LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
Cover StoryEAT

Dishes of Prosperity

written by Lush Editor February 2, 2019
Dishes of Prosperity

နှစ်သစ်ကူးညစာစားပွဲဆိုတာ တရုတ်လူမျိုးတွေအတွက်တော့ မိသားစုစုံညီစားပွဲ (reunion dinner) ပုံစံမျိုးပါပဲ။

ဘယ်နေရာ၊ ဘယ်ဒေသရောက်ရောက် မိသားစုရှိရာအရောက်ပြန်ကြလို့ တရုတ်နိုင်ငံမှာဆို ဒီအချိန်က Public Transportation အခက်ခဲဆုံးအချိန်ပါ။

မိသားစုဝင်တွေအားလုံးတွေ့ဆုံကြလို့ မိသားစုများတဲ့သူတွေဆို စားပွဲဝိုင်းကြီးတစ်ခုတည်းမှာ အားလုံးပျော်ပျော်ပါးပါးနဲ့ စားသောက်ကြတာ အရမ်းလည်းပျော်စရာကောင်းပါတယ်။ အဖိုး ၊ အဖွားကနေ မြေး ၊ မြစ်အထိ အားလုံးပါတဲ့ပျော်စရာအကောင်းဆုံး စားပွဲကြီးပေါ့။

ဒီတရုတ်နှစ်သစ်ကူးစားပွဲတိုင်းမှာ မပါမဖြစ်ပါဝင်တဲ့ ကံကောင်းစေမယ့် အစားအစာတွေကတော့ အားလုံးလည်းသိပြီးဖြစ်တဲ့ ငါး ၊  ဖက်ထုပ် ၊ ကော်ပြန့် ၊ ခေါက်ဆွဲတို့ပဲဖြစ်ပါတယ်။ ဒီနှစ်သစ်ကူးအစားအသောက်တွေက Chinese New Year ရဲ့ signature menu တွေဖြစ်သလို တရုတ်လူမျိုးတွေယုံကြည်ထားတဲ့ ကံကောင်းစေမယ့်အစားအစာတွေပါ။

Chinese New Year အကြောင်းမပြောခင် နှစ်သစ်ကူးပွဲတွေ ဘာကြောင့်ကျင်းပဖြစ်လာတာလဲဆိုတဲ့ လူကြီးသူမတွေရဲ့ လက်ဆင့်ကမ်းဒဏ္ဍာရီပုံပြင်တွေအကြောင်း ပြောပြပေးချင်ပါတယ်။

ဟိုးရှေးရှေးတုန်းက တရုတ်လူမျိုးတွေနေထိုင်တဲ့မြို့တွေ ၊ ရွာတွေကို “Year” လို့ခေါ်တဲ့ ဘီလူးကိုယ်နဲ့ခြင်္သေ့ခေါင်းပုံစံရှိတဲ့ သတ္တ၀ါဆိုးကြီးတစ်ကောင်က နှစ်သစ်ကူးမတိုင်ခင်ညမှာ ပင်လယ်ထဲကထွက်လာပြီး လူတွေနဲ့ တိရိစ္ဆာန်တွေကို ဒုက္ခပေးတတ်ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ ဒီသတ္တ၀ါကြီးက အနီရောင် ၊ မီးနဲ့ ကျယ်လောင်တဲ့အသံတွေကို ကြောက်လန့်တတ်တယ်ဆိုတဲ့အကြောင်း သိလာတဲ့အခါမှာ တရုတ်လူမျိုးတွေကနှစ်သစ်ကူးမတိုင်ခင်ညမှာ အနီရောင်မီးပုံးတွေ ၊ ဗျောက်အိုးတွေနဲ့ မီးရှုးမီးပန်းတွေဖောက်ပြီး ခြောက်လန့်ရာကနေ ယခုခေတ်မှာကျင်းပနေတဲ့ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲတွေဖြစ်လာတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံမှာတော့ ဘီစီ ၂၀၀ ကျော်တည်းက မင်းအဆက်ဆက်က နှစ်သစ်ကူးပွဲတွေကို ပျော်ပွဲရွှင်ပွဲတွေနဲ့အတူတူကျင်းပခဲ့တာပါ။

နောက်ပြီး တရုတ်နှစ်ကူးမှာ စားကြတဲ့အစားအစာတွေက အဓိပ္ပါယ်အမျိုးမျိုးနဲ့ ယုံကြည်မှုတွေရှိကြပါတယ်။ ခေါက်ဆွဲဆိုရင် ပျော်ရွှင်မှုနဲ့ အသက်ရှည်ခြင်းကို ကိုယ်စားပြုပြီး ဖက်ထုပ် ၊ ကော်ပြန့်နဲ့ လိမ္မော်သီးတွေက ဓနဥစ္စာကြွယ်ဝခြင်းကို ရည်ရွယ်ပါတယ်။ ကောက်ညှင်းကိတ်ကတော့ ၀င်ငွေကောင်းမွန်ခြင်း ၊ ရာထူးတိုးခြင်းဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။

ခေါက်ဆွဲဆိုတာ တရုတ်လူမျိုးတွေအတွက် အသက်ရှည်ခြင်းကိုကိုယ်စားပြုလို့ ခေါက်ဆွဲစားရင် ဘယ်တော့မှဖြတ်ညှပ်ပြီး မစားကြပါဘူး။ ကံကောင်းခြင်းနဲ့ အသက်ရှည်ကျန်းမာခြင်းတွေ သယ်ဆောင်လာဖို့ ရည်ရွယ်ချက်နဲ့ စားသုံးကြလို့ပါ။

နောက်ပြီး နှစ်သစ်ကူးချိန်မှာစားသောက်ကြတဲ့ ကောက်ညှင်းကိတ်ဆိုရင် တရုတ်ပြည်အရှေ့ပိုင်းမှာအထူးကျော်ကြားတဲ့ နှစ်ကူးကိတ် ဖြစ်ပါတယ်။ ကောက်ညှင်းကိတ်ကိုစားတဲ့သူတိုင်းက ကံကောင်းခြင်းတွေ ၊ ငြိမ်းချမ်းခြင်းတွေရရှိလိမ့်မယ်လို့လည်း ယုံကြည်ကြပါတယ်။

ဒါပေမဲ့ Chinese New Year မှာသတိပြုရမယ့်ဆောင်ရန် ၊ ရှောင်ရန်တွေလည်းရှိပါသေးတယ်။ တို့ဖူးလို အဖြူရောင်ရှိတဲ့အစားအစာ ၊ အသုံးအဆောင်တွေကို နှစ်ကူးတဲ့အချိန်မှာရှောင်ပါ။ ဒါတွေက သေဆုံးခြင်း ၊ ကံမကောင်းခြင်းတွေဖြစ်လာနိုင်တယ်လို့ ယုံကြည်ကြလို့ အဖြူကိုလုံးဝမသုံးပါဘူး။

ပန်းတွေကတော့ တရုတ်နှစ်သစ်ကူးမှာမပါမဖြစ် အလှဆင်ပစ္စည်းတွေပါ။ တရုတ်လူမျိုးတွေရဲ့ယုံကြည်မှုမှာကိုက ပန်းအစစ်တွေကို အိမ်အတွင်းအလှဆင်ထားရင် ကံကောင်းခြင်း ၊ ငြိမ်းချမ်းခြင်းနဲ့ ပြန်လည်မွေးဖွားခြင်းတွေဖြစ်လာနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

ငါးဆိုလည်း ဆယ်လ်မွန် ၊ ငါးမန်းတောင်ဟင်းချိုစတဲ့ ကိုယ်နှစ်သက်ရာငါးမျိုးစုံကို အမျိုးမျိုးချက်ပြုတ်ဝိုင်းဖွဲ့စားသောက်ကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရုတ်လူမျိုးတွေရဲ့နှစ်သစ်ကူးညစာစားပွဲတွေက ကမ္ဘာပေါ်မှာအရသာအကောင်းဆုံးနဲ့ ချစ်ခြင်းမေတ္တာတွေ ရောထွေးနေတဲ့ အကောင်းဆုံးစားပွဲကြီးဖြစ်ပါတယ်။

ကံအကောင်းဆုံး အစားအစာတွေဆိုတာထက် မိသားစုအားလုံးပြန်လည်တွေ့ဆုံခွင့်ရရှိတာကြောင့် အဓိပ္ပါယ်ရှိတဲ့ အချိန်လေးတွေလို့ ပြောမယ်ဆိုလည်း ပြောလို့ရပါတယ်။

တရုတ်နှစ်ကူးမှာ ပျော်စရာအစီအစဉ်လေးတွေလည်းရှိပါသေးတယ်။  မိသားစုဝင်တွေက အန်ပေါင်းလို့ခေါ်တဲ့ အနီရောင် စာအိတ်လေးတွေနဲ့ မုန့်ဖိုးတွေပေးကြတာတွေ ၊ WeChat ကနေ တစ်ယောက်နဲ့တစ်ယောက် ဆုတောင်းစကားတွေ ပြောကြပါသေးတယ်။

ပွဲလမ်းသဘင်အနေနဲ့ နာမည်ကျော်နဂါးအက ၊ ခြင်္သေ့အကနဲ့ ခမ်းနားလှပတဲ့ performance များစွာလည်း မရိုးနိုင်တဲ့ Chinese New Year ရဲ့ရိုးရာဓလေ့တွေပါ။ ရောင်စုံမီးတန်းတွေနဲ့ အရမ်းလှတဲ့မီးရှုးမီးပန်းတွေ ၊ မီးပုံးနီနီလေးတွေနဲ့ အရသာအရမ်းကောင်းတဲ့ တရုတ်ရိုးရာမုန့်တွေကို နှစ်သစ်ကူးပွဲသွားသူတိုင်းက အကြိုက်ဆုံးပေါ့။

မင်္ဂလာရှိသောအချိန် ၊ ကံကောင်းခြင်းတွေသယ်ဆောင်လာတဲ့အချိန်မှာ ချစ်ခင်သူတွေနဲ့ပျော်ရွှင်ဖို့ကောင်းတဲ့ နှစ်သစ်ကူးမိသားစုစုံညီ စားပွဲလေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

words by lim

LUSH EATLUSH Magazine Myanmar
0
Facebook Twitter Google + Pinterest
Lush Editor

previous post
Yoga Romance
next post
Simple Feng Shui!

Recommended

The Bridge x LUSH

December 18, 2018

Meal Box Trend For Fit

January 22, 2019

OUTRANGE

January 11, 2019

LONGCHAMP X POKÉMON COLLECTION

December 2, 2020

The Iconic Evening Fashion Show – Designer Htu...

October 25, 2019

ABBA THE DOVES

February 15, 2019

POWER of RED

January 31, 2019

LUSH MAGAZINE MYANMAR DECEMBER 2018 | COVER STORY

December 6, 2018

ရိုးရှင်းတဲ့ စွဲမက်ဖွယ်ဒီဇိုင်းသစ်နဲ့ Elle

October 19, 2020

Never Gets Old | ဘယ်တော့မှ မရိုးသွားမဲ့ Chic Style...

November 14, 2020

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem