အမေရိကား နဲ့ ကနေဒါမှာ ဖွင့်လှစ်ထားတဲ့ Victoria’s Secret ဆိုင်ပေါင်း ၂၅၀ ဝန်းကျင်ကို အပြီးပိတ်ပစ်ဖို့စီစဉ်နေပါပြီ။ ဒီအကြောင်းကို Victoria’s Secret ရဲ့ parent company ဖြစ်တဲ့ L Brands က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်တာပါ။ အမေရိကား နဲ့ ကနေဒါမှာ ဆိုင်ခွဲပေါင်း ၁၀၉၁ ခုဖွင့်လှစ်ထားပြီး အခုဆိုရင်တော့ အမေရိကားမှာဖွင့်ထားတဲ့ Victoria’s Secret ဆိုင်ခွဲ ၂၃၅ ဆိုင်ရယ်၊ Pink stores ၃ ဆိုင်ရယ် နဲ့ ကနေဒါမှာဖွင့်ထားတဲ့ ဆိုင်ခွဲ ၁၃ ဆိုင်ရယ်ကို ပိတ်တော့မှာပါ။
COVID-19 ဖြစ်တဲ့ကာလမှာ L Brands ကုမ္ပဏီရဲ့ဆိုင်တွေအားလုံးနီးပါး ပိတ်ထားရတဲ့အတွက်ကြောင့် ၂၀၂၀ မေလဆန်းထိ ကုမ္ပဏီ ရဲ့ ရောင်းအားက အရင်နှစ်ကနဲ့ယှဉ်ရင် ၃၇ ရာခိုင်နှုန်းထိ ကျဆင်းနေကြောင်း L Brands က ပြောပါတယ်။ Victoria’s Secret ရဲ့ ရောင်းအားက ၄၆ ရာခိုင်နှုန်းထိ ထိုးကျနေပြီး L Brands ရဲ့ ကုမ္ပဏီခွဲဖြစ်တဲ့ Bath & Body Works ကလည်း ၁၈ ရာခိုင်နှုန်းထိ ကျနေပါတယ်။ COVID-19 ရဲ့ရိုက်ခတ်မှုတွေကြောင့် Victoria’s Secret ဆိုင်ခွဲတွေ အပြီးပိတ်ပစ်ရတဲ့အထိ ဖြစ်လာပြီး Bath & Body Works ဆိုင်ပေါင်း ၅၀ ကိုလည်း ပိတ်သွားမှာပါ။
Bath & Body Works ကို သီးခြားကုမ္ပဏီတစ်ခုအနေနဲ့ တည်ထောင်ဖို့စီစဉ်ထားတာကိုတော့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီးတော့ Victoria’s Secret Lingerie၊ Victoria’s Secret Beauty နဲ့ PINK စီးပွားရေးလုပ်ငန်းတွေကိုလည်း သီးခြားကုမ္ပဏီအနေနဲ့လည်ပတ်ဖို့ ပြင်ဆင်သွားမယ်လို့ L Brands က ပြောခဲ့ပါတယ်။
Ref: Forbes, USATODAY