LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
DRIVELIFE

TESLA, Driving the Future

written by Maeve April 10, 2020
TESLA, Driving the Future

words by a el ti:

English translated by Oakkar Thin

မြန်မာနိုင်ငံမှာ သိပ်ပြီးတွင်ကျယ်မှုမရှိသေးတဲ့ Electric Vehicle တွေအကြောင်းကို ဒီလမှတင်ဆက်ပေးချင်ပါတယ်။ ဖွံ့ဖြိုးပြီး အဆင့်မြင့်နိုင်ငံတွေမှာ Electric Vehicle တွေရဲ့အခန်းကဏ္ဍဟာ အင်မတန်အရေးပါနေပြီး များစွာတွင်ကျယ်မှုရှိနေပြီဖြစ်ပါတယ်။ Electric Vehicle တွေဟာ ကမ္ဘာကြီးကို တစ်နည်းတစ်ဖုံနဲ့အကျိုးပြုဖို့အတွက် ဖန်တီးထုတ်လုပ်လာခဲ့ကြတာဖြစ်ပါတယ်။ လောင်စာဓာတ်ငွေ့သုံးယာဉ်တွေက ကမ္ဘာကြီးအတွက် မကောင်းတဲ့ကာဗွန်ဒိုင်အောက်ဆိုဒ်တွေထုတ်ပေးပါတယ်။ လျှပ်စစ်စွမ်းအင်သုံး Electric Vehicle တွေကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်မပေးခြင်းနဲ့ ကမ္ဘာကြီးအတွက် ကောင်းကျိုးပြုပေးတာလည်းဖြစ်ပါတယ်။

This month, we present to you the electric vehicles. While not yet popular in Myanmar, electric vehicles are becoming more widespread in developed countries. They were invented to contribute to the good of the world. Unlike fuel engine powered vehicles that emit carbon dioxide to the earth, the electric vehicles help the earth by not emitting CO2.

Electric Vehicles EVs တွေမှာ အကြမ်းဖျင်းအားဖြင့် အဓိကသုံးမျိုးခွဲခြားလို့ရနိုင်ပါတယ်။ Hybrid Electric Vehicles(HEVs) ရယ်၊ Plug-in Hybrid Electric Vehicles(PHEVs) နဲ့ Battery Electric Vehicles(BEVs) ဆိုပြီးတော့ ၃ မျိုးဖြစ်ပါတယ်။

Hybrid Electric Vehicles(HEVs) တွေဟာ လောင်စာအမျိုးအစားနဲ့ရော လျှပ်စစ်နဲ့ရော အသုံးပြုနိုင်တဲ့ အမျိုးအစားတွေဖြစ်ပါတယ်။ ဒီ HEVs မှာ ကားရဲ့ Regenerative Breaking လို့ခေါ်တဲ့ ဘရိတ်စနစ်ကနေပြီးတော့ စွမ်းအင်တွေကို ခွဲခြားပေးတာမျိုးဖြစ်ပါတယ်။ Plug-in HEVs တွေကတော့ ယာဉ်ရဲ့ ကိုယ်ထည်မှာကတည်းကိုက သီးသန့်ခွဲခြားမှုတွေလုပ်ဆောင်ပေးထားပါတယ်။ Plug-in နဲ့ အားသွင်းပြီး အသုံးပြုနိုင်သလို လောင်စာဆီအသုံးပြုဖို့အတွက်လည်း လောင်စာအင်ဂျင်နဲ့ ဆီကန်ထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်။

EVs can be classified into three categories: Hybrid Electric Vehicles (HEVs), Plug-in Hybrid Electric Vehicles (PHEVs), and Battery Electric Vehicles (BEVs).

Hybrid Electric Vehicles can use both fuel and electricity. This HEVs’ regenerative braking system can segregate the different usage of energy. Plug-in HEVs, however, separate energy usage through their engine. They can be recharged with the plug-in, or they can store fuel through the fuel tank.

ဒီတစ်ခါမှာတော့ Battery EVs မှာ ထိပ်ဆုံးကနေရပ်တည်နေတဲ့ Tesla အကြောင်းဖြစ်ပါတယ်။ BEVs တွေဟာ လောင်စာဆီလုံးဝအသုံးမပြုဘဲ Plug-In နဲ့အားသွင်းပြီး အသုံးပြုရတဲ့ကားတွေဖြစ်ပါတယ်။ Tesla ဟာ BEVs ကားတွေကို သီးသန့်ထုတ်လုပ်တဲ့ကုမ္ပဏီလည်းဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်ကမှ စတင်ခဲ့တဲ့ Tesla Company ဟာ အချိန်တိုကာလတိုအတွင်းမှာ အောင်မြင်မှုများစွာသိမ်းပိုက်ထားနိုင်တဲ့ Company လည်းဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း Tesla အသုံးပြုသူ Owner များ Network ရှိနေပြီဖြစ်ပါတယ်။ ဟုတ်ပါတယ်။ Tesla ဟာ ၂၀၀၃ ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ တည်ထောင်ပြီး ဆယ်စုနှစ်တစ်ခုကြာမြင့်ခဲ့ပြီးတဲ့နောက်မှာတော့ Tesla ဟာ Plug-In EVs ရောင်းချမှုမှာWorld’s Best Selling အဆင့်ကိုရောက်လာခဲ့ပါတယ်။

Unlike other electric car companies, Tesla is introducing top of the line Battery EVs. These BEVs do not need to use fuel at all, and instead, they can be recharged with only the plug-in. Founded in 2013 and named after the renowned electrical engineer and scientist Nikola Tesla, the company now boasts the world’s bestselling level in Plug-in EVs, achieving unparalleled success within the industry. Already, they have started setting up Tesla Users Network in Myanmar.

ဒါတင်ဘယ်ကဦးမလဲ ၂၀၂၀ ဇန်နဝါရီလက Reuters ကထုတ်ပြန်ခဲ့တဲ့ သတင်းတစ်ခုမှာဆိုရင် Tesla ရဲ့ Market Value ဈေးကွက်တန်ဖိုးဟာ General Motors နဲ့ Ford တို့နှစ်ခုပေါင်း ဈေးကွက်တန်ဖိုးထက် ကျော်လွန်သွားခဲ့ပြီလို့ထုတ်ပြန်ထားပါတယ်။ ဒါဟာတကယ့်ကိုပဲ ကြီးမားတဲ့အပြောင်းအလဲတစ်ရပ်ဖြစ်စေခဲ့ပါတယ်။ Tesla ဆိုတာဟာ ကမ္ဘာကျော် လျှပ်စစ်အင်ဂျင်နီယာ၊ သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ Nikola Tesla ကို အစွဲပြုပြီး ပေးထားတဲ့နာမည်ဖြစ်ပါတယ်။ Tesla Company ကိုစတင်တည်ထောင်ခဲ့သူတွေကတော့ ၅ ဦးပါ။ အခုလက်ရှိ CEO ရာထူးကိုယူထားတဲ့ Elon Musk ကိုတော့ Tesla ရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်အနေနဲ့ အသိအမှတ်ပြုထားကြသလို သူ့ကို Game Changer တစ်ဦးအဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ ကမ္ဘာပေါ်မှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးစတာတွေကို ပြောင်းလဲစေအောင် ပုံဖော်နိုင်စွမ်းသူတစ်ယောက်ပေါ့။ Elon Musk ဟာ ကမ္ဘာပေါ်က ရေနံလိုအပ်ချက်အညွှန်းဇယားကို လျှပ်စစ်နဲ့အစားထိုးပြီး ပြောင်းလဲသွားအောင်လုပ်နိုင်ခဲ့ပါတယ်။

According to the January Reuters report, the market value of Tesla has outpaced that of both General Motors and Ford. This is a huge leap for such a young company. Tesla’s current CEO, Elon Musk, is being regarded as a driver and game-changer who can shape the military, politics, and the economy of the world. He has successfully substituted the century-old demand for petroleum with electricity. 

Elon Musk ဟာ သာမန်ပုဂ္ဂိုလ်အဆင့်တော့မဟုတ်ပါဘူး။ Pay Pal နဲ့ Space X တို့ရဲ့ပဲ့ကိုင်ရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ သူကကမ္ဘာကြီးကို တော်တော်ချစ်ခင်တဲ့လူတစ်ယောက်အနေနဲ့သိသာထင်ရှားပါတယ်။ အခုလက်ရှိမှာ Tesla ရဲ့ လျှပ်စစ်နည်းပညာဆိုင်ရာမူပိုင်ခွင့်တွေကို ရုတ်သိမ်းပေးထားပါတယ်။ ကမ္ဘာကြီးအတွက်ကောင်းကျိုးပြုတဲ့ သူတို့ရဲ့လျှပ်စစ်နည်းပညာတွေကို ယူငင်သုံးစွဲတဲ့အခါ တရားစွဲဆိုတာမျိုးတွေ လုပ်သွားမှာမဟုတ်ပါဘူး။

From PayPal to Space X, Elon Musk is a formidable force. Known for his passion to protect the earth, he has allowed the technological copyright of Tesla to be withdrawn so that usage of his technology for the good of the world will not be prosecuted.

Tesla ကနေ Model S, Model 3, Model X နဲ့ ယခု Model Y နဲ့ Tesla Cybertruck တို့လည်းရှိနေပါပြီ။ နောက်ဆုံးမြင်တွေ့ရတဲ့ Cybertruck ဟာဆိုရင် ကမ္ဘာပေါ်ကလူတွေလက်ဖျားခါလောက်အောင် အံ့သြခဲ့ကြရတဲ့ Pickup Truck လည်းဖြစ်ပါတယ်။ စတင်မိတ်ဆက်ပြီး သုံးရက်လောက်မှာတင် Pre Order လုပ်သူ နှစ်သိန်းကျော်ခဲ့ပါတယ်။ စထုတ်ကတည်းက Ford F-150 နဲ့ Porsche 911 တို့ထက်တောင် သာလွန်ရမယ်ဆိုပြီး ကြွေးကြော်ခဲ့တဲ့အတိုင်း သက်သေလည်းပြနိုင်ခဲ့ပါတယ်။ ဒီ Cybertruck ဟာကျည်ဆံအပြင် တော်ရုံဗုံးတွေကိုတောင်ခံနိုင်ရည်ရှိပါတယ်။ လမ်းကြမ်းလမ်းချော ကြိုက်သလိုမောင်းနှင်နိုင်အောင်ထုတ်လုပ်ထားတဲ့ ဒီကားကတော့ လျှပ်စစ်မော်တာ တစ်လုံးတပ်၊ နှစ်လုံးတပ်၊ သုံးလုံးတပ်ဆိုပြီး မော်ဒယ် ၃ မျိုးခွဲထုတ်ထားပါတယ်။ မော်တာတစ်လုံးတပ်ကို ဒေါ်လာ ၄ သောင်းဝန်ကျင်၊ မော်တာ ၂ လုံးတပ်ကို ဒေါ်လာ ၅ သောင်းဝန်းကျင်နဲ့ မော်တာ ၃ လုံးတပ်ကို ဒေါ်လာ ၇ သောင်းဝန်းကျင်ရှိပါတယ်။

နိုင်ငံတကာရဲတပ်ဖွဲ့တွေကလည်း ဒီကားကို အသုံးပြုဖို့များစွာစိတ်ဝင်စားနေပြီးကမ်းလှမ်းမှုတွေပြုလုပ်ထားပါတယ်။ အထူးသဖြင့်တော့ နယူးဇီလန်၊ မက်စ်ဆီကို နဲ့ ဒူဘိုင်းရဲတပ်ဖွဲ့တွေဖြစ်ပါတယ်။ ဒီ Cybertruck ကို မြန်မာပြည်က Order လုပ်ထားတဲ့သူတွေလည်း ရှိနေပါပြီ။ Tesla ကနေ ဒီလို Cybertruck အပြင် ကုန်တင်လျှပ်စစ် Truck ကားကြီးတွေလည်းထုတ်လုပ်ထားပြီး နောင်အခါ လျှပ်စစ်သင်္ဘောကြီးတွေအထိပါ ထုတ်လုပ်ဖို့ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

Tesla EVs now include Model S, Model 3, Model X, Model Y, and Tesla Cybertruck. The latest Cybertruck has proved to be the most astounding pick-up truck success of all time, even superior to the Ford F-150 and the Porsche 911. Within 3 days of its launch, more than 200,000 people have pre-ordered. The Cybertruck is said to be resistant to bullets and can withstand bombs. Capable of driving on every road and terrain, it features three models with differing price points: one motor (~$40,000), double motor (~$50,000), and triple motor (~$70,000). 

International Police Forces are especially keen on using Tesla’s EVs, especially New Zealand, Mexico, and Dubai. Cybertrucks and EV trucks are just the beginning, as Tesla intends to venture into electric ships and beyond.

ဖွံ့ဖြိုးပြီးတခြားနိုင်ငံမှာတွင်ကျယ်မှုတွေရှိနေပေမယ့်လည်း မြန်မာနိုင်ငံမှာတော့သိပ်တွင်ကျယ်ဦးမှာမဟုတ်ဘူးလို့ယူဆထားတဲ့ အကြောင်းရင်းတွေထဲမှာ Charging စနစ်ပါဝင်ပါတယ်။ Charging System မှာ Tesla ကနေ Level 1,2,3 Charger ဆိုပြီး ရှိပါတယ်။ Level 1 Charger ကတော့ ကားဝယ်စဉ်ကတည်းကပါပြီး နေရာတကာအလွယ်တကူသယ်သွားလို့ရတယ်ဆိုပေမယ့် အားသွင်းတာနှေးတာကြောင့်သိပ်အလုပ်မဖြစ်ဘူးလို့သိရပါတယ်။ Level 2 Charger ကတော့ တစ်နေရာရာမှာ အသေတပ်ထားရတာမျိုးပါ။ Level 3 ကတော့ Super Charger ဖြစ်ပါတယ်။ ဥရောပနိုင်ငံအချို့မှာတော့ Highway လမ်းတွေမှာ Supercharger Network တွေ Charging Station တွေရှိတဲ့အတွက် အဲဒီလမ်းကိုသွားရမယ်ဆိုရင် အရမ်းကိုအဆင်ပြေပါတယ်။ မြန်မာပြည်မှာတော့ ဒီလို Charging Station တွေရှိလာဖို့ဆိုတာ နည်းနည်းဝေးဦးမယ်ထင်ပါတယ်။ ဒါက ခရီးဝေးမောင်မယ်ဆိုမှပါ။ မြို့တွင်းအသွားအလာလောက်ကတော့ Charging အတွက်စိတ်ပူစရာလုံးဝမရှိပါဘူး။ Tesla ဆိုတာ တကယ့် Boss ကြီးကြီးတွေပဲ ဝယ်စီးကြတဲ့ luxury ကားအမျိုးအစားပါ။ ပြီးတော့ ဒီမှာက Highway အတွက်ဆိုရင် Tesla Owners Network ကနေ အချင်းချင်းရိုင်းပင်းကူညီပြီး Highway တွေအဆင်ပြေစေအောင်လုပ်ထားကြပါတယ်။ တချို့ကျတော့လည်း ကိုယ်သွားနေကျမြို့တွေမှာ အသိအိမ်မှာဖြစ်စေ Charger တွေဝယ်တပ်ထားတာမျိုးလုပ်ထားပါတယ်။ ဒါကြောင့် charging အတွက်က ပြသနာတစ်ခုမဟုတ်တော့ပါဘူး။

Despite its popularity in the developed world, one reason why Tesla has not found an audience in Myanmar is its charging system, which consists of three levels: 1, 2 and 3. A Level 1 charger is included in the original car and is portable, but it takes a long time to recharge. Level 2 requires the charger to be attached permanently to a specific location. Level 3 is a supercharger. On highways across Europe, there are supercharger networks and charging stations that make the transport more convenient. Of course, there is still a long way before Myanmar will have such charging stations, especially as it’s only for highway roads. However, in Myanmar, this does not prevent users from the Tesla Users Network to figure out the way. Some owners install chargers at a friend’s home or somewhere they frequently visit to make charging is possible.

Tesla မှာပါဝင်တဲ့ ခေတ်ရှေ့ပြေး Future Features တွေကြောင့် မကြွေဘဲမနေနိုင်ဖြစ်ကြရတာလည်းဖြစ်ပါတယ်။ Tesla ကိုစီးသူတိုင်းက Tesla မှာ ပါဝင်တဲ့ Features တွေကိုသုံးရတာ စိတ်ကျေနပ်တာအပြင် ဒီကားကို ပိုင်ဆိုင်ရတာဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချပေးပြီး ကမ္ဘာကြီးကို တစ်ဖက်တစ်လမ်းက ကောင်းကျိုးပြုနိုင်တယ်ဆိုတဲ့ စိတ်ခံစားမှုရတယ်လို့ မှတ်ချက်ပြုကြပါတယ်။

 While one may say Tesla is a kind of luxury vehicle that only the big bosses can buy, this does not stop people from wanting a Tesla car for its incredible innovative features…and to be able to claim that they are helping the planet by reducing carbon dioxide emission.

LifeStyleLUSH driveLUSH Magazine MyanmarLUSH March 2020
1
Facebook Twitter Google + Pinterest
Maeve

previous post
အဖိုးအဖွားတွေနဲ့အတူတူ Virtual Bingo ဆော့ခဲ့တဲ့ Matthew McConaughey
next post
Chef Xavier Fauvel

Recommended

Classics Art Déco Round: A new ode to...

April 20, 2020

ကိုယ်နေတဲ့နေရာကျဉ်းကျဉ်းလေးကို ကျယ်ကျယ်ဝန်းဝန်းပုံစံဖြစ်အောင် လုပ်ကြမယ်

August 28, 2019

စိတ်ကျန်းမာစေဖို့အတွက်လိုအပ်မယ့် ဦးနှောက်လေ့ကျင့်ခန်းများ

May 29, 2020

ကိုယ့်ရဲ့ အတွင်းထဲက အသံကို ကြားနိုင်ဖို့ အခြေခံလိုအပ်ချက် အချက် (၆) ချက်

May 17, 2023

The future of award shows

September 4, 2020

Coolest Places For New Year Eve

December 23, 2019

Beauties of Mergui Archipelago

April 20, 2018

နောင်တမရှိသော ရွေးချယ်မှုနှင့် Lincoln

October 17, 2019

A Fake Is Still A Fake

July 13, 2018

Will-power ကျစေတဲ့အရာတွေကို အဝေးကိုပစ်လိုက်ပါ

June 11, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem