FENTY ကနေအသစ်ထွက်လာတဲ့ နေကာမျက်မှန်တွေက နွေရာသီနဲ့ လိုက်ဖက်စေဖို့ ရည်ရွယ်ထားပြီးတော့ “Coded”, “Off Record”, “Classified” ဆိုတဲ့နာမည်တွေနဲ့ ဒီဇိုင်း ၃ မျိုးထွက်ရှိမှာပါ။ “ Coded” နဲ့ “Off Record” တို့ကတော့ ဈေး 340USD ဖြစ်ပြီး May 13 ကနေစပြီး FENTY website မှာဝယ်လို့ရပါပြီ။ “Classified” ကတော့ 480USD ဖြစ်ပြီး May 27 မှ ဝယ်လို့ရမှာပါ။
“Coded” ရဲ့မျက်မှန်ပုံစံက လေးထောင့်ဆန်ဆန် frame နဲ့ကိုမှ cat-eye lenses တို့ပေါင်းစပ်ထားတာပါ။ ရွေးချယ်စရာအရောင်တွေကတော့ အနက်ရောင် နဲ့ အညိုရောင်ဆန်ဆန်အရောင် နှစ်မျိုးရှိပါတယ်။ Fenty logo ကို မျက်မှန်ကိုင်းမှာ ရွှေရောင်နဲ့ထွင်းထားတော့ luxury ဆန်တဲ့ခံစားမှုမျိုး ရစေမှာပါ။
“Off Record” ကတော့ animal print ဒီဇိုင်း မျက်မှန်ကိုင်းတွေရယ်၊ တောက်တောက်ပြောင်ပြောင်အရောင်တွေရယ်နဲ့ ခပ်မိုက်မိုက်ခံစားမှုမျိုးရစေမှာပါ။ ရွေးချယ်စရာအရောင်ကတော့ Jet black, Acid green, Cosmic blue နဲ့ Candy pink ဆိုပြီး လေးမျိုးရှိပါတယ်။
“Classified” ကတော့ futuristic ဖြစ်တဲ့ဒီဇိုင်းမျိုးနဲ့ “Black Gold” နဲ့ “Rose Havana” ဆိုပြီး ရွေးချယ်စရာနှစ်မျိုးရှိပါတယ်။
#LUSHmagazineMyanmar #LUSHdaily #FENTY #Rihanna #Eyewear