British Fashion Awards ကတော့ ၁၉၈၉ ခုနှစ်ကနေစပြီး United Kingdom မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ပွဲတစ်ပွဲပါ။ ဒီပွဲက နှစ်စဉ် fashion industry အတွက် အထောက်အပံ့အပေးနိုင်ဆုံးဖြစ်တဲ့ ဗြိတိန် နဲ့ နိုင်ငံတဝှမ်းက လူတွေ၊ စီးပွားရေးလုပ်ငန်းတွေကို စင်တင်တဲ့ပွဲတစ်ပွဲလို့ပြောရင်လည်းမမှားပါဘူး။ British Fashion Awards ကို British Fashion Council (BFC) က စီစဉ်ကျင်းပတာဖြစ်ပြီးတော့ Fashion industry အတွက် ထူးခြားတဲ့အထောက်အပံ့တွေ၊ ထူးချွန်ပြောင်ြမောက်တဲ့ ဒီဇိုင်းတွေကိုတီထွင်ပေးနိုင်မယ့် အရည်အချင်းနဲ့အလားအလာရှိတဲ့ ကျောင်းသားတွေကို ငွေရေးကြေးရေးအရပံ့ပိုးပေးတဲ့ ပရဟိတ အဖွဲ့တစ်ခုဖြစ်တဲ့ BFC ရဲ့ ပညာရေးဖောင်ဒေးရှင်းအတွက် အဓိကရန်ပုံငွေရှာတဲ့ပွဲလည်းဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာတော့ British Fashion Awards ကနေ The Fashion Awards ဆိုပြီး rebranding လုပ်ခဲ့ပါတယ်။ ဒီနှစ် ၂၀၁၉ ရဲ့ The Fashion Awards ပွဲကတော့ ဒီဇင်ဘာ ၂ ရက်နေ့တုန်းက လန်ဒန်မြို့က The Royal Albert Hall မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ Brand of the Year award ကို Bottega Veneta, Outstanding Achievement award ကို Giorgio Armani, Fashion Icon award ကို Naomi Campbell, Urban Luxe award ကို Fenty တို့က ရရှိခဲ့ပါတယ်။ ဒီပွဲကို တက်ရောက်လာကြတဲ့သူတွေရဲ့ Fashion တွေကိုလည်း ကြည့်ကြည့်လိုက်ရအောင်။
GUTE-URLS
Wordpress is loading infos from lushmagazinemm
Please wait for API server guteurls.de to collect data fromlushmagazinemm.com/worlds-first-m...