက်တော့တာကြောင့် အဆင်ပြေသွားမှာပါ။
၂) သံချောင်းပါတဲ့ mask ဝတ်ပါ။
နှာခေါင်းနဲ့ ပါးနေရာတွေကို ချိန်ပေးနိုင်တဲ့သံချောင်းလေးပါတဲ့ mask မျိုးတပ်ရင်လည်း မျက်မှန်ကို အငွေ့ရိုက်တဲ့အခက်အခဲက ကင်းနိုင်ပါတယ်။
၃) တိပ် ကို သုံးကြည့်ပါ။
Mask တပ်ပြီး mask တပ်ထားတဲ့ နှာခေါင်းနားတဝိုက်ကို တိပ်ကပ်ပြီးဝတ်တာကလည်း မျက်မှန်အငွေ့ရိုက်တာကို ကာကွယ်နိုင်ပါတယ်။ ကပ်မယ့်တိပ်က duct tape လိုအရမ်းခိုင်တဲ့ တိပ်မျိုးတော့ မတပ်သင့်ပါဘူး။ ဖြစ်နိုင်ရင် ဆေးရုံဆေးခန်းသုံးတိပ်မျိုးကတော့ အသင့်တော်ဆုံးဖြစ်မှာပါ။ သုံးမယ့်တိပ်ကို မျက်နှာမှာမကပ်ခင် ဓာတ်တည့်မတည့်သိရအောင် ခန္ဓာကိုယ်တနေရာရာမှာ စမ်းကပ်ကြည့်ပြီးအဆင်ပြေမှ မျက်နှာမှာ သုံးသင့်ပါတယ်။