Quay ဆိုတဲ့ brand က Australia နိုင်ငံအြခေစိုက် မျက်မှန်တွေထုတ်လုပ်တဲ့ brand တခုပါ။ Key လို့အသံထွက်ပြီးတော့ နာမည်ကြီး celebrities တွေနဲ့ collaboration တွေ လုပ်လေ့ရှိတာကြောင့် လူသိများပါတယ်။ ဈေးနှုန်းသင့်တင့်ပြီး quality ကောင်းတဲ့ eyewear တွေကို ထုတ်လုပ်နေတဲ့ brand တစ်ခုလို့လည်း ပြောလို့ရပါတယ်။ အခု Quay နဲ့ ထပ်ပြီးတော့ collaboration လုပ်ခဲ့တဲ့သူကတော့ အားလုံးသိကြတဲ့ Lizzo ပါ။
ဒီ collection မှာ ဒီဇိုင်း ၈ မျိုး ပါပြီးတော့ Quay ရဲ့ ရောင်းအားကောင်းတဲ့ ဒီဇိုင်းတွေဖြစ်တဲ့ Cat eyes, aviators နဲ့ shields စတဲ့ဒီဇိုင်းတွေလည်းပါပြီး ဈေးနှုန်းကတော့ $55 ကနေစပြီးရှိပါတယ်။ “Quay က တခြား မျက်မှန် brand တွေနဲ့ မတူတဲ့အချက်က မိုက်တယ်၊ ဆန်းသစ်တယ်၊ နောက်ပြီး လူတိုင်းလည်း ဝယ်နိုင်တဲ့အနေအထားမှာ ရှိတယ်” ဆိုပြီး Lizzo က ပြောခဲ့ပါတယ်။
နောက်ပြီး Quay နဲ့ Lizzo က Feeding America နဲ့ လက်တွဲပြီးတော့ “buy one, get one, give 100 meals” ဆိုတဲ့ program ကိုလည်း ပြုလုပ်ထားပါတယ်။ Feeding America ဆိုတာ အမေရိကားနိုင်ငံရဲ့ အကြီးဆုံး ငတ်မွတ်ခေါင်းပါးမှုလျော့ချရေး အဖွဲ့အစည်းတခုပါ။ program ရဲ့ရည်ရွယ်ချက်ကတော့ မေ ၂၀ ရက်နေ့ကနေ ၂၅ ရက်နေ့အတွင်းမှာ Quay ရဲ့ ဘယ် မျက်မှန်တစ်လက် ကိုမဆို ဝယ်ယူပြီး ကြိုက်တဲ့မျက်မှန်တစ်လက်ကို လက်ဆောင်ယူနိုင်တာပါ။ တစ်လက်ရောင်းရတိုင်း အနည်းဆုံး အစားအစာ ၁၀၀ ခန့်ကို လိုအပ်တဲ့သူတွေဆီ လှူဒါန်းသွားမှာပါ။
ကဲ Lizzo နဲ့ Quay တို့ရဲ့ collection မှာပါတဲ့ မျက်မှန်တွေကို ကြည့်လိုက်ရအောင်လား။
Photos: Quay
Ref: Marieclaire