ဩဂုတ်လဆိုတာ ခံစားချက်ဆန်းဆန်းလေး နဲ့ ရောက်လာတတ်တဲ့ လပါ။ Astrology အရဆိုရင် ရဲရင့်ပြတ်သားတဲ့ Leo ရဲ့ Fire Energy နဲ့ စတင်ပြီး၊ သေချာတိကျ စနစ်ကျလှတဲ့ Virgo ရာသီထဲကို သာသာယာယာလေး ကူးပြောင်းသွားတာပါ။ အဲဒီလိုပဲ မြန်မာ့ Entertainment Industry ရဲ့ ထိပ်တန်း Celebrities အချို့ဟာလည်း ဒီရာသီဖွားနှစ်ခုအောက်မှာ မွေးဖွားလာကြတာ အံဩစရာ မဟုတ်ပါဘူး။
မြန်မာ့ Cinema လောကကို ပုံဖော်ပေးခဲ့တဲ့ မင်းသမီးတွေကနေ ဂီတပညာရှင် Musician တွေအထိ ဒီ ဩဂုတ်ဖွား Stars တွေဟာ Leo ရဲ့ Fire Energy နဲ့ ကိုယ်ပိုင် Identity တစ်ခုကို သီးသန့် တည်ဆောက်ထားနိုင်သူတွေပါ။ သူတို့ရဲ့ Career၊ Beauty၊ Fashion နဲ့ Public Persona တွေဟာ ခေတ်နဲ့ အညီ တိုးတက်လာခဲ့သလို တစ်ယောက်စီမှာ လုံးဝ မတူညီတဲ့ Style Signature ရှိကြပါတယ်။
ဒီတစ်ခေါက် LUSH ရဲ့ ဩဂုတ်လ Edition မှာတော့ မိမိတို့ရဲ့ ကိုယ်ပိုင် Style Presence တစ်ခုတည်းနဲ့တင် ပရိသတ်ကို စွဲမက်စေတဲ့ မြန်မာ့ Celebrities (၅) ဦးကို ဖော်ပြ ရေးသားလိုက်ပါတယ်။

PHWAY PHWAY
The Beloved Muse
August 9 · Leo ♌
Phway Phway ရဲ့ အနုပညာလမ်း ကတော့ Modelling ကနေ မြန်မာ့ Cinema ရဲ့ အအောင်မြင်ဆုံး Acting Career အဖြစ်ကို ရောက်ရှိလာတာပါ။ သုံးကြိမ် Best Actress Academy Winner တစ်ဦးအဖြစ် Fashion ရော Film Industry ပါ ခိုင်မာတဲ့ Reputation တစ်ခုကို တည်ဆောက်ထားနိုင်သူလည်း ဖြစ်ပါတယ်။
Leo ရာသီဖွားဖြစ်တဲ့ သူ့ရဲ့ Vibe က Bold ဖြစ်လွန်းတဲ့ တောက်ပမှုမျိုး ရှိပေမဲ့၊ အေးချမ်းပြီး တိတ်ဆိတ်ငြိမ်သက်တဲ့ Leo Energy မျိုးကို ဖော်ဆောင်ထားသူပါ။ တကယ့် ပင်ကိုယ်ဗီဇအတိုင်း Minimalist ဖြစ်မှု၊ သဘာဝဆန်မှုနဲ့ ရိုးရှင်းတဲ့ အလှအပတွေကိုပဲ နှစ်သက်သူဖြစ်ပြီး၊ အဲဒီ ငြိမ်သက်မှုထဲကမှ ဆွဲဆောင်မှုရှိတဲ့ Elegance အပြည့်ကို ဖော်ထုတ်ပြသလေ့ရှိပါတယ်။
နှစ်တွေကြာလာတာနဲ့အမျှ ဖန်သားပြင်ပေါ်က Actress Face တစ်ခုထက် ပိုလာခဲ့တဲ့ Phway Phway ဟာ မြန်မာနိုင်ငံရဲ့ Evolving Fashion & Entertainment Culture နဲ့အတူ ယှဉ်တွဲကြီးပြင်းလာတဲ့ မျိုးဆက်တစ်ခုရဲ့ Muse Public Figure တစ်ဦးလို့တောင် ပြောလို့ရပါတယ်။
-
Style signature: Warm Heart · Natural Beauty · Confidence · Timeless Grace · Rooted in Heritage

WUTT HMONE SHWE YI
The Screen Siren
August 10 · Leo ♌
ဆယ်စုနှစ်နှစ်ခုကျော်တိုင်အောင် မြန်မာ့ Cinema ရဲ့ ထိပ်တန်းနေရာမှာ ခိုင်ခိုင်မာမာ ရပ်တည်နေသူကတော့ Wutt Hmone Shwe Yi ပါပဲ။ ၃ကြိမ်တိုင် Academy Winner အဖြစ်ရော၊ Commercial Model တစ်ဦးအနေနဲ့ပါ Industry ရဲ့ အအောင်မြင်ဆုံး Actresses တွေထဲက တစ်ဦးဖြစ်ပါတယ်။
သူ့ရဲ့ Influence က ဖန်သားပြင်ပေါ်မှာတင် ရပ်မသွားပါဘူး။
Youthful Glamour ကနေ ပိုမို ရင့်ကျက်လာတဲ့ Red-carpet Dressing တွေအထိ သူ့ရဲ့ Fashion Evolution ဟာ Career Transformation နဲ့အတူ လှလှပပ ယှဉ်တွဲလာခဲ့တာပါ။ Beauty၊ Sophistication နဲ့ Star Presence တို့ကို သဘာဝအတိုင်း ပေါ်လွင်စေတဲ့ သူ့ရဲ့ စွမ်းရည်ဟာ မြန်မာ့ Entertainment လောကရဲ့ Defining Style Personality တစ်ခု ဖြစ်လာစေခဲ့ပါတယ်။
Classic Screen Icons တွေလိုပဲ၊ သူ့ရဲ့ Appeal ဟာ Trend တိုင်းကို လိုက်လုပ်နေတာ မဟုတ်ဘဲ True Trendsetter တစ်ယောက်အနေနဲ့ ခေတ်ရေစီးကြောင်းတွေကို စောင့်ကြည့်ဖန်တီးသူပါ။
-
Style signature: Radiant · Confidence · Charismatic · Graceful · Natural Star

WINT YAMONE NAING
The Model & Actress
August 1 · Leo ♌
ဩဂုတ်လ ဖွား ဖြစ်တဲ့ ယမုံ ကလည်း Fashion & Modelling လောကကနေ TV & Film ဖန်သားပြင်ဆီ ကူးပြောင်းလာ တဲ့ ထားဝယ်သူလေး ဖြစ်ပြီး Modelling အဖြစ် စတင်ခြေလှမ်းခဲ့ပြီးမှ Acting ပိုင်းမှာ ပရိသတ်အခိုင်အမာ ရရှိလာခဲ့တာပါ။
သူ့ရဲ့ Public Image မှာ အားထုတ်စရာမလိုဘဲ ပေါ်လွင်နေတဲ့ Effortless Vibe တစ်ခုရှိပြီး Feminine ဖြစ်တယ်၊ Polished ဖြစ်တယ်၊ ပြီးတော့ မြန်မာ့ယဉ်ကျေးမှုအငွေ့အသက်နဲ့ ပိုမိုလိုက်ဖက်တဲ့ Traditional Elegance ကို ပိုင်ဆိုင်ထားတာပါ။။ Modelling Background ရှိခဲ့သူမို့ Fashion ကို ပေါ်လွင်အောင် ဝတ်ဆင်နိုင်သလို၊ Acting Career ကလည်း သူ့ရဲ့ Image ကို ပိုမို တောက်ပ ပြီး Versatile ဖြစ်တဲ့ အသွင်ဆောင်စေပါတယ်။
-
Style signature: Quiet Strength · Grounded Elegance · Resilient Spirit · Rooted in Culture · Inner Strength

NI NI KHIN ZAW
The Voice of a Generation
August 31 · Virgo ♍
ဩဂုတ်လကုန်ပိုင်မှာ မွေးဖွားသူကတော့ Ni Ni Khin Zaw ပါ။ ၂၀၀၈ ခုနှစ် The Best of Melody World မှာ ဆုရရှိခဲ့ပြီးနောက်ပိုင်း မြန်မာ့ Pop & R&B Scene မှာ ထိပ်တန်း Artist တစ်ဦးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်လာခဲ့တာပါ။
Ni Ni ရဲ့ ကြိုးစားမှုက တကယ့်ကို Inspiring ဖြစ်စရာ ကောင်းပါတယ်။ Major M Music Awards ရဲ့ 2019 Top Artist Award , Retro Redvolution Solo Concert နဲ့ Best Live Show ၊ ဒါအပြင် Best Live Performance (“Mario”) နဲ့ Favourite Song (“Stand By Me”) စတဲ့ ဂီတဆုတံဆိပ်များစွာကို သိမ်းပိုက်ဆွတ်ခူးနိုင်ခဲ့ပြီး သူ့ရဲ့ ပင်ကိုယ် အနုပညာစွမ်းရည်ကို သက်သေပြခဲ့သူပါ။ ဒါ့အပြင် ၂၀၂၆ ယခု နှစ်မှာ ရင်သွေးလေး မွေးဖွားပြီးနောက် အနုပညာလောကထဲ ပြန်လည်ဝင်ရောက်လာချိန်မှာလည်း ကိုယ်အလေးချိန်နဲ့ ပုံရိပ်ကို ယုံကြည်မှုအပြည့်နဲ့ ပြန်လည် ပုံဖော်နိုင်ခဲ့ပြီး၊ ပိုမို တောက်ပပြီး Glamorous ဖြစ်တဲ့ Vibe နဲ့ ပရိသတ်တွေကို ထပ်မံ ဖမ်းစားလိုက်ပြန်ပါတယ်။ အဲဒီ အနုပညာစွမ်းအားတွေကပဲ သူ့ရဲ့ Public Image က Glamour၊ Intelligence နဲ့ Individuality တို့ လှလှပပ ပေါင်းစပ်ထားတဲ့ အားကျဖွယ် အနုပညာရှင်တစ်ဦး ဖြစ်စေတာပါ။
ဩဂုတ်လကုန်လို့ Virgo Season ထဲ ကူးပြောင်းချိန်မှာ Ni Ni က မတူညီတဲ့ Star Power ကို ကိုယ်စားပြုတဲ့ Spectacle ဖြစ်တာထက် Substance၊ Discipline နဲ့ အချိန်ယူ တည်ဆောက်ထားတဲ့ Identity ကို ပိုအလေးထားတဲ့ ပုံရိပ်မျိုးပါ။
-
Style signature: Soulful Presence · Quiet Strength · Emotional Depth · Authentic Spirit · Unforgettable Voice

YE YINT HEIN
The Modern Performer
August 18 · Leo ♌
Ye Yint Hein (Yair Yint Aung) ကတော့ ဩဂုတ်ဖွားတွေထဲမှာ မတူညီတဲ့ Energy တစ်ခုကို ယူဆောင်လာသူပါ။ ရန်ကုန်ဖွား Ye Yint Hein ဟာ Music ရော Acting ပိုင်းပါ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီး၊ Distinctive Contemporary Identity ရှိတဲ့ Singer-Songwriter & Performer တစ်ဦး ဖြစ်လာခဲ့ပါတယ်။
သူ့ရဲ့ Image ဟာ မြန်မာ့ Pop Culture ရဲ့ Younger Chapter တစ်ခုမှာ ပါဝင်ပြီး Music၊ Fashion နဲ့ Personal Identity တို့ ပိုမို ပေါင်းစပ်လာတဲ့ ခေတ်ကို ဖော်ပြနေတာပါ။
Performer တစ်ယောက်နဲ့ Personality ကို သီးခြားခွဲမထားဘဲ၊ သူ့ရဲ့ Style ဟာ Music ထဲမှာလိုပဲ Contemporary ဖြစ်တယ်၊ Expressive ဖြစ်တယ်၊ Youthful ဖြစ်တယ်၊ ပြီးတော့ Confident အပြည့်ရှိတဲ့ ပုံရိပ်ကို ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။
-
Style signature: Quiet Charisma · Refined Presence · Natural Confidence · Modern Masculinity · Effortless Appeal
THE AUGUST SIGNATURE
Celebrities တွေထဲက Leo & Virgo Zodiac Signs နှစ်ခု ရဲ့ Visibility အပေါ် မတူညီတဲ့ Interpretation ၅ဦး ကိုပုံဖော်ထားတာ ဖြစ်ပါတယ်။
ဩဂုတ်လရဲ့ ပထမသုံးပတ်ကို Leo က လွှမ်းမိုးထားတာပါ—Bold ဖြစ်တယ်၊ Expressive ဖြစ်တယ်၊ Spotlight ဖြစ်တဲ့ သဘာဝအတိုင်း ဆွဲဆောင်ခံရတယ်။ Wutt Hmone Shwe Yi၊ Phway Phway၊ Wint Yamone Naing နဲ့ Ye Yint Hein တို့ဟာ အဲဒီ Confidence ကို Screen Glamour ကနေ Contemporary Performance အထိ မတူညီတဲ့ ဟန်စတိုင်အသီးသီးနဲ့ ပုံဖော်ထားကြတာပါ။
ဒါအပြင် August Virgo Season ရောက်လာ တဲ့ vibe ကို Ni Ni Khin Zaw က ကိုယ်စားပြုပေးထားပါတယ်—ပိုမို Considered ဖြစ်တယ်၊ Precise ဖြစ်တယ်၊ ငြိမ်ငြိမ်လေးနဲ့ Distinctive ဖြစ်နေတာမျိုးပါ။
ဩဂုတ်ဖွား Stars တွေကို စိတ်ဝင်စားစရာကောင်းပြီး အားကျရတဲ့ အလှ အောင်မြင်မှုတွေ ဖန်တီးနိုင်ပါတယ်။ Fashion မှာရော၊ Celebrity Culture မှာပါ အမှတ်ပေးခံရဖို့ဆိုတာ တော် ရုံနဲ့ မလုံလောက်ပါဘူး။
ပင်ကို Signature ဆိုတာ ရှိနေဖို့ လိုတာပါ။
မြန်မာနိုင်ငံမှာတင်မကဘဲ International Celebrities တွေထဲမှာလည်း Iconic Signature နဲ့ Spotlight ကို အပြည့်အဝ စိုးမိုးထားကြတဲ့ ဩဂုတ်ဖွား Stars တွေ အများကြီး ရှိပါသေးတယ်။ Dua Lipa၊ Madonna၊ Charlize Theron နဲ့ Jennifer Lawrence တို့လို Global Icons တွေဟာလည်း မတူညီတဲ့ Unshakable Personal Style နဲ့ Confidence ကို ဖော်ပြနေကြသူတွေ ဖြစ်ပါတယ်။
SHARE WITH LUSH!
ဩဂုတ်ဖွား မြန်မာ့ အနုပညာရှင်တွေထဲမှာ ပရိသတ်တွေ အချစ်ရဆုံးနဲ့ စတိုင်လ် အကြိုက်ဆုံး Star က ဘယ်သူဖြစ်မလဲ?
ဒီစာရင်းထဲမှာ မပါသေးတဲ့ တခြား ဩဂုတ်ဖွား Favorite Celebrities တွေ ရှိရင်လည်း Comment မှာ မျှဝေပေးခဲ့ကြပါဦးနော်! ✨
LUSH MYANMAR · AUGUST 2026
