THE SUIT MAKETH THE MAN
ဝတ်စားဆင်ယင်မှုကနေ ကိုယ့်ရဲ့အဆင့်အတန်းကို ဖော်ပြနေတာမို့ ကိုယ်သွားမယ့် နေရာဒေသနဲ့လိုက်ပြီး ဝတ်စားဆင်ယင်တတ်ဖို့ အရေးကြီးတာအားလုံးသိပြီး သားပါ။ အဝတ်အစားနဲ့ ပတ်သတ်ရင် အမျိုးသားတွေက အမျိုးသမီးတွေလောက် ရွေးချယ် စရာများများစားစား မရှိပေမယ့်
ဒီနေ့ခေတ် အမျိုးသားဖက်ရှင်ရေစီးကြောင်းမှာတော့ မြန်မာဝတ်စုံတစ်မျိုးတည်းရှိရုံနဲ့ မလုံလောက်တော့ပါဘူး။ မင်္ဂလာအခမ်းအနား ဧည့်ခံပွဲ၊
ရုံးအစည်းအဝေးပွဲ၊ အလုပ်အင်တာဗျူး စတာတွေအတွက် သင့် တော်တဲ့ မြန်မာဝတ်စုံ၊ တိုင်းရင်းသားဝတ်စုံတွေအပြင် အနောက်တိုင်းဝတ်စုံ
(Suit)တွေပါ ဝတ်ဆင်လာကြတာ တွေ့ရမှာပါ။ ဒီတော့ အမျိုးသားများအတွက် Suit ကောင်း ကောင်းတစ်ထည်တော့ ရှိဖို့ လိုအပ်လာပါပြီ။
Suit ကိုရွေးချယ်တဲ့ အခါမှာ ကိုယ်ဝတ်ဆင်မယ့် Suit ကို အဆင်သင့်ချုပ်ပြီးသား ရွေးချယ်ဝယ်ယူနိုင်သလို Suit Maker တွေဆီမှာ ကိုယ်တိုင်းနဲ့
ချုပ်လို့ရပါတယ်။ Suit ပုံစံအမျိုးမျိုးရှိတဲ့ထဲက ကိုယ်ဝတ်ဆင်မယ့် နေရာဒေသနဲ့ လိုက်ဖက်တဲ့ Suit ပုံစံကို ရွေးချယ်တတ်ရမှာ ဖြစ်သလို Quality ကောင်းတဲ့ Suit ကိုရွေးချယ် တတ်ဖို့လည်းလိုပါတယ်။
ဈေးနှုန်းနဲ့ အရည်အသွေး ယှဉ်လာရင် Suit အတွက်တော့ အရည်အသွေးကိုပဲ အဓိက ဦးစားပေးရွေးရမှာပါ။ ဈေးနည်းနည်း နဲ့ Quality မကောင်းတာရွေးရင် အထည်သားမကောင်းတတ်တော့ ကိုယ်ပေါ်မှာဝတ်ရတာ သက်သောင့်သက်သာ မဖြစ်ပဲ ကြေတာ၊ ခေါက်တာ ဖြစ်တတ်ပါတယ်။ ချုပ်ရိုးချုပ်သား မကောင်းရင် ကိုယ့်ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျမဖြစ်ပဲ ပွတာ၊ ကျပ်တာဖြစ်တတ်ပါတယ်။ လူက suirt ကို ဝတ်တာမဟုတ်ဘဲ suit က လူကို ဝတ်ထားသလိုမျိုးပေါ့။
Quality ကောင်းတဲ့ Suit ကတော့ ဈေးကြီးတတ် ပေမယ့် အထည်သားကောင်းတယ်။ ဒီဇိုင်းနဲ့ ချုပ်ရိုးချုပ်သားကောင်းတော့ ဝတ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ သက်သောင့် သက်သာရှိတယ်။ လူက Suit ကို ဝတ်ထားလို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေသလို တခြားသူတွေရဲ့ ယုံကြည်မှုကိုလည်း
တိုးစေပါတယ်။ နိုင်ငံတကာမှာ Suit နဲ့ ပတ်သက်ရင် Quality ကို ရှေ့တန်းတင်ထားတဲ့နာမည်ကြီး တံဆိပ်တွေဖြစ်တဲ့ Gieves & Hawkes, Hugo Boss, Giorgio Armani, Gucci စတာတွေရဲ့ ကနဦးပဲ့ကိုင်ရှင် ဒီဇိုင်နာများအကြောင်းကိုလည်း ပြောပြချင်ပါတယ်။
သက်တမ်းအကြာဆုံး Suit Brand တွေထဲက တစ်ခုဖြစ်ပြီး Suit အကြောင်းပြောရင် ချန်ထားလို့ မရတဲ့ Gieves & Hawkes ကုမ္ပဏီကို Thoma Hawkes နဲ့ James Watson Gieve တို့နှစ်ဦးက ၁၇၇၁ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ဗြိတိန်စစ်တပ်နဲ့ တော်ဝင်ရေတပ်တို့ရဲ့
လိုအပ်ချက်အရ တည်ထောင်ခဲ့တာဖြစ်ပြီး ဂျော့ရှ်ဘုရင်(၃)နဲ့ ဗိုလ်ချုပ် ကြီးနယ်ဆင်အပါအဝင် အရာရှိများအတွက် အဓိက ထားချုပ်လုပ်ခဲ့ပါတယ်။ ဝင်စတန်ချာချီ၊ ချာလီချက်ပလင်၊ မိုက်ကယ်ဂျက်ဆင်၊ ဝေလမင်းသား၊ ဒိုင်ယာနာ၊ ဒေးဗစ်ဘက်ခမ်းတို့အပြင် အခြားနာမည်ကြီးသူတွေ ဝတ်ဆင်ကြတဲ့တံဆိပ်လည်း ဖြစ်ပါတယ်။
Hugo Boss တံဆိပ်ကိုတော့ ၁၉၂၄ ခုနှစ်မှာ ဂျာမနီ နိုင်ငံသား Hugo Ferdinand Boss က ပါတနာနှစ်ဦး နဲ့အတူ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ရှပ်အင်္ကျီ၊ မိုးကာအင်္ကျီနဲ့ အားကစားဝတ်စုံတွေထုတ်လုပ်ရာကနေ ၁၉၃၁ ခုနှစ်မှာ ကုမ္ပဏီဒေဝါလီခံရပြီး ပိုင်ဆိုင်မှုအနေနဲ့ အပ်ချုပ်စက် (၆)လုံးပဲ ကျန်ခဲ့ပါတယ်။ နာဇီပါတီဝင် တစ်ဦးဖြစ်လာပြီး အမျိုးသားဆိုရှယ်လစ်ပါတီအဖွဲ့ အစည်းများအတွက် လိုအပ်တဲ့ယူနီဖောင်းတွေ ချုပ်လုပ် ပေးခဲ့ပါတယ်။ လူကိုယ်တိုင် စက်နဲ့ချုပ်တဲ့နည်း (Bespoke) ကနေ စက်အသုံးပြုနည်းပညာ (Made To Measure) အတွက် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းမှာအမျိုးသားဝတှ်ကငအ တွေကို အဓိကထုတ် လုပ်ခဲ့ပါတယ်။
အီတလီတံဆိပ်ဖြစ်တဲ့ Giogrio Armani ကိုတော့ အားလုံးသိပြီးဖြစ်မှာပါ။ Armani ကို ဖက်ရှင်လောက မှာ သီးသန့်ကိုယ်ပိုင်ဟန်နဲ့ ရပ်တည်နေဆဲဖြစ်တဲ့ Giogrio Armani က ၁၉၇၅ ခုနှစ်မှာ တည်ထောင် ခဲ့ပါတယ်။ မီလန်တက္ကသိုလ်မှာ ဆေးပညာသင်ယူရင်း ၁၉၅၃ ခုနှစ်မှာ အီတစလီစစ်တပ်ထဲ ဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီဇိုင်းပညာနဲ့ အသက်မွေးဝမ်းကြောင်း ပြုခဲ့ပါတယ်။ Giogrio Armani အပြင် Armani Collezioni, Empori Armoni, Armani jeans စတဲ့ နာမည်ကျော်တံဆိပ်ခွဲများစွာကို ထုတ်လုပ်နေ သူတစ်ဦးလည်း ဖြစ်ပါတယ်။
နောက်ထပ် အားလုံးရင်းနှီးကျွမ်းဝင်ပြီးသား အီတလီ တံဆိပ်တစ်ခုဖြစ်တဲ့ Gucci ကိုတော့ ၁၉၂၁ ခုနှစ်မှာ Guccio Gucci က စတင် ထုတ်လုပ်ခဲ့ပါတယ်။ London မြို့ရဲ့ နာမည်ကျော် Savoy Hotel မှာ ပစ္စည်း သယ်တဲ့ ဆယ်ကျော်သက်ကောင်လေးက Leather ခရီးဆောင်အိတ်တွေ ထုတ်လုပ်ရာကနေ ဒီနေ့ခေတ် နာမည်ကျော်တွေရဲ့ အသည်းစွဲ Gucci ဖြစ်လာပါတယ်။ Gucci Suit တွေကတော့ အထူးတလည်ပြော စရာမလို အောင်ကို ထူခြားခေတ်မီတဲ့ဒီဇိုင်းတွေနဲ့ လူကြိုက်များ နေတာပါ။
ကိုယ်ဝတ်ဆင်တဲ့ Suit က ကိုယ့်အဆင့်အတန်းကို ဖော်ပြရုံသာမကပဲ ကိုယ်ပေါင်းသင်းဆက်ဆံတဲ့ လူတွေ ကို လေးစားရာလည်းရောက်ပါတယ်။ ဒီတော့ တန်ဖိုး နည်းပြီး Qualituy မကောင်းတဲ့ Suit တွေ ခဏခဏ ဝယ်မယ့်အစား Quality ကောင်းပြီး Classic ဆန်တဲ့ Suit တစ်ထည်နဲ့ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ဖော်ပြလိုက်ပါ။
(English Version)
Although menswear design operates within a much tighter framework than womenswear, it is not enough only with Myanmar traditional dress in today’s men fashion trend. Men used to wear not only Myanmar traditional and ethnic wears but also western suits for wedding ceremony, office meeting, and work interview and so on. So, every man needs a good quality suit.
You can choose and buy ready-made suits and you canget your suit tailored as well. You just have to choose a qualified suit that matches you. It is better to choose quality while ignoring its high costs. If you choose low-end suit with bad quality, its fabrics simply don’t feel good and soft. Poorly made suits do not fit well and don’t drape well on your body. It looks like the suit is wearing you rather than you wearing the suit.
Although qualified suits are high in cost, its fabrics are nicer. Its design and good cutting make you feel more comfortable. It looks like you are wearing the suit. Not only it can makes you feel confident but also others will gain trust and confidence in you. Let me share my knowledge about the founders and suit makers of the international well-known suit brands such as Gieves & Hawkes, Hugo Boss, Giorgio Armani, Gucci.
Gieves & Hawkes is one of the oldest continual bespoke tailoring companies in the world and it was founded in 1771 by Thomas Hawkes and James Watson Gieve. Gieves & Hawkes business was based on catering to the needs of the British Army and the Royal Navy and their main clients were King George III, Admiral Lord Nelson and commanders of the British Army.
Past and present customers are famous people such as Winston Churhill, Charlie Chaplin, Michael Jackson, Princess of Wales, Diana, David Beckham and so on.Hugo Boss was founded in 1924 by German fashion designer Hugo Ferdinand Boss along with two partners. They produced shirts, raincoats and sportswear and after filing for bankruptcy in 1931, he reached an agreement with his creditors to start again with just six sewing machines.A black spot was him was that he was a Nazi and supplied uniforms to many National Socialist Party Organizations. He has invested in technology to change from bespoke custom tailoring to made to measure program.
We all had known about Italian Fashion Brand, Giorgio Armani. It was founded in 1975 by Italian fashion designer, Giorgio Armani who is well-known for his unique style.He enrolled in the Department of Medicine at the University of Milan in 1953 and joined the Army. Then he chose his career life as a fashion designer. Today, he also produces sub Armani brands such as Armani Collezioni, Emporio Armani, Armani Jeans and so on.
And we all are familiar with the brand named Gucci, founded in 1921 by Guccio Gucci. He was a lift boy at the Savoy Hotel, London and produced Leather travel bags named Gucci, celebrities’ favorite brand. Gucci Suits are successful for its unique, sophisticated designs.