British မိတ်ကပ် artist တစ်ယောက်ဖြစ်တဲ့ Pact McGrath နဲ့ Star Wars တို့ပူးပေါင်းပြီးတော့ ဒီဇင်ဘာ ၂၀ ရက်နေ့မှာ စတင်ပြသတော့မယ့် Star Wars: The Rise of Skywalker ကို ဂုဏ်ပြုတဲ့အနေနဲ့ limited-edition collection တစ်ခုထွက်ရှိလာပါတယ်။ ဒီ collection မှာ Galactic Gold Palette, Mothership IV Decadence: Star Wars Edition နဲ့ Mthrshp Star Wars: Dark Galaxy Palette ဆိုပြီး Eyeshadow palettes သုံးခုပါပါတယ်။ Lip Fetish Lip Balm: Star Wars Edition လို့နာမည်ပေးထားတဲ့ နှုတ်ခမ်းနီလည်းပါဝင်ပြီး Clear, Flesh 3, Nude Astral, Gold Astral ဆိုပြီး shade ၄ ရောင်ပါဝင်ပါတယ်။ ဈေးနှုန်းတွေကတော့ $40 USD ကနေ $125 USD ဝန်းကျင်ထိရှိပြီး ဒီဇင်ဘာလထဲမှာပဲ စတင်ရောင်းချသွားမယ်လို့သိရပါတယ်။ နှစ်သစ်လည်းရောက်တော့မှာဆိုတော့ LUSHer တို့ထဲမှာ Star Wars fan တွေရှိရင်တော့ ကိုယ့်ကိုယ်ကို New Year gift လေးပေးလို့ရတယ်နော်။ ဒါမှမဟုတ် သူငယ်ချင်းတွေထဲမှာ Star Wars fan တွေရှိရင်လည်း သူတို့ကို New Year gift ပေးဖို့စဉ်းစားထားရင် ဒီ collection ကိုတော့ ထည့်စဉ်းစားထားသင့်တယ်နော်။
Pact McGrath launched Star Wars Makeup Collection
previous post