Selena Gomez လည်း Rihanna, Lady Gaga, JLo နဲ့ Kylie တို့လိုပဲ အလှကုန်ထုတ်လုပ်တဲ့အပိုင်းကို ၀င်လာပါပြီ။ Selena တစ်ယောက် beauty products တွေထုတ်မယ်ဆိုတဲ့သတင်းက ပြီးခဲ့တဲ့နှစ်ကုန်လောက်ကတည်းက သတင်းတွေထွက်ခဲ့တာဖြစ်ပြီးတော့ ဒီနှစ် February လတုန်းက brand နာမည် နဲ့ ထွက်မယ့်ကာလကို ကြေညာခဲ့ပါတယ်။ နာမည်ကတော့ Rare Beauty လို့ ပေးထားပြီး မြောက်အမေရိကားရဲ့ ဒီနှစ် နွေရာသီကာလမှာ စပြီး၀ယ်လို့ရမယ်လို့ ကြေညာခဲ့ပါတယ်။
အခုတော့ တရား၀င်ထွက်ရှိလာမယ့်ရက်ကို ကြေညာလိုက်ပါပြီ။ လာမယ့် စက်တင်ဘာလ ၃ ရက်နေ့ကနေစပြီး Sephora နဲ့ Rare beauty website တွေမှာ စပြီး ၀ယ်လို့ရတော့မှာပါ။
“လူတိုင်း ကိုယ့်ရဲ့သူများနဲ့မတူတဲ့အလှတရားကို ဖုံးကွယ်စရာမလိုဘဲ မိတ်ကပ်ဆိုတာ လိုအပ်လို့သုံးတာမဟုတ်ဘဲ ကိုယ်ကျေနပ်လို့သုံးရတာမျိုးဖြစ်စေချင်တယ်” လို့ Selena က ပြောခဲ့ပါတယ်။ #Wearerare ဆိုတဲ့ hashtag မျိုး၊ Don’t be perfect, be rare ဆိုတဲ့ quote မျိုးလေးတွေနဲ့ သူ့ brand ရဲ့ရည်ရွယ်ချက်ကို ပေါ်လွင်တဲ့စကားလုံးတွေနဲ့ သူ့ရဲ့ social media မှာရော၊ rarebeauty account တွေမှာပါ promote လုပ်ထားပါတယ်။
Selena ကတော့ ဒီ brand ကို launch လုပ်ဖို့ အရမ်းစိတ်လှုပ်ရှားနေပါပြီ… ဆိုတော့ စာဖတ်သူတို့ကော Selena ရဲ့ Rare beauty ကို အားပေးဖို့ ready ပဲလား???