လူတိုင်းသိကြမယ့် life-simulation video game တစ်ခုဖြစ်တဲ့ Sims နဲ့ MAC Cosmetics တို့ ပူးပေါင်းပြီးတော့ The Sims4 မှာ customized လုပ်လို့ရမယ့် makeup looks တွေကို ထုတ်လုပ်လိုက်ပါတယ်။ The Sims4 အတွက် MAC ရဲ့ ဒါရိုက်တာ Romero Jennings က makeup look ၁၂ ခုကို ဒီဇိုင်းဆွဲထားပြီး MAC က ဂိမ်းမှာပထမဆုံးပါတဲ့ မိတ်ကပ် brand တခုဖြစ်တယ်လို့ Sims ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
“Artist တစ်ယောက်အနေနဲ့ ကျွန်တော်ရဲ့ inspiration တွေက pop culture, street style, fashion week, social media, သဘာဝတရားရယ်၊ နိုင်ငံတကာခရီးသွားတာတွေကနေအပြင် အရာရာတိုင်းကနေ ရတဲ့အတွက် အခု Sims4 အတွက် makeup look တွေဆိုလည်း ဒီလိုပဲပေါ့။ သဘာဝကျကျ လိမ်းထားတဲ့ မိတ်ကပ်၊ လိုချင်ဖွယ်ဖြစ်တဲ့ trend၊ bold ဖြစ်ပြီး တက်ကြွတဲ့ look မျိုးတွေ၊ အရောင်အသွေးစုံလင်တဲ့ ဒီဇိုင်းတွေ၊ risk ယူနိုင်တဲ့သူတွေအတွက် လိုက်ဖက်မယ့် look မျိုးတွေ နဲ့ MAC ဆိုပြီးတန်းသိမယ့် iconic ဖြစ်ပြီး အခုချိန်ထိ လက်ခံကြတဲ့ အလှအပမျိုးတွေကို တီထွင်ရတာ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်” လို့ Jennings က ပြောခဲ့ပါတယ်။
Jennings ထွင်တဲ့ဒီဇိုင်းတွေက categories ၄ ခု ခွဲထားပါတယ်။ eyeliner, eye shadow, lips နဲ့ cheek ဆိုပြီးတော့ပေါ့။ ဂိမ်းဆော့တဲ့သူတွေက ကိုယ်ကြိုက်တဲ့ makeup look ကို mix and match လုပ်လို့ရပါတယ်။ “ကျွန်တော်တို့က ဂိမ်းဆော့တဲ့သူတွေအတွက် screen ပေါ်မှာမြင်နေရတဲ့ သူတို့ပြင်ထားတဲ့ Sim ရဲ့ look မျိုးကို လက်တွေ့မှာလည်း လိုက်လုပ်လို့လွယ်အောင် လုပ်ပေးချင်တယ်၊ ရည်မှန်းချက်ကတော့ ကျွန်တော်ဖန်တီးထားသလိုမျိုး သင်ကိုယ်တိုင်လည်း mix and match လုပ်ပြီး fun ဖြစ်စေချင်တာပါ” လို့ Jennings ကပြောထားပါသေးတယ်။ MAC နဲ့ Sims4 collaboration က ဇွန်လ ၁၆ ရက်နေ့တုန်းက တရားဝင်ကြေညာခဲ့ပါတယ်။
Bold Entrance
Iconic Timeless Beauty
Natural
Pop Culture
Trend Look
Source: Allure
Photos: Courtesy of MAC