Revolution Beauty က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်တုန်းက Revolution x Friends လို့ နာမည်ရတဲ့ “Friend” theme collection ကို ထုတ်လိုက်ပါတယ်။ စျေးတွေကလည်း သက်သာပြီး လူတိုင်း၀ယ်သုံးနိုင်တဲ့အနေအထားပါပဲ။ ဒီ collection မှာ ပါတဲ့ products တွေကို “Friend” show ထဲက အဓိကဇာတ်ဆောင်တွေရဲ့နာမည်တွေ၊ အထင်ကရဖြစ်တဲ့စကားတွေကို နာမည်ပေးထားပါတယ်။
$12 USD တန်ဖိုးရှိတဲ့ eyeshadow palette မှာဆို Phoebe Buffay, Monica Geller နဲ့ Rachel Green တို့ရဲ့နာမည်တွေကို ပေးထားပြီးတော့ Palette တစ်ခုချင်းစီတိုင်းရဲ့ shade တစ်ခုချင်းစီမှာ ဇာတ်ကောင်တွေကို အမှတ်ရစေမယ့်နာမည်လေးတွေပေးထားတာကို တွေ့ရမှာပါ။
နောက်ပြီး show ထဲက ဇာတ်ကောင်တွေရဲ့နာမည်တွေနဲ့ အမည်ပေးထားတဲ့ shade 27 ခုပါတဲ့ $24 USD တန်ဖိုးရှိတဲ့ Limitless Eyeshadow palette လည်းပါပါတယ်။
Collection ထဲမှာ $8 USD တန်ဖိုးရှိတဲ့ Lip Gloss တွေ၊ Lipstick တွေ။ $15 USD ၀န်းကျင်တန် လက်ကိုင်ပါတဲ့မှန် နဲ့ $12 USD ၀န်းကျင် Cosmetic bag တွေနဲ့ $8 USD ၀န်းကျင် Scruchies pack လည်းပါပါသေးတယ်။
“ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ အသေးစိတ်ကိုကြည့်ပြီး သူတို့၀တ်ပုံစားပုံ၊ အပြုအမူ၊ သုံးတဲ့မိတ်ကပ်တွေ နဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို လေ့လာပြီးတော့မှ ထုတ်ခဲ့ပါတယ်” ဆိုပြီး Revolution Beauty ရဲ့ founder Adam Minto က ပြောထားပါတယ်။
အခုအချိန် Revolution Beauty ရဲ့ website မှာတော့ ဒီ collection ထဲက ပစ္စည်းတော်တော်များများ sold out ဖြစ်နေပါပြီ။ သူ့ရဲ့ website အပြင် Ulta Beauty မှာလည်း ၀ယ်လို့ရပါသေးတယ်။ စာဖတ်သူတို့ရော ဈေးလည်း fair ဖြစ်ပြီး ရွေးစရာစုံတဲ့ ဒီ collection ကို ၀ယ်သုံးဖို့ စဥ်းစားနေကြပြီလား?