နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်လာမှု၊ လူနေမှုအဆင့်အတန်းမြင့်မားလာမှုတို့ရဲ့နောက်ကွယ်မှာ လူတွေဟာ အမြင်ပိုကျယ်လာတာ၊ နေပုံထိုင်ပုံ ပုံစံတွေ တိုးတက်ပြောင်းလဲလာတာတွေဟာ မြန်ဆန်လွန်းပါတယ်။ လူတွေဟာ အရင်ကထက် အလုပ်တွေများလာကြတယ်။ အရင်ကထက် ကျန်းမာရေးကို ပိုလိုက်စားလာကြတယ်။ အရင်ကထက် အစားအသောက်ကို ပိုခုံမင်လာကြတယ်ပေါ့။ အရင်ကထက် ပိုဈေးဝယ်ထွက်ကြတယ်။ အရင်ကထက် အရင်ကထက်. . . အရင်ကထက်တွေပိုများလာတယ်။
Along with the development of a county and its improving standard of living, there is a huge change in the lifestyles of its citizens as they become more open-minded. People are busier than before with their careers. They are more conscious of their health and what they eat. They consume more. Much more in every way than before.
ဆိုတော့ အဲဒီအရင်ကထက်နဲ့ အရင်ကနဲ့မတူဘဲ Trending ဖြစ်လာတဲ့အထဲမှာ အစားအသောက်တွေကို ပိုမိုခုံမင်လာကြတာနဲ့ အစားအသောက်ကို လိုက်စားလာကြတာတွေဟာ ပိုပြီး ပေါ်ပြူလာဖြစ်လာနေပါတယ်။ ၀ဖို့စားကြတာနဲ့၊ ပိန်ဖို့စားကြတာနဲ့၊ စားချင်လို့ကို စားနေကြတာနဲ့ အစားအသောက် Trending ဟာ ပိုပြီး ကျယ်ပြန့်ပြီး ကြီးကျယ်လာတယ်။
There are newer trends now and being enthusiastic about food is one of them. Trends such as Food to gain weight, lose weight and the foodies are becoming more popular and diverse.
ဒီ အစားအသောက် Trending ထဲမှာမှ သီးသန့်ခေတ်ဆန်ပြီး သွားနေတဲ့ လမ်းကြောင်းတစ်ခုက Diet နဲ့ Healthy Plan အတွက် Packing Meal Box တွေ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျဖို့၊ ကိုယ်အလေးချိန်တက်ဖို့၊ ကျန်းမာဖို့အတွက် အစားအသောက်တွေကို သီးသန့် Plan ဆွဲပြီးစားသုံးပေးတာဖြစ်ပါတယ်။ ဒီဟာက ကမ္ဘာပေါ်က နိုင်ငံအတော်များများမှာ ခေတ်စားနေတဲ့ Trend တစ်ခုဖြစ်သလို မြန်မာပြည်မှာဆိုရင်လည်း ရန်ကုန်နဲ့မန္တလေးတို့မှာ ခေတ်စားလာနေတဲ့ Food Trend တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့်တော့ Diet ကို ဆိုးကျိုးမရှိဘဲ ကျန်းမာဘေးကင်းစွာနဲ့ ပြုလုပ်နိုင်ဖို့အတွက်ကို ပိုပြီး ဦးစားပေးလုပ်လာကြတာကို တွေ့ရပါတယ်။
One of the trends that is standing out and getting on its own way is Packing Meal Box for Diet and Healthy plan. They are for those who are aiming to gain or lose weight and those who just want a healthy lifestyle. This meal plans are famous all over the world and it’s gaining traction in Yangon and Mandalay as well. The meal plans focus on providing healthy diet with no health hazards for the consumers.
တချို့က ၀တဲ့ Trend တစ်ခုအောင်မြင်လာမယ့်အချိန်ကို မျှော်လင့်နေကြပါတယ်။ ဘယ်ခေတ်မှာ ၀တဲ့ Trend တစ်ခုရောက်လာမလဲပေါ့။ အခုတော့ Slim Trend က ဦးဆောင်နေတာပေါ့။ ဒါကြောင့် ၀တဲ့လူတွေက Slim ဖြစ်ချင်ကြတယ်။ ဘာကြောင့်ဝလာကြတာလဲ။ တချို့က အစားအသောက် အအိပ်ပုံမှန်ရင် ၀တယ်။
Some people are waiting for the trend of slimness as the ideal body shape to end. However, it is still ongoing so many people are trying to lose weights.
တချို့က အအိပ်အစားပုံမှန်မရှိရင် ၀တယ်။ ဒါကြောင့် ဘာကြောင့်ဝတယ်ဆိုတာကို တချို့က သူတို့ကိုယ်တိုင်လည်း မသိကြပါဘူး။ ပုံမှန်ကတော့ စားရင်းသောက်ရင်း ၀လာကြတာများတယ်လို့စစ်တမ်းကဖော်ပြပါတယ်။ သေချာတာတစ်ခုကတော့ မစားမသောက်ဘဲနေရင် မ၀လာတာကတော့ အသေချာဆုံးပေါ့။ ဒီအသေချာဆုံးသော နည်းလမ်းကို တချို့တွေလိုက်လုပ်ကြပါတယ်။ ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေ ပိုလာတာကြောင့် မစားမသောက်ဘဲ ကိုယ်အလေးချိန်လျှော့ချတဲ့နည်းလမ်းကိုတော့ အားပေးအားမြှောက်မလုပ်ကြပါဘူး။ ဘယ်လိုကြောင့်ပဲ၀၀ ၀လာတဲ့အခါ ပြန်ပိန်ချင်ကြတဲ့သူက ရာခိုင်နှုန်းများပါတယ်။ တချို့ကတော့ တအားပိန်ရာကနေ ၀လာတဲ့သူတွေကတော့ စိတ်ချမ်းသာတာပေါ့လေ။ အဲလိုကနေ လိုတာထက်ပိုဝသွားရင် ပိုပိန်ချင်လာပြန်ရော။ ဒီလိုနဲ့ဝတဲ့ပိန်တဲ့သံသရာဟာ လည်နေရောပေါ့။ လူတွေအကုန်လုံးဟာ Perfect နဲ့ Fit ကိုချည်းပဲလိုချင်ကြတာပဲလေ။
Why do people gain weight? Some gain weight from proper food and sleep while some gain weight from the lack of them. That is the reason many are puzzled on why they are gaining weight. You will gain weight if you eat so the surest way is not to eat at all, isn’t it? This is why some people follow this dangerous but the concrete method to shed some weight. We do not encourage such extreme measure. Many want to shed unwanted pounds whatever the reason of the weight gain is. Those underweight people are happy when they get to the healthy weight but then want to lose some when it’s over the ideal weight. This is the vicious cycle of trying to achieve the perfect weight. Everyone wants to look Fit and Perfect. We are all trying hard to achieve that in one-way or another.
Perfect နဲ့ Fit ဆိုတဲ့စကားလုံးနဲ့အနီးဆုံးဖြစ်အောင်ကိုပဲ တတ်နိုင်သလောက်ကြိုးစားနေကြတာပေါ့။ ဆိုတော့ အဲဒီ Fit Trend မှာ ကျော့ကျော့မော့မော့လေး Fit ဖြစ်ချင်သူတွေအတွက် အထူးသဖြင့် ရန်ကုန်မြို့နဲ့အနီးဝန်းကျင်၊ မန္တလေးမြို့နဲ့အနီးဝန်းကျင်တွေမှာ ၀န်ဆောင်မှုပေးနေတဲ့သူတွေ၊ ပေးချင်နေတဲ့သူတွေလည်း အများအပြားရှိနေပါပြီ။ Muscle Fit, Slim Fit, Healthy Fit တွေအပြင် ဆီးချိုသမားတွေအတွက် သီးသန့်လုပ်ပေးတာတွေရှိသလို၊ ကလေးငယ်တွေအတွက်နဲ့ လူကြီးသူမတွေအတွက် သီးသန့်စီစဉ်ပေးထားတဲ့ အဟာရပြည့်ဝတဲ့ Meal Box ၀န်ဆောင်မှုတွေ တော်တော်များများ ရှိနေပြီလည်းဖြစ်ပါတယ်။
That is why if you are trying to get fit, there are meal plans that can support you in achieving your goal. There are meals for Muscle Fit, Slim Fit, Healthy Fit, those suffering from diabetes and also nutritious meals for kids and the elderly.
Gym သွားဖို့လည်း မအားတာရယ်၊ ပျင်းနေတာရယ်ဆိုရင် အစားအသောက်တွေနဲ့ပဲ ကိုယ်ဖြစ်ချင်တဲ့ Fit ကို ရောက်ချင်သူတွေအတွက် အဆင်ပြေတဲ့ Meal Box ၀န်ဆောင်မှုတစ်ခုခုနဲ့ ဆက်သွယ်တိုင်ပင်ပြီး ၀န်ဆောင်မှုရယူလို့ရနေပါပြီဆိုတာလေးနဲ့ ခေတ်စားလာနေတဲ့ Trendset လေးတစ်ခုအကြောင်းကို ဝေမျှလိုက်ရတာဖြစ်ပါတယ်။
If you are time constraint to go to gym or just not excited for it, you can get fit by focusing on your diet. With that, we share this trend with you in hope that you can get the suitable Meal box service.
words by a el ti
english translation by R.E.Saw