အမေရိကန် luxury department store ဖြစ်တဲ့ Nordstrom က တိရစ္ဆာန်အမွေးတွေ၊ သားရေတွေနဲ့ပြုလုပ်ထားတဲ့ပစ္စည်းတွေရောင်းချတာကို Nordstrom ဆိုင်ခွဲတိုင်းမှာ တားမြစ်သွားမှာဖြစ်ပြီး ၂၀၂၁ ခုနှစ်အကုန်မှာ အပြီးသတ်သွားမယ့်အကြောင်းကို စက်တင်ဘာ ၂၉ ရက်နေ့တုန်းက ကြေညာခဲ့ပါတယ်။ “ကျွန်မတို့ရဲ့ product evolution ရဲ့ တစ်စိတ်တပိုင်းအနေနဲ့ US Humane Society နဲ့ လက်တွဲလုပ်ဆောင်နေပြီးတော့ တိရစ္ဆာန်အမွေးတွေ၊ သားရေတွေနဲ့ပြုလုပ်ထားတဲ့ပစ္စည်းတွေရောင်းချခြင်းကို ကျွန်မတို့ရဲ့ store တွေမှာရော online မှာပါမကျန် တားမြစ်သွားတော့မှာပါ” ဆိုပြီး Nordstrom ရဲ့ chief merchandising officer ဖြစ်တဲ့ Teri Bariquit က ပြောခဲ့ပါတယ်။
ဒီတားမြစ်ချက်က Nordstrom ဆိုင်အားလုံးကို သက်ရောက်မှာဖြစ်ပြီး Nordstrom ရဲ့ e-commere site တွေဖြစ်တဲ့ Nordstrom Rack နဲ့ Last Chance တို့မှာလည်း သက်ရောက်မှာဖြစ်ပါတယ်။ “ကျွန်မတို့ပိုင်တဲ့ brand တွေကတော့ တိရစ္ဆာန်အမွေးတွေ၊ သားရေတွေကို မသုံးတာကြာပါပြီ… ဆိုတော့ ဒီ policy ကို ကျွန်မတို့ဆိုင်တွေမှာတင်တဲ့ brand တိုင်းမှာပါ သက်ရောက်အောင်လုပ်ဖို့က ကျွန်မတို့ စီးပွားရေးအတွက် နောက်လာမယ့်ခြေလှမ်းတစ်ခုပါ” ဆိုပြီး Bariquit က ထပ်ဆောင်းပြောခဲ့ပါတယ်။
Gucci, Burberry နဲ့ Chanel တို့လို fashion brand တွေက တိရစ္ဆာန်အမွေးတွေ၊ သားရေတွေအသုံးပြုမှုကို ရပ်နားပြီးတဲ့နောက်မှာ တိရစ္ဆာန်အမွေးတွေနဲ့လုပ်ထားတဲ့ပစ္စည်းတွေရဲ့ ရေပန်းစားမှုက တဖြည်းဖြည်းနဲ့ ကျဆင်းလာခဲ့သလို customer တွေရဲ့ စိတ်၀င်စားမှုတွေကလည်း ကျဆင်းလာခဲ့ပါတယ်။ အခုနောက်ပိုင်းဆို ရေရှည်တည်တံ့မှု (sustainablity) က သုံးစွဲသူတွေအတွက် အရေးကြီးလာပြီး လူစိတ်၀င်စားမှုလည်းများလာပါပြီ။
Ref: Hypebae