Prada နဲ့ adidas Originals တို့ပေါင်းပြီး ထုတ်ထားတဲ့ “PRADA FOR ADIDAS” ကတော့ second drop ထွက်လာပါပြီ။ drop ထဲမှာပါတဲ့ adidas superstar အရောင်ကတော့ ဒီတစ်ခါ Core Black, Core White, Silver Metallic ဆိုပြီး အရောင် ၃ မျိုး ထွက်မှာပါ။ Made in Italy ဖြစ်ပြီးတော့ premium သားရေတွေနဲ့ လုပ်ထားပါတယ်။ Prada logo နဲ့ adidas logo တွေကို ဖိနပ်ရဲ့ tongue နေရာမှာ တွေ့ရမှာပါ။
ဖိနပ်မှာပါတဲ့ အသေးစိတ်တွေ၊ logo တွေကြောင့် ကြည့်လိုက်တာနဲ့ premium ဆန်တဲ့ ခံစားမှုမျိုးကို ခံစားမိကြမှာပါ။ first drop တုန်းက အဖြူရောင်တစ်ရောင်ပဲပါလို့ အားမရခဲ့တဲ့သူတွေ ဒီတခါ drop မှာတော့ အကြိုက်တွေ့ကြမယ်ထင်ပါတယ်။ ဒီနေ့ စက်တင်ဘာ ၈ ရက်နေ့မှာ Prada, adidas တို့ရဲ့ ဆိုင်တွေ၊ website တွေနဲ့ သက်ဆိုင်ရာ retailer တွေမှာ စပြီး ၀ယ်ယူနိုင်မှာဖြစ်ပြီးတော့ စျေးကတော့ $525 USD ၀န်းကျင်လောက်ရှိမှာပါ။