LUSH Magazine Myanmar
  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop

LUSH Magazine Myanmar

  • FASHION
    • Fashion Perspective
    • Shine
    • Cover Story
    • LUSH GUY
    • LUSH TEEN
    • LUSH MUSE
  • HEALTH & BEAUTY
    • Makeup & Skincare
    • Get Fit & Wellness
    • Hair & Nails
  • LIVING
    • Art & Music
    • Travel
    • DRIVE
    • Deco
    • Eat
    • Pet Zone
  • LIFE
    • Inner Journey
    • BALANCE
    • CREATOR
    • INSPIRED
    • Social Etiquette
    • Short Stories
  • MARKET BY LUSH
    • LOCAL STORIES
    • DECO
    • FASHION
    • BEAUTY
  • LUSH CHANNEL
  • Shop
0
LUSH DAILYTRAVEL

ကမ်းခြေသွားမယ်ဆိုရင် ဘယ်လို Fashion Accessories တွေ မဖြစ်မနေ ယူသွားသင့်လဲ။

written by SuYiHtet March 12, 2019
ကမ်းခြေသွားမယ်ဆိုရင် ဘယ်လို Fashion Accessories တွေ မဖြစ်မနေ ယူသွားသင့်လဲ။

နွေရာသီလည်း ရောက်လာပြီဆိုတော့ ကမ်းခြေကို ခရီးသွားမယ်ဆိုတဲ့သူတွေလည်း များမှာပါ။ နွေရာသီ ခရီးစဉ်အတွက် ကမ်းခြေက အကောင်းဆုံး ရွေးချယ်စရာပဲ မဟုတ်လား။ ကမ်းခြေမှာက စိတ်ကြိုက်ပျော်လို့ရသလို ကိုယ့်စိတ်ကြိုက် လူငယ်ဖက်ရှင်အလန်းစားတွေကို ပွဲထုတ်လို့ရတဲ့နေရာလည်း ဟုတ်ပါတယ်။ဒီတော့ ကမ်းခြေမှာ စိတ်ကြိုက် အပြတ်ကဲမယ်ဆိုရင် ဘယ်လိုဖက်ရှင်တွေ ၀တ်ပြီး ဘာ Accessories
တွေယူသွားမယ်ဆိုတာ စဉ်းစားဖို့ လိုပါတယ်။ အထူးသဖြင့် Fashion Accessories တွေနဲ့ Travel Accessories တွေက မပါမဖြစ်ပေါ့။ ဒါဖြင့် ဘယ်လို ပစ္စည်းတွေကို ဦးစားပေး ထည့်သွားသင့်လဲ။

နေကာမျက်မှန်

နွေရာသီမှာ နေကာမျက်မှန်က မရှိမဖြစ်ကိုလိုပါတယ်။ ပူပြင်းစူးရှတဲ့နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ မျက်မှန်တစ်လက်ကောင်းကောင်းက လိုကို လိုအပ်သလို ဓာတ်ပုံရိုက်တဲ့အခါမှာလည်း ပိုမိုက်နေအောင် မျက်မှန်လေးက ရှိကိုရှိသင့်ပါတယ်။ UV Ray တွေကို အပြည့်အ၀ကာကွယ်နိုင်သလို တပ်လိုက်တာနဲ့ ဖက်ရှင်ကျကျ ဖြစ်နေစေမယ့် မျက်မှန်လေးတွေ ထည့်ယူသွားဖို့ မမေ့ပါနဲ့။

 

Beach Bag

ကမ်းခြေသွားမယ်ဆိုရင် ဘုစုခရုပစ္စည်းကအစ အကုန်စုပြုံထည့်ဖို့ အိတ်ကြီးကြီးကောင်းကောင်းတစ်လုံးလည်း လိုအပ်ပါတယ်။ အိတ်ကြီးတော့ ပစ္စည်းတွေ ထည့်လို့ ဆံ့သလို ဟိုမေ့ကျန် ဒီမေ့ကျန် မဖြစ်တော့ဘူးပေါ့။ အခုနောက်ပိုင်းဆို ချည်သားနဲ့ လုပ်ထားတဲ့ Beach Bag တွေ၊ ကြိမ်အိတ်လေးတွေ မျိုးစုံရှိတော့ ကိုယ်ကြိုက်တာ ရွေးလို့ရတာပေါ့။

Sun Hat

နေပူဒဏ်နဲ့ မျက်နှာပေါ်ကို နေရောင်ခြည်တိုက်ရိုက်ကျတာကနေ ကာကွယ်ဖို့ ဦးထုပ်ကလည်း လိုအပ်ပါတယ်။ ဘယ်လိုဦးထုပ်မျိုးက ပိုသင့်တော်လဲဆိုရင် အ၀ိုင်းကြီးကြီး၊ ကြိမ်ဦးထုပ်ကားကားလေးတွေက နေဒဏ်ကို အတော်အသင့်ကာကွယ်နိုင်ပြီးတော့ အခုနောက်ပိုင်းမှာ ကြိမ်ဦးထုပ်တွေက ပိုခေတ်စားလာတာ တွေ့ရမှာပါ။ ဒီလိုဦးထုပ်လေးတွေက ဂါဝန်လေးတွေနဲ့ တွဲဝတ်လို့ လိုက်ဖက်ပြီးတော့ ကမ်းခြေနဲ့ အသင့်တော်ဆုံး ဖြစ်ပါတယ်။


Bikinis/ Swimsuits

ကမ်းခြေသွားပြီးမှ Biniki လှလှလေး မ၀တ်ခဲ့ဘူးဆိုရင် အရမ်းကို နှမြောစရာကောင်းတာပေါ့။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို လှစ်ဟစေနိုင်မယ့် Swimsuits လေးတွေကို ကမ်းခြေမှာပဲ စိတ်လွတ်ကိုယ်လွတ်ဝတ်လို့ ရနိုင်သလို ၀တ်စုံပြည့်ကြီးနဲ့ ရေထဲဆင်းရတာထက် ပိုပေါ့ပါးပါတယ်။ ကမ်းခြေသွားမယ်ဆိုရင် Swimsuit လှလှလေးတွေ ထည့်သွားဖို့လည်း သတိရပါ။

Beach Towel

ရေကူးပြီးသွားပြီ၊အနားခဏယူမယ် ဒါမှမဟုတ်လည်း ရေထဲမဆင်းသေးခင် နေဆာလှုံတော့မယ့်အချိန်မှာ ကိုယ်က Swimsuit နဲ့မို့ ခဏပတ်ထားချင်တယ်ဆိုရင် လိုရမယ်ရ သုံးပြီး တာဝါခပ်ကြီးကြီး တစ်ထည် ထည့်ယူသွားဖို့လည်း လိုအပ်ပါတယ်။ ကိုယ်က ကိုယ်မှာ ခြုံဖို့၊ပတ်ဖို့ မသုံးဖူးဆိုရင်တောင် နေဆာလှုံတဲ့အချိန်ေ အာက်မှာ ခင်းတဲ့အခင်းအဖြစ် သုံးလို့လည်း ရပြန်ပါသေးတယ်။

Flip Flops and Sandals

ကမ်းခြေသွားမယ်ဆိုရင် အခြားဖိနပ်ပုံစံတွေထက် စီးရသက်တောင့်သက်သာဖြစ်ပြီး သယ်ရလွယ်တာ၊အကြမ်းခံတာကတော့ ခြေညှပ်ဖိနပ်အပါးတွေပါ။ Sandal လို ကြိုးသိုင်းခြေညှပ်ဖိနပ်အပါးတွေက သဲတွေပေါ်မှာ နင်းသွားလည်း ကျွတ်မကျန်ခဲ့သလို လမ်းလျှောက်ရတာ သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ခြေညှပ်ဖိနပ် တစ်ရံတော့ မဖြစ်မနေ ထည့်ဆောင်သွားပါ။

Jewelry

ကိုယ်ဝတ်နေကျ Jewelry လေးတွေအပြင် နောက်ထပ်ထည့်သွားသင့်တာကတော့ ကမ်းခြေနဲ့ လိုက်ဖက်တဲ့ Jewelry ပါပဲ။ ခရီးသွားရင်းလာရင်း ကျပျောက်တာတို့ ဘာတို့အတွက်လည်း စိတ်ပူရသေးတယ်ဆိုတော့ ဈေးကြီးကြီး Jewelry ထဲကလည်း မဟုတ်ဘဲ ကိုယ်လည်း ၀တ်နေကျဖြစ်ရမယ်၊ ကမ်းခြေနဲ့လည်းလိုက်ဖက်တယ်ဆိုတဲ့ Jewelry တချို့ကို သေချာရွေးသွားဖို့လည်း မမေ့ပါနဲ့ဦး။ အထူးသဖြင့် ကမ်းခြေမှာဆိုတော့ Body Chain တွေ၊ Bracelet တွေ၊ Foot Chain လေးတွေက အလိုက်ဖက်ဆုံးဖြစ်ပါလိမ့်မယ်။

Editor: Su Yi Htet

LUSH DAILYLUSH Fashion PerspectiveLUSH March 2019
0
Facebook Twitter Google + Pinterest
SuYiHtet

previous post
HOT REBEL
next post
Sun’s Flower

Recommended

Perfect Bedroom Layout 

July 13, 2020

Opal – Fashion Vocabulary

October 17, 2019

How to stay updated on Travel regulations

June 10, 2020

MAC ကအသစ်ထုတ်လိုက်တဲ့ Lip Glosses 

June 20, 2018

နွေရာသီမှာ ရင်အေးစေမယ့် Watermelon Recipes

March 19, 2019

တီထွင်မှုများဆင့်ကဲပြောင်းလဲပြီး ဆန်းသစ်နေဆဲ Tissot

October 28, 2020

Fenty launched City Bloom Collection

November 13, 2019

Down the Ceramic Hole

July 3, 2020

High-Protein Vegetables and Peas for Health

April 11, 2019

သင်္ကြန်အတွက် ရိုးမသွားနိုင်တဲ့ ကျစ်ဆံမြီးဆံပင်စတိုင်လ်များ

April 4, 2019

What's your opinion?

INNER JOURNEY

  • Gardening Emotional Workshop နှင့်အတူ သဘာဝအား ခံစားမိခြင်း။

    June 9, 2023
  • စိတ်ဝိညာဉ်ရေးရာကို ဘာလို့ လေ့ကျင့်သင့်တာလဲ

    June 2, 2023
  • စိတ်ထားလှတယ်ဆိုတာ ………

    March 29, 2023
[soliloquy id="1259"]

ART and MUSIC

  • Remembering Chandler a.k.a. One of the greatest TV characters of all time

    November 10, 2023
  • Pantone Color of the Year ကို လေ့လာကြည့်ခြင်း။

    April 5, 2023
  • တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး K-pop star, idol တွေရဲ့နဲ့ သူတို့ရဲ့ ဝင်ငွေ

    December 30, 2020
[soliloquy id="1267"]
Footer Logo

@2021 - Publisher: Satius Co.,Ltd. All Right Reserved. Created by Enterstem