Fashion week တွေ တစ်ခုပြီးတစ်ခု အောင်အောင်မြင်မြင် ကျင်းပပြီးခဲ့တာ အခုဆို Milan Fashion Week တောင်ရောက်လို့လာပါပြီ။ Milan Fashion Week မှာ Versace က သူ့ရဲ့ ပထမဦးဆုံးအနေနဲ့ Plus-size model သုံးယောက်ကို ပွဲဦးထွက်ထည့်သွင်းခဲ့ပါတယ်။ Versace ရဲ့ ပထမဆုံးပွဲဦးထွက် plus-size model တွေကတော့ Curvy model တွေဖြစ်တဲ့ Alva Claire, Precious Lee နဲ့ Jill Kortleve တို့ပါ။
Kortleve အတွက်တော့ Versace က ဒီ fashion week ရဲ့ တတိယမြောက် show တစ်ခုလည်းဖြစ်ပါတယ်။ သူက Versace မတိုင်ခင် Etro နဲ့ Fendi show တွေကိုလည်းလျှောက်ခဲ့ပါသေးတယ်။ Precious Lee နဲ့ Jill Kortleve တို့အတွက်တော့ Milan fashion week မှာ Versace က ပွဲဦးထွက် show တစ်ခုဖြစ်ခဲ့ပါတယ်။
“အိပ်မက်အမြဲမက်ခဲ့ရတဲ့ brand တွေနဲ့ အခုလို အလုပ်တွဲလုပ်ရတာ တကယ့်ကို မယုံနိုင်စရာပါ… မဂ္ဂဇင်းတွေ၊ က်ြောငြာတွေထဲမှာပါချင်ပေမဲ့ မပါခဲ့ရတဲ့၊ ကျွန်မတို့နဲ့ အိပ်မက်တူတဲ့ မျိုးဆက်သစ်တွေအတွက် လမ်းကြောင်းဖောက်ပေးနိုင်မယ်လို့ မျော်လင့်ပါတယ်” ဆိုပြီး Kortleve က သူ့ရဲ့ Instagram မှာတင်ခဲ့ပါတယ်။