LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
EAT

Secret Tips for Healthy Eating

written by Maeve March 22, 2019
Secret Tips for Healthy Eating

Wait, what? I gain 4lbs within a week again!  Huh, I lose 2lbs. How I suppose to maintain these?  These phrases are very often heard and I am sure you all want to know how to maintain a healthy weight with healthy eating. If I am correct, you will think of who you admire for healthy eating. Who can they be? Of course, no wonder – Celebrities and Models who are famous for their outrageously healthy habits. In this article, let’s see what’s their secret tips of having healthy habits in their daily lifestyles and how they maintain their wellnesses.

တကယ့်တကယ်ခက်ခဲတဲ့ အလုပ်တွေထဲမှာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းရတာလည်း ပါပါတယ်။ တစ်နေ့တစ်နေ့ ကိုယ်အလေးချိန်များ တက်လာသလား၊ ပိုဝလာသလား တွေးရတာလည်း အလုပ်တစ်ခုပါပဲ။ ကိုယ်ခန္ဓာအလှနဲ့ ပတ်သက်လို့ ထိန်းသိမ်းမှာပဲ ဖြစ်ဖြစ်၊ အတုယူချင်တာပဲ ဖြစ်ဖြစ် ပထမဆုံး ကိုယ်တွေ မြင်ယောင်အားကျမိတာက  စူပါမော်ဒယ်လ်တွေပါ။ ဘာကြောင့်လဲဆိုတော့ သူတို့လို သွယ်လျချင်တယ်၊ လှပချင်တယ်လေ။ ဒါပေမယ့် တကယ်တမ်းမှာ သူတို့လို သွယ်လျဖို့ဆိုတာ အစားအသောက်ကို အများကြီး ဆင်ခြင်ထိန်းညှိပြီးမှ ဖြစ်လာနိုင်မှာဖြစ်ပါတယ်။ သူတို့ ဘာတွေကို ဘယ်လိုစားသောက်လဲ၊ ဘာတွေကို ဆင်ခြင်လဲဆိုတာသိမှ ကိုယ်တွေလည်း အဲဒီပုံစံခွက်ထဲ လိုက်ပြင်ဆင်စားသောက်နိုင်မှာပါ။ ဒီလို စားသောက်တဲ့အခါ လှပမှုတစ်ခုတည်းအတွက်တင် မဟုတ်ဘဲ ကျန်းမာရေး အတွက်ပါ ထည့်သွင်းစဉ်းစားဖို့လိုတယ်ဆိုတာလည်း မေ့မထားသင့်ပါဘူး။ အဲဒီအတွက်ကြောင့် တကယ့်ထိပ်တန်းစူပါမော်ဒယ်လ်တို့ရဲ့ အစားအသောက် စားသောက်မှုပုံစံတွေကို ပြောပြပေးလိုက်ပါတယ်။ သူတို့ဘာတွေ နှစ်သက်ကြသလဲ၊ ဘယ်လို အစားအစာတွေကို ဘယ်အချိန်မှာ စားလေ့ရှိလဲဆိုတာ အောက်မှာ ဆက်ကြည့်လိုက်ရအောင်ပါနော်။

Jasmine Tookes

Jasmine Tookes, one of the Victoria’s Secret Model shares about her food routine. She usually likes to eat a lot of protein and more mostly when she works out. For lunch, she eats grilled chicken with vegetables: broccoli and zucchini and rice. And for dinner, she has steak with mashed potatoes and vegetables.

Victoria’s Secret Model တစ်ယောက်လည်း ဖြစ်တဲ့ Jasmine Tookes ကတော့ သူမ စားတဲ့ အစားအစာတွေထဲမှာ ပရိုတင်းဓာတ်ကြွယ်ဝအောင် များများစားသုံးပေးလေ့ရှိသလို အထူးသဖြင့် Work Out လုပ်ထားတဲ့နေ့တွေမှာ ပိုစားလေ့ရှိပါတယ်။ Jasmine Tookes စားသုံးတဲ့ ပုံမှန်နေ့လည်စာကတော့ ကြက်ကင်၊ အသီးအရွက်တွေနဲ့ ထမင်းဖြစ်ပြီးတော့ ညစာအတွက်ကိုတော့ ကောင်းမွန်တဲ့ အမဲသားနဲ့ အာလူးတွေ စားလေ့ရှိတယ်လို့ ဆိုပါတယ်။

Bella Hadid

Bella Hadid is a green-juice fan girl, she usually drinks lemon water when she gets up. She said lemon water is healthier than other mineral water since the green juices contain more fiber than you’d get from other sources, such as eating a salad. When she eats badly, she needs to do a Monday-Wednesday detox to remove and eliminate toxins.

Bella Hadid တစ်ယောက်ကတော့ မနက်အိပ်ယာထတာနဲ့ Lemon Water ကို သောက်လေ့ရှိပြီးတော့ သူမအတွက် Lemon Water က ပုံမှန်သောက်ရေသောက်ရတာထက် ပိုကျန်းမာတယ်လို့ ခံစားရစေပါတယ်တဲ့။
အစိမ်းရောင်အရွက်၊ အသီးဖျော်ရည်တွေက သူမကို ပိုပြီးနေလို့ထိုင်လို့ကောင်းစေတဲ့အပြင် စိတ်ထဲမှာနေရတာ ပင်ပန်းလာပြီဆိုရင် တင်္နလာနေ့ကနေ ဗုဒ္ဓဟူးနေ့အထိ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ Detox လုပ်ပေးပါတယ်တဲ့။


Bridget Malcolm

Victoria’s Secret Angel, Bridget Malcom eats Vegan diet and she tends to avoid eating meals that derives from meat and fish. She said after eating mainly of vegetables, nuts, beans and fruits, people talked about her skin gets better and glows brighter than before.

Victoria’s Secret မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ Bridget Malcolm ကတော့ အသား၊ ငါးကနေ ဆင်းသက်လာတဲ့ အစားအစာမှန်သမျှကို ရှောင်ထားပြီးတော့ အသီးအရွက်ကိုပဲ စားသုံးသူဖြစ်ပါတယ်။

အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ပဲတွေကိုသာ အဓိကထား စားသုံးပေးတဲ့နောက်မှာ သူမကို တွေ့သူတိုင်းက အသားအရေရဲ့ ကြည်လင်လှပမှုကို ပြောလာကြတယ်လို့ Bridget Malcolm က အင်တာဗျူးတစ်ခုမှာ ဆိုပါတယ်။

Miranda Kerr

Miranda Kerr who would never eat anything that’s genetically modified or not farmed ethically, loves to eat organic food with no food dying and preservatives. Kerr’s favorite dinner she has is roasted chicken and vegetables with a glass of organic wine.

Miranda Kerr ကတော့ သဘာဝအစားအစာတွေကို နှစ်သက်သူတစ်ယောက်ဖြစ်ပြီးတော့ သဘာဝထွက်မဟုတ်၊ ခြံစိုက်မဟုတ်ဘဲ ပြုပြင်ဖန်တီးထားတဲ့ အစားအစာတွေ ရှောင်တယ်လို့ ဆိုပါတယ်။ Organic ဖြစ်တာမျိုး၊ ဆိုးဆေး တာရှည်ခံဆေးတွေမပါဘဲ သဘာဝအတိုင်း ဖြစ်တဲ့၊ စိုက်ပျိုးထားတဲ့ အစားအစာမျိုးကိုပဲ စားတဲ့ Kerr ရဲ့ အကြိုက်ဆုံး ညစာက ကြက်ကင်၊ အသီးအရွက်တွေနဲ့ organic wine တစ်ခွက်ဖြစ်ပါတယ်တဲ့။


Joan Smalls

Joan Smalls is not a big eater on vegetables and since she is Puerto Rican, her diet is really having heavy Latin Food. She always has rice, beans and a lot of meat which are always warm. To be balance for her work, Small prefers to work out an extra 20 minutes at the gym and she learns to eat smaller portion not to be overweight in something that she loves.

Joan Smalls ကတော့ အသီးအရွက်ကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးတတ်တဲ့သူတော့ မဟုတ်ပေမယ့်လို့ သူမက လက်တင်အစားအစာတွေကို နှစ်သက်တဲ့သူပါ။ အမြဲလိုလို ထမင်း၊ ပဲနဲ့ အသားများများကို စားသုံးလေ့ရှိတဲ့ Joan Smalls က အစားများများစားရတာ ကြိုက်ပြီး အသီးအရွက်စားသုံးတာ နည်းတာကြောင့် Gym မှာ ကြာကြာ Workout လုပ်လေ့ရှိသလို တစ်ကိုက်စာ Portion လေးတွေ စားပေးတယ်လို့ ဆိုပါတယ်။

Karlie Kloss

Karlie Kloss always keeps her fridge full with fresh fruits, vegetables and chocolate almond milk. Moreover, she never leaves her house without one of her Karlie’s Kookies and saves this inside her purse. She loves to have her Karlie’s Kookies as breakfast and also eats as snack when she goes out.

Karlie Kloss ဖော့ သူမရဲ့ ရေခဲသေတ္တာထဲမှာ အသီးအနှံတွေ၊ အသီးအရွက်တွေနဲ့ Chocolate Almond Milk ကို အမြဲတမ်း အပြည့်ဖြည့်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် “Karlie’s Kookies” တွေကိုပါ ဆောင်ထားလေ့ရှိပြီး မနက်စာအတွက်ရော၊ အပြင်ထွက်တဲ့အခါ ပိုက်ဆံအိတ်ထဲ ထည့်သယ်သွားတဲ့ Snack တွေအတွက်ရော စားလေ့ရှိပါတယ်တဲ့။
Candice Swanepoel

Candice doesn’t like to restrict herself from certain foods that she wants but she loves to have a balanced lifestyle which is happy and healthy for her. Candice considers about how much vitamins contains in the meal which can provide good immune for her body. Candice loves to eat “Teriyaki”, Beef and Grilled Salmon as a dinner. A little tip that she gives is replacing coffee with a decaf tea or hot chocolate rests your energy levels good.

Candice Swanepoel ကတော့ ကိုယ်စားချင်တာကို ဘာမဆိုစားလို့ရတယ်ဆိုပေမယ့် ကိုယ့်အတွက် ကျန်းမာစေမယ့် အစားအစာဖြစ်စေဖို့ လိုတယ်လို့ ဆိုတဲ့အပြင် သူမအနေနဲ့က ကိုယ်စားမယ့်အစားအစာထဲမှာ ဗီတာဗင်ဓာတ်တွေ ဘယ်လောက်ထိပါမလဲဆိုတာနဲ့ ခန္ဓာကိုယ်အတွက် ဘာပေးစွမ်းမလဲဆိုတာ အမြဲစဉ်းစားပါတယ်တဲ့။ ညစာအတွက်ကို Candice က အမဲသား၊ဆော်လမွန်ငါးကင်နဲ့ “Teriyaki” စားရတာ နှစ်သက်သူပါ။

words by Su Yi Htet

english translated by Eain Chu

LUSH EATLUSH Magazine MyanmarLUSH March 2019
1
Facebook Twitter Google + Pinterest
Maeve

previous post
Asia Tour တွေနဲ့ ပရိသတ်တွေရှေ့ပြန်လာတော့မယ့် Westlife အဖွဲ့
next post
Makeup နဲ့ Skincare Line ကို စတင် မိတ်ဆက်တော့မယ့် Hermès

Recommended

ကော်ဖီချစ်သူတိုင်းအတွက် ဟိုချီမင်းမြို့က Cafe Apartment

January 19, 2024

ပုဂံရောက်တုန်း အကြော်စုံ ပူပူလေး စားကြမယ်။

August 11, 2023

ဂျပန်မှာဆူရှီဘယ်လိုစားကြမလဲ

September 6, 2019

Swedish winery launches social distancing dining experience

June 24, 2020

CELEBRITY COOKBOOKS

June 17, 2020

Dishes of Prosperity

February 2, 2019

Good Times, Good Food

December 28, 2018

Official “FRIENDS” cookbook to be released later this...

May 31, 2020

ကမ္ဘာအနှံ့အပြားက ထူးခြားဆန်းပြားတဲ့ တန်ဖိုးကြီးအစားအစာများ

July 30, 2019

3 tips for dining out during a pandemic

July 1, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem