နာမည်ကျော် မင်းသမီးလေးဦးရဲ့ ရုပ်ရှင်ဇာတ်ကားကောင်းများထဲက မိတ်ကပ်ပြင်ဆင်မှုများ
ကျွန်မတို့ ဘဝမှာ ရုပ်ရှင်ဇာတ်ကားကောင်းတွေကို ကြည့်ခဲ့ဖူးကြမှာပါ။ ကိုယ် ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေထဲမှာ ဇာတ်လမ်း ဇာတ်ကွက်ကို အမှတ်ရစရာရှိတဲ့ ဇာတ်ကားတွေ၊ အရမ်းကို သဘောကျရတဲ့ မင်းသားမင်းသမီးတွေအပြင် ဇာတ်လမ်းက ဇာတ်ကောင်တွေရဲ့ ဖက်ရှင်တွေနဲ့ မိတ်ကပ်တွေကိုလည်း စွဲစွဲလန်းလန်း နှစ်ခြိုက်ခဲ့တာမျိုးက လူတိုင်းလိုလို ရှိခဲ့မယ်ထင်ပါတယ်။ အထူးသဖြင့် မိန်းကလေးပရိသတ်တွေ
အနေနဲ့ ဇာတ်ကောင် အမျိုးသမီးတွေရဲ့ ဖက်ရှင်တွေနဲ့ မိတ်ကပ်အပြင်အဆင်တွေကို သဘောကျနှစ်သက်ခဲ့ပြီး လိုက်ပြင်ဆင်ဝတ်စားကြည့်ခဲ့ဖူးမှာပါ။ အခု အောက်မှာ ဖော်ပြပေးထားတာကတော့ နာမည်ကျော်ခဲ့တဲ့ မင်းသမီးကြီးတွေရဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေထဲက ပရိသတ်တွေ စိတ်ဝင်စားခဲ့ပြီး အမှတ်တရရှိခဲ့တဲ့ မိတ်ကပ်ပြင်ဆင်မှုတွေဖြစ်ပါတယ်။
Surely, we have watched many good movies in our lives. We also retain some memories about scenes, characters and stars, and their fashions and makeup from the movie. We have also mimicked some female characters’ fashions and makeups. Now, let’s take a look at some female characters’ fashions and makeups if we were influenced by them.
Scarlett O’Hara, Gone With The Wind
Gone With The Wind ဇာတ်ကားထဲက ဇာတ်ကောင် Scarlett O’Hara ရဲ့ ပြင်ဆင်မှုက သူ့ခေတ်သူ့အခါမှာတင်မကပဲ ကြည့်ရှုသူတိုင်းရဲ့ နှစ်သက်မှုကို ရခဲ့တဲ့ ပြင်ဆင်မှုပါ။ ခပ်ပါးပါး ဆွဲထားတဲ့ မျက်ခုံးမွှေး၊နှင်းဆီရောင် သမ်းတဲ့ ပါးနီအပြင် နှုတ်ခမ်းနီ နီစွေးစွေးက Scarlett O’Hara ရဲ့ လှပမှုကို ပိုအသက်ဝင်စေခဲ့လို ကော့ညွတ်ထားတဲ့ မျက်တောင်တွေကလည်း ဆွဲဆောင်မှုတစ်ခုဖြစ်စေခဲ့ပါတယ်။ ဒီဘက်ခေတ်မှာဆိုလည်း အဲ့ဒီပြင်ဆင်မှုကို ခေတ်ရေစီးကြောင်းနဲ့အညီ မျက်ခုံးခပ်ထူထူလေး ဆွဲပြီး ပြန်ပြင်ဆင်လို့ရပါသေးတယ်။
Everyone enjoyed the makeup of Scarlett O’Hara, the main character from the movie “Gone with the wind”. Sparse brows, red lips, and rosy cheeks made her beauty vibrant and also her curl-up lashes were an attraction. We can also renew her fashion replaced by thick brows these days.
Rose, Titanic
Titanic ဇာတ်ကားထဲက Kate Winslet သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကောင် Rose DeWitt Bukater ရဲ့ ဆံပင်အလိပ်အကောက်တွေ၊ အညိုရောင် သမ်းတဲ့ Nude နှုတ်ခမ်းနီနဲ့ သူမရဲ့ သဘာဝဆန်ဆန်မိတ်ကပ်ပြင်ဆင်မှုကိုလည်း လူတွေ တော်တော်များများ သဘောကျနှစ်သက်ခဲ့ပါတယ်။ Rose DeWitt Bukater ရဲ့ မိတ်ကပ် Look ကို ကြည့်ရင် အရောင်တွေ၊ပါးနီတွေ အများကြီး သုံးထားတာ မတွေ့ရဘဲ သဘာဝဆန်ဆန် ပါးနီပါတယ်ဆိုရုံလေးကိုမှ မျက်ခုံး မထူမပါးလေးဆွဲထားပြီးတော့ မျက်လုံးမှာလည်း Liner ကို ပါးပါးလေး တစ်ကြောင်းဆွဲထားတာ တွေ့ရမှာပါ။ ဒါ့အပြင် မျက်တောင်တွေကို သဘာဝအတိုင်းဖြစ်အောင် ခပ်ပါးပါးလေး ကော့ထားပြီးတော့ အသားအရေကို ကြည်နေတဲ့ ပုံစံမျိုး သဘာဝဆန်ဆန် ပြင်ဆင်ထားပါတယ်။ ဆံပင်အခွေအလိပ် လိမ်လိမ်လေးတွေကတော့ သူမရဲ့ အလှကို ပိုလှအောင် ပိုပံ့ပိုးပေးတာပေါ့။ Rose DeWitt Bukater ရဲ့ ပုံစံလေးကလည်း ဒီဘက်ခေတ်အထိ ပြန်ပြင်ဆင်လို့ရပြီးတော့ သဘာဝဆန်တဲ့ Look ကို သဘောကျတဲ့သူတွေအတွက်တော့ ကွက်တိပါပဲ။
The curly hairs, brownish nude lips and natural makeup of Rose, the main female character from Titanic, have fascinated many people. In her makeup look, not many colors and blushers were used; instead, natural look blushers with normal brow and thin eyeliner were encouraged. Moreover, complexion and lashes were beautified as naturally as possible. And curly hair made her more elegant. So, this natural look can certainly be reprocessed in today’s trend.
Holly Golightly, Breakfast at Tiffany’s
Breakfast at Tiffany’s ဇာတ်ကားထဲက အဓိကဇာတ်ကောင်ဖြစ်တဲ့ Holly Golightly ရဲ့ မိတ်ကပ်ပြင်ဆင်မှုဟာလည်း ချန်လှပ်ထားခဲ့လို့ မရပါဘူး။ Holly ရဲ့ မျက်ခွံခပ်နက်နက်တွေမှာ ခြယ်သထားတဲ့ မီးခိုးဖျော့ရောင် အိုင်းရှဲဒိုး၊ Wing မဆိုသလောက်လေး ထုတ်ထားတဲ့ Cat Eye စတိုင်လ် အိုင်းလိုင်နာ၊ပါးနီပန်းရောင်ဖျော့နဲ့ ချိုချဉ်ရောင်ဘက်သမ်းတဲ့ နှုတ်ခမ်းနီ အတွဲအစပ်ဟာ ဇာတ်ရုပ်နဲ့ လိုက်ဖက်လွန်းသလို သူမရဲ့ ဆံပင်ပြင်ဆင်မှုနဲ့လည်း လိုက်ဖက်စွာ ရှိနေတာ တွေ့ရမှာပါ။ ဒီမိတ်ကပ်ပြင်ဆင်မှုဟာဆိုရင် Audrey Hepburn ကိုတောင် သူမရဲ့ Signature Style လို့တောင် ဖြစ်သွားစေခဲ့တဲ့အထိ လူတွေကြားမှာ ဆွဲဆောင်နိုင်ခဲ့ပါတယ်။
We cannot leave out the makeup look of Holly Golightly, the main character from “Breakfast look of Holly Golightly”. Light smoky shadows on her dark lids, cat-eyed liner with slightly curved wings, baby pink blusher, and candy-colored lip-gloss are super harmonizing. This look made Audrey Hepburn stand out with a unique signature style among others.
The Girl, The Seven Year Itch
Classic Makeup Look ကိုမှ ကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက်ကတော့ The Seven Year Itch ဇာတ်ကားထဲက ဇာတ်ကောင် ပြင်ဆင်ထားတဲ့ မိတ်ကပ်ပုံစံက နမူနာကောင်းပါ။ Marilyn Monroe ဝတ်ထားတဲ့ အဖြူရောင် Dress ကတင် နာမည်ကြီးခဲ့တာ မဟုတ်ဘဲ သူမရဲ့ မိတ်ကပ်ပြင်ဆင်မှုတွေကလည်း ခုချိန်ထိ လူပြောရလောက်အောင် လှပခဲ့ပါတယ်။ ရွှေရောင်ဆံပင်လိပ်ကောက်ကောက်တွေနဲ့ “The Girl” ဇာတ်ကောင်အဖြစ် Monroe ပြင်ဆင်ခဲ့တဲ့ မိတ်ကပ်ပုံစံက ရိုးရိုးရှင်းရှင်းနဲ့ သေသပ်လှပတဲ့ ပုံစံဘက်ကို သွားပါတယ်။ မျက်ခုံးကို ခပ်ချွန်ချွန်မြင့်မြင့်ဆွဲထားသလို မျက်ခွံပေါ်မှာငွေရောင် Eyeshadow ပါးပါးနဲ့ Cat-Eye ပုံစံ Eyeliner ဆွဲထားပြီး မျက်လုံးအဆုံးနားမှာ ဖြာထွက်သွားတဲ့ မျက်တောင်တု ခပ်ပါးပါးကို တပ်ထားသလို နှုတ်ခမ်းနီကိုလည်း အနီရောင် ဆိုးထားတာ တွေ့ရမှာပါ။ ဒီနေ့တိုင် Classic Makeup Look တစ်ခုအဖြစ် စံထားပြီး ပြင်ဆင်နေရတဲ့ ပြင်ဆင်မှုဖြစ်ပါတယ်။
For those who would only go for the classic makeup look, the good example is the makeup look from “The Seven Year Itch”. Not only the white dress of Marilyn Monroe but also her makeup look becomes well known until today. Performed as the girl with curly blond hair, Monroe’s makeup look was very simple and neat. Her look was that the brows were thin and sharp, and silvery shadows on her eyelids, cat-eyed liner with thin fake lashes spreading out at the edge, also wore a rosy red lip color. This look is also standardized as a classic makeup look until now.
words by Su Yi Htet
english translated by Okkar Thin